ရေလည်မော်ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်မီးရှို့ဖျက်ဆီး နေအိမ် ၁၂ လုံး ပြာကျ

MTO

(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရေလည်မော်ကျေးရွာ က ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့လို့ နေအိမ် ၁၂ လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။

ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ ကကျေးရွာကိုဝင်ရောက်စီးနင်းမီးရှို့ခဲ့တာဖြစ်တယ်လို့ wetlet information network က တာဝန်ရှိသူတဦးက ပြောပါတယ်။

တည်းဖြတ် ၊ တင်ဆက် — MTO