နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂ဖေဖော်ဝါရီ၂၀၂၄) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မြန်မာစစ်အာဏာရှင် ပျက်သုန်းရေး ၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဂျပန်လွှတ်တော်တွင် ကြားနာပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး NUG ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 
  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန်အတွင်း အကြမ်းဖက် စစ်တပ်နှင့်  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း  ကျားဖြူစစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။ 
  • လက်ရှိ နိုင်ငံရေးအင်အားစုများ ၊ တော်လှန်ရေးအင်အားစုများ ၊ တိုင်းရင်း သားအင်အားစုများနှင့် ပူးပေါင်း ဆောင်ရွက်နေပြီး ဘုံရည်မှန်းချက်တူညီချက်သည့် အခြားသော အင်းအားစု များနှင့် လည်း ဆွေးနွေးညှိနှိုင်း ကာ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှ တ် တော် ဆဋ္ဌမအကြိမ်အစည်းအဝေး ပထမနေ့အပြီးမှာ ကြေညာချက်တွင် ဖော်ပြထားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ပြည့် ဆန္ဒပြပွဲကို ယူကေရောက် မြန်မာတိုင်းရင်းသားများ ၅၀၀ ခန့်တက်ရောက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ 
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးပြန်လာသည့် စစ်ကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးကပြောသည်။ 
  • နိုင်ငံတဝှမ်းတွင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြင်းထန်လာချိန် အတွင်း ရွေး ကောက်ပွဲများကို ဦးတည်ရန် ထုတ်ဖော်ပြောဆိုထားသည့် စစ်ကောင်စီ၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပြီးစိုးရိမ်ကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ထပ်မံပြောကြားလိုက်သည်။ 
  • မြန်မာနိုင်ငံအရေးနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ရန် အမေရိကန်အောက်လွှတ်တော်အမတ်များ ပါဝင်ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အောက် လွှတ်တော် အမတ်များအဖွဲ့ကို ပထမဆုံးအကြိမ် ဖွဲ့စည်းမည့်အကြောင်း ရိုက်တာသတင်းက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြထားသည်။ 
  • တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင် ၊ ခမောက်ကြီးမြို့၊ ဆိပ်ဖူးနှင့် မာရမ်းကျေးရွာ အကြားတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် သတင်းရဲတပ်ဖွဲ့ဝင် တပ်ကြပ်နှင့် ၎င်း၏ဖခင် ဖြစ်သူ ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ 
  • စစ်ကောင်စီအာဏာသိမ်းမှု (၃)နှစ်ပြည့်သည့် ယမန်နေ့ ဖေဖော်ဝါရီ ၁ ရက်တွင် အရာတော်မြို့နယ် အခြေစိုက် Danger Force LPDF အဖွဲ့ရဲဘော်များနှင့် ဇေယျာတိုင်း ၅ / သပိတ်စစ်ကြောင်းတို့သည် မုံရွာ – အရာတော် လမ်းမပေါ်ရှိ အရာတော်မြို့အဝင် သနပ်ခါးမြို့တော် အရာတော်ဆိုင်းဘုတ်ရှေ့၌ ဆန္ဒပြခဲ့သည်။ 
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဆင်မရဲကျေးရွာပျူစခန်းအား သွားရောက်စီးနင်းတိုက်ခိုက်ရာ စစ်အုပ်စုအထိအခိုက်များပြီး စခန်းမီးရှို့ဖျက်ဆီးခံရကြောင်း​တော်လှန်​ရေးတပ်ဖွဲ့ဝင်များက​ပြောသည်။ 
  • မကွေးတိုင်း၊ ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ် ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။ 
  • အာဏာသိမ်းကာလ (၃)နှစ်ပြည့်နေ့တွင် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး စခန်းများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့သည်။ 
  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မီးလောင်းချောင်းရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်း တပ်စခန်း ကို​​တော်လှန်​ရေးအဖွဲ့များ ကစီးနင်းတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုရှိပြီး အဆိုပါ စခန်းအား မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်တပ်က အာဏာမသိမ်းမီ အကူအညီလိုသူ တစ်သန်းကျော်ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆပေါင်းများစွာတိုးလာကာ လူသုံးသန်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးနေရသည်ဟု UN-OCHA က ထုတ်ပြန်သည်။ 
  • အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန်တွင် စစ်ကောင်စီက ကိုယ့်ကိုယ်ကိုယ် ၆ လ သက်တမ်း ထပ်တိုး လိုက်သလို အနောက်နိုင်ငံများကလည်း ပိတ်ဆို့မှုများ ထပ်တိုးချမှတ်ကာ ဒဏ်ခတ် အရေးယူ လိုက်သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို AA က ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများကို AA က တရားဝင် ထုတ်ပြန်လိုက်သည်။ 
  • ချင်းပြည်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ချင်းပြည်အစိုးရအဖွဲ့ကို စတင်ဖွဲ့စည်းလိုက်ပြီး အစိုး ရအဖွဲ့တွင် ခန့်အပ်ခံရသူများ ကျမ်းသစ္စာဆိုပွဲ ပြုလုပ်ခဲ့ကြောင်း ချင်းလဲန်းကောင်စီ (Chinland Council)က ဖေဖော်ဝါရီလ ၁ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ 
  • ကချင်ပြည်နယ်၊မံစီမြို့နယ်မှ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ(၂၅၀)၏ ရှေ့တန်းစခန်းဖြစ်သော ဒေသအခေါ် ဘလောင်ဒိန်ဆာတပ်စခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂ရက် နံနက် အစောပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်များ ထံမှ ကနဦးသတင်းရရှိသည်။ 
  • မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စု နိုင်ငံတော်သစ် တည်ဆောက်ရေး အတူတကွ တိုက်ပွဲဝင်ကြရန် NUCC ခေါင်းဆောင် တစ်ဦး လည်းဖြစ်၊ KNU ဗဟိုတွဲဘက်အတွင်း ရေးမှူး ၂လည်းဖြစ်သူ ပဒိုစောလှထွန်းက တိုက်တွန်း ပြောဆိုသည်။ 
  • ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျောင်းသား နှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက အသိပေး ထုတ်ပြန်သည်။ 

စစ်ကောင်စီ 

  • စစ်တွေမြို့တွင် ည ၉နာရီကနေ မနက် ၄နာရီအထိ ညမထွက်ရအမိန့်ကို စစ်ကောင်စီ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန် လိုက်သည်။ 
  • မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရန် နေပြည်တော်ကိုရောက်နေသည့် အနုပညာရှင် ဆိုသူများသည် စစ်ကောင်စီတည်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သွားရောက်ဖူးမြော် ခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။ 
  • ထိုင်းနိုင်ငံကိုအလုပ်သမား စေလွှတ်သည့် လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ပိုမိုမြန်ဆန်စေရေးအတွက် အလုပ်ခေါ်စာများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ပြီး online မှတစ်ဆင့် လက်ခံဆောင်ရွက် ပေးလျက်ရှိပြီး ယနေ့အချိန်အထိ စောင်ရေ ၁၁၂၆ စောင်၊ အလုပ်သမား ၃၆၄၂၂ ဦးကို ပြည်ပအလုပ် အကိုင်ရရှိရေး ဆောင်ရွက်ပေးခဲ့ကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
  • ရွေးကောက်ပွဲရလဒ်အပေါ် အရေးယူဆောင်ရွက်မှုအပေါ် ကျေနပ်မှုမရှိသူများက သာမန်ဆန္ဒပြမှုများမှ တစ်ဆင့် ဆူပူဆန္ဒပြမှုများ၊အကြမ်းဖက်တိုက်ခိုက်မှုများ၊ မိုင်းခွဲတိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သဖြင့် သာမန်အခြေအနေ ပျက်ယွင်းသွားကြောင်း၊ ထိုသို့ အကြမ်းဖက်တိုက်ခိုက်သည့် နည်းများဖြင့် ဆောင်ရွက် ခြင်းမပြုဘဲ နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်ခဲ့မည်ဆိုပါက အရေးပေါ်ကာလပြဋ္ဌာန်းမှုမှာ ယခုကဲ့သို့ ကြာမြင့်ခဲ့မည်မဟုတ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။ 
  • MNDAA အဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့တွင် လောက်ကိုင် ဒေသကို အင်အား အလုံးအရင်းဖြင့် Drone များအသုံးပြု၍ Drop Bomb များဖြင့် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုသို့ MNDAA အဖွဲ့၏ တိုက်ခိုက်မှုများ လုပ်ဆောင်နေမှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်များ ပင်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောသည်။ 
  •  

ဖေဖော်ဝါရီ ၂ သုံးသပ်ချက် 

  • အာဏာလုမင်းအောင်လှိုင်သည် မဲစာရင်းမှားသည်ဟု အကြောင်းပြအာဏာသိမ်းခဲ့ပြီးနောက် ယင်း အာဏာသိမ်းမှုကို  ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်၍ အကြမ်း ဖက်စစ်တပ်ကို လူငယ်များမှ လက်နက်ကိုင်တော်လှန်ခဲ့ခြင်းဖြစ်သော်လည်း သူခိုးက လူပြန်ဟစ်ဆိုသလို လူငယ်များမှ ပြန်တော်လှန်၍ သာမန်အခြေအနေ ပျက်ယွင်းသည်ဟု အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောင်းပြန်ပြောဆိုနေသည်။ 
  • အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ၎င်း၏ စစ်တပ်မှ အရပ်သားပစ်မှတ်များ ကလေး သူငယ်များရှိနေသည့် ကျောင်း ဆေးရုံများကို လေကြောင်းမှ ဗုံးကျဲကာ လူသတ်မှုကျူးလွန် နေစဉ်က အသံမထွက်သော်လည်း MNDAA က အကြမ်းဖက်စစ်တပ်စခန်းများ စစ်ရေးပစ်မှတ်များကို ဒရုန်းဖြင့် ကျဲတော့မှ ယင်းတိုက်ခိုက်မှုသည် သာမန်အခြေအနေကို ထိခိုက်စေသည့် လုပ်ရပ်ဟု စစ်ရှုံးမင်းအောင်လှိုင်က‌ ပြောပြန်သည်။