နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၆ဇန်နဝါရီ၂၀၂၄ )

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သည့် ကျေးရွာက စစ်ဘေး ရှောင် ပြည်သူများဆီ ဇန်နဝါရီ ၂၁ ရက်၌ သွားရောက်ပြီးတော့ ဆေးဝါးကုသမှုနှင့် ထောက်ပံ့မှု ကူညီမှုများ ပြုလုပ်ပေးခဲ့ကြောင်း မော်လိုက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 
  • မြို့နယ်များက ရရှိနေသည့် အခွန်ဘဏ္ဍာများ ဖြစ်နိုင်သမျှ တိတိကျကျ မှန်မှန်ကန်ကန် ရရှိနိုင်ရန် လိုသလို ပြန်လည်သုံးစွဲမှု အပိုင်းမှာလည်း ကျစ်ကျစ်လစ်လစ်နှင့် ဦးစားပေးကဏ္ဍများကို သုံးစွဲ သွားရန် အင်မတန် အရေးကြီးသည့်အတွက် အသေအချာ အားစိုက်လုပ်ဆောင်ကြရန် ထပ်မံ ညွှန် ကြားချင်ပါ ကြောင်း၊ စစ်ရေးအရှိန်လည်း မြှင့်ကြရမည်ဖြစ်ပြီဂ အုပ်ချုပ်ရေးကဏ္ဍကိုလည်း ပိုမို စနစ်တကျ ဖြစ်အောင်လုပ်ကြရမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း ကပြောသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေးကို ဇန်နဝါရီ ၂၅ ရက်က  ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ 
  • ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ရန်ကုန်တိုင်းစစ်ဌာနတပ်ရင်း ၅၁၀၁ အား လက်နက် တပ်ဆင် ပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မကွေးတိုင်း ၊ ပခုက္ကူ-ရေစကြို ကားလမ်းဘေး နည်းပညာတက္ကသိုလ်ဝင်းရှိ ရဲတပ်သား နှစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Southern YSO အဖွဲ့ က သတင်းထုတ်ပြန်သည်။ 
  • မကွေးအကျဉ်းထောင်တွင် ထောင်ဒဏ် ၁၅ နှစ် ချခံရသည့် နိုင်ကျဉ်းအမျိုးသမီး ဂုဏ်ထူးတန်း ကျောင်းသူ မစုမေအောင်ဟာ အချိန်မီ လုံလောက်သောဆေးကုမှုမရ၍ ဇန်နဝါရီလ ၂၂ ရက်တွင်  ဆုံးပါးသွားကြောင်း သိရသည်။ 
  • မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျောက်ခွက်ရေနံမြေ Well-2 စခန်းအား ဒေသတွင်း PDFများက နှစ်ရက်ဆက်တိုက်ခိုက်နေကြောင်း သတင်းရရှိသည်။ 
  • ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်တွင် ဇန်နဝါ ရီလ ၂၅ ရက်နေ့ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ်ကော်မတီအဖွဲ့မှ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြသည်။ 
  • ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကျေးရွာများတွင် ဒေသခံ အမျိုးသားများသာမက အမျိုးသမီးများပါ ပြည်သူ့စစ်အဖွဲ့အတွင်းဝင်ရန် ခြိမ်းခြောက် စုဆောင်းခံနေရကြောင်း ဒေသခံများထံက သိရသည် 
  • ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဥ်အတွင်း တစ်နေရာတွင် တော်လှန်လူငယ်များ ဦးဆောင်၍ Owl Community တည်ထောင်ခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့်ယ​နေ့ (ဇန်နဝါရီ ၂၆ )တွင် “တချို့တွေနေနိုင်လွန်းတယ်” စာတန်းချိတ်ဆွဲဆန္ဒထုတ်​ဖော်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်ရှိ ညောင်ဖြူပင် ရဲစခန်းကို PDFအဖွဲ့ပေါင်း ၂၀နီးပါးက သွားရောက်တိုက် ခိုက်ခဲ့ရာ တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မုံရွာခရိုင်ပြည်သူ့ ကာကွယ်‌‌ရေး တပ်မတော်တပ်ရင်း (၄)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့ “နောက် ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်စစ်ကြောင်း” က စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေး လူထုသပိတ် ဆင်နွှဲကြကြောင်း၊ စစ်ကောင်စီ တပ်များ ၏ စစ်ကြောင်းထိုးနေမှုကြောင့် နယ်မြေမငြိမ်မသက် ဖြစ်နေသည့် ကြားမှ ချီတက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။ 
  • ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို စစ်တပ်က ဒရုန်းများဖြင့် ဗုံးများကျဲချမှု ကြောင့် လွိုင်ကော် နှစ်ထပ်စျေး တစ်ခုလုံး ရစရာမရှိသည်အထိ မီးလောင်ပြာ ကျသွားကြောင်း KNDF သတင်းရင်းမြစ် နှင့် ဒေသပြည်သူတချို့ကိကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • စစ်ရေးအရရော အဖက်ဖက်က ရှုံးနိမ့်နေသည့် အကြမ်းဖက် စစ်တပ်က ရက္ခိုင်ပြည်၊ပေါက်တော နှင့် ရမ်းဗြဲကို မြို့လုံးကျွတ် လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးတိုက်ခိုက်နေကြောင်း မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ဖွဲ့က အသိပေးထုတ်ပြန်လိုက်သည်။ 
  • ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်၏ လက်နက် ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိရာ ယခုရက်ပိုင်းအတွင်း မုန်း(မူး)နှင့် ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ ပြည်သူအချို့ လက်နက်ကြီး ကြောင့် ထပ်မံသေဆုံးခဲ့သည်ဟု KNUက သတင်းထုတ်ပြန်သည်။ 
  • မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ရှိ တအာင်းတပ်မတော် (TNLA) စခန်းရှိရာပိန်းပြစ်ကျေးရွာသို့ စစ်ကောင်စီက စစ်ကြောင်းထိုးလာ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA ကသတင်းထုတ် ပြန်သည်။ 
  • ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ နှင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၄ရွာကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား ပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးခဲ့ဟုပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့မနက်တွင် သတင်းထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • ကချင်ပြည်နယ် မံစီမြို့နယ်၊ မန်ဝိန်းကြီးမှ ​ခြေမြန်တပ်ရင်း-ခမရ ၄၂၄ စခန်းသိမ်းတိုက်ပွဲတွင် နှစ်နိုင်ငံနယ်စပ်ခြံစည်းရိုးကိုဖြတ်၍ ​​ရွှေလီမြစ်ကိုရေကူးပြီး တရုတ်နိုင်ငံဘက်သို့ထွက်ပြေးသွား သောစစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ကို တရုတ်အစိုးရက စစ်ကောင်စီထံပြန်လည်လွှဲပြောင်း ပေးလိုက်သည်။ 
  • နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးနေမှု အခြေအနေကို နယ်စပ်ရေးရာဝန်ကြီးနှင့် တရုတ်သံအမတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ထားသည်။  
  • နယ်စပ်ဒေသတည်ငြိမ်ရေး မြန်မာရှိ တရုတ်သံအမတ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော် တွင်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန် ထားသည်။ 
  • တစ်နိုင်ငံလုံးမှ ဘုရား ဂေါပကအဖွဲ့ဝင်များကို နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်ကို လာရောက်ဖူးမြှော်မှုများရှိနေကြောင်း စစ်ကောင်စီ သတင်းစာများတွင် ဖော်ပြထားသည်။  
  • ရှမ်းပြည်နယ် နမ့်စန်မြို့ပတ်ဝန်းကျင်တွင် တရားမဝင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းပေးပို့မှုများအရ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ကရှောင်တခင်စစ်ဆေး ရှာဖွေ ဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှ တရားမဝင် ဝင်ရောက် နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီးရ မိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ 

ဇန်နဝါရီ ၂၆ သုံးသပ်ချက် 

  • စစ်ကောင်စီကတော့‌ မြေပြင်တွင် စစ်ရှုံးကာ နယ်မြေများလက်လွှတ်လိုက်ရချိန်တွင် ဖက်ဆက်အမူ အကျင့်အတိုင်းပင် မြို့ရွာများကို မီးရှို့ဖျက်ဆီးကာ မစားရသည့် အမဲသဲနှင့်ပတ်ဆိုသလို လုပ်ဆောင်နေ သည်ကိုလည်း တွေ့ရသည်။