နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၂၈ ဒီဇင်ဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ


ပဲခူးတိုင်း၊ ကဝမြို့နယ်၊ သရက်ကုန်းကျေးရွာက အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီး ခေါင်းဆောင်ကို ကဝမြို့နယ် ပကဖ က ဖမ်းဆီးစဉ်သေဆုံးသွားကြောင်း ကဝမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်အတွင်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ မြို့နယ်ဆေးရုံကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သွားရောက်ပြီး တော့ မိုင်းထိလူနာကို ထောက်ပံ့ပေးအပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ခလရ (၂၆၉) မှ ဒုတပ်ကြပ် ၁ ဦး ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ လက်နက်၊ခဲယမ်းများနှင့် တကွ အလင်းဝင်ရောက် လာခဲ့ကြောင်း ပုလဲ ပအဖ က သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဒီဇင်ဘာ ၂၇ ရက် တွင် ပြုလုပ်ခဲ့ကြသည်။

ဖားစည်ဟိန်းသံနှင့် ဆယ်လမွန် ပူးပေါင်းစစ်ဆင်ရေး(နတ်သံကွင်း)ကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် နတ်သံကွင်းမြို့ကို ထိန်းချုပ်ထားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်း စစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲကွပ်ကဲရေးရုံးက သတင်းထုတ်ပြန်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊ထန်းတပင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ကြောင်း ထိုးနေပြီး အရပ်သားနှစ်ဦးအား PDFဟု စွပ်စွဲကာ ဖမ်းဆီးထားကြောင်း ဒေသခံများထံသိရသည်။

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ပင်းတလဲနယ်မြေရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Wundwin Township Revolution Force အဖွဲ့၏ တာဝန်ရှိသူတစ်ဦး က ပြောသည်။

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် မူးယစ်ဆေးဝါး ကိုယ်တိုင်သုံးစွဲပြီး ရောင်းချနေသည့် ငပြင်းအင်းကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ရွှေပြည်အေးမြို့ကို ဒီဇင်ဘာ ၂၅ရက်မှစကာ စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုး လာပြီး လေကြောင်းမှလည်း ပစ်ခတ် တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။

အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက်တွင် ကြွေးကြော်ချီ တက်ဆန္ဒပြကြသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ အခြေစိုက် အမှတ် ၁၀၁ ခြေမြန် တပ်မဌာနချုပ်မှ ထွက်လာသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ပခုက္ကူ မြို့နယ် ပကဖတပ်ခွဲ ၂ Young Force (UG) အဖွဲ့ထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က လာမည့်နှစ်သစ်တွင် မြန်မာပြည်သူလူထုတရပ်လုံး လိုလား တောင့်တနေသည့် ဆန္ဒပြဝစေရေးအတွက် ယခုထက်အားစိုက်ကြိုးပမ်းကြရန် အတွက် တိုက်တွန်းထုတ်ပြန်လိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူ မြို့နယ်မှာ တအာင်း TNLA ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က နမ္မတူ ဗျူဟာမှူးနှင့် စစ်ကြောင်းတချို့ ယမန်နေ့ ညပိုင်းက ဆုတ်ခွာသွား ပြီး နမ္မတူမြို့နယ်တွင် ပြန့်ကျဲနေသည့် အကြမ်းဖက် စစ်တပ်စစ်ကြောင်းတချို့လည်း တပြိုင် နက်တည်း ထွက်ပြေးဆုတ်ခွာရကြောင်း TNLA သတင်းရင်းမြစ်ထံမှ သိရသည်။

ရှမ်း‌ပြည်နယ်မြောက်ပိုင်း၊နမ္မတူမြို့ကို ယနေ့ နံနက် ၄ နာရီတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး ဟောင်ဝစ်ဆာနှင့် ဒရုန်းရန်ကာကွယ်ရေးစစ်သုံးပစ္စည်းများအပါအဝင် လက်နက်ခဲယမ်း အမြောက် အများ ရရှိထားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)မှ မြေပြင် သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ကိုးကန့်ဒေသမြို့တော် လောက်ကိုင်မြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ လက်နက်ချ လိုက်ကြပြီးနောက် လောက်ကိုင်တစ်မြို့လုံးနီးပါး ကိုးကန့်တပ် (MNDAA) နှင့် မဟာမိတ်တပ်များ ထိန်းချုပ်ထားနိုင်ကြောင်းသိရသည်။
‘၁၀၂၇ စစ်ဆင်ရေး’စတင်ချိန် အောက်တိုဘာ ၂၇ရက်မှ ယခု ဒီဇင်ဘာ ၂၃ ရက်အထိ စစ်ကောင်စီ၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများကြောင့် အထူးဒေသ(၁)ကိုးကန့်နယ်မြေအတွင်း ၌ အရပ်သား သေဆုံးမှုမှာ အနည်းဆုံး ၆၅ဦးရှိပြီး ၆၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယမန်နေ့ညပိုင်း၌ သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်စခန်း​က လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံကိုယ်ဝန်ဆောင်အမျိုးသမီး တဦး သေဆုံး၍ ကလေးငယ်တဦး ဒဏ်ရာရကာ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်း ရှောင်နေရ ကြောင်း KNU က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ထိုင်းဘုရင့်တပ်မတော်၊ ပူးပေါင်းစစ်ဆင်ရေးညွှန်ကြားရေးမှူး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည့် ဒီဇင်ဘာ ၂၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကာ မြဝတီမြို့အနီးရှိ အွန်လိုင်းလောင်းကစားမှုများနှင့် ငွေကြေး လိမ်လည်မှုများကို နှိမ်နှင်းရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းရှိ အချို့ဒေသများတွင် နယ်မြေဒေသလုံခြုံရေးအခြေအနေအရ ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း နည်းလမ်းပေါင်းစုံဖြင့် အိမ်ထောင်စုစာရင်း ကောက်ယူကြရန် လဝကဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုလိုက်သည်။
၂၀၂၄ ခုနှစ်တွင် လူစီးမော်တော်ယာဉ်များအနေဖြင့် ၂၀၂၃ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အထိ ၊ လုပ်ငန်းသုံး ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များအနေဖြင့် ၂၀၂၀ ခုနှစ် ကနေ ၂၀၂၄ ခုနှစ်အထိ၊ မီးသတ်ယာဉ်နှင့် လူနာတင်ယာဉ်များကတော့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အထိ မော်ဒယ်များကို တင်သွင်းခွင့်ပြုမည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း တိုးတက်ဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွား မြှင့်တင်မှု၊ ချမ်းသာကြွယ်ဝမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း စသည့်အခြေခံမူကြီး ၃ ချက်အပေါ်တွင်မူတည်ပြီး အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု မြန်မာ အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီး ဌာန (၁) ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်နိုင်ငံဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်၊ မဲခေါင် မြစ်ပေါ် တွင် ၁၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်နေမှု သွား ရောက် ကြည့်ရှုလေ့လာနေကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။

ဒီဇင်ဘာ၂၈ သုံးသပ်ချက်

စစ်အာဏာသိမ်းကတည်းက နယ်စပ်ဒေသများတွင် စစ်အုပ်စု၏ လက်အောက်ခံပြည်သူ့စစ် နှင့် နယ်ခြားစောင့်တပ်များမှ တဆင့် မြန်မာနိုင်ငံထဲရောက်ရှိလာသည့် တရုတ်ငွေလိမ်ဂိုဏ်း ကျားဖြန့် များသည် ပိုမိုအတင့်ရဲစွာလုပ်ကို ပြီး ပတ်ဝန်းကျင်နိုင်ငံများသာမက နိုင်ငံတကာ ဒုက္ခပေးလာ သည် ။ယင်းအခြေအနေတွင် တရုတ်က ၎င်းနယ်စပ်က ကျားဖြန့်များကို နှိမ့်နင်းရန် ဆောင်ရွက်လာပြီး စစ်ဆင်ရေး ၁၀၂၇ သည်လည်း တစိတ်တပိုင်းပါဝင်လာခြင်း ဖြစ်သည်။ ယခုလည်း ထိုင်းက ၎င်းနိုင်ငံ နယ်စပ်က ကျားဖြန့်များကို နှိမ်နင်းရန် စစ်ကောင်စီကို ပြောဆို လာရာ ရှမ်းဒေသများကဲ့သို့ ဖြစ်လာနိုင် မလားဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

စစ်ကိုင်းတိုင်း၏ ၈၀ ရာနှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီ အနေဖြင့် မည်သည့် ရုံးလုပ်ငန်းများ လုပ်ကိုင်၍မရသည်ကို အားလုံးအသိ ဖြစ်သော် လည်း စစ်ကိုင်း စစ်ကောင်စီ လဝက ဝန်ကြီးဆိုသူက နယ်မြေဒေသလုံခြုံရေး အခြေအနေအရ ဆောင်ရွက် နိုင်ခြင်း မရှိသော်လည်း နည်းလမ်းပေါင်းစုံဖြင့် အိမ်ထောင်စုစာရင်း ကောက်ယူကြရန် အမိန့်ပေးမှုကြောင့် ကိုယ်ချင်း စာတရားခေါင်းပါးလွန်းမှုကို တွေ့ရသော်လည်း စစ်အုပ်စုနှင့် စစ်အုပ်စုခန့်များ သည် ဒီပုတ်ထဲက သည်ပဲ များဖြစ်ခြင်းကြောင့် အံ့ဪဖွယ်ရာ တော့မရှိပေ။