အာရှဖလားပြိုင်ပွဲမှာ အီရတ်နည်းပြနဲ့ ထိပ်တိုက်တွေ့မှုကြောင့် သတင်းထောက်တွေကို ပိတ်ပင်တားမြစ်

အာရှဖလား ရှုံးထွက်(၁၆)သင်းအဆင့်မှာ အီရတ်အသင်း ရှုံးနိမ့်ပြီးနောက် နည်းပြ ဂျီးဆပ် ကာဆက်စ်နဲ့ ထိပ်တိုက်တွေ့ခဲ့ရာမှာ “ရန်လိုတဲ့” သတင်းထောက်တွေကို အာရှဘောလုံးအဖွဲ့ချုပ်က အင်္ဂါနေ့မှာ တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ကာဆက်စ်ရဲ့ အီရတ်အသင်းဟာ တနင်္လာနေ့က ကာတာမှာ တဆင့်နိမ့် ဂျော်ဒန်ကို ၃-၂ ဂိုးဖြင့် အံ့အားသင့်ဖွယ် ရှုံးနိမ့်ရာမှာ ပွဲပြီးခါနီး နှစ်ဂိုးပေးခဲ့ရတာပါ။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အီရတ်သတင်းထောက်တချို့က စပိန်လူမျိုးနည်းပြကို လက်ညှိုးထိုး အော်ဟစ်ခဲ့ကြပြီး လုံခြုံရေးတွေကို မခေါ်ခင် သူ့ကို အခန်းရှေ့မှာ ချဉ်းကပ်ခဲ့ကြပါတယ်။

“ရမ်းကားပြီး ရန်လိုတဲ့ အပြုအမူ မှန်သမျှကို AFC က အပြင်းအထန် ရှုတ်ချပြီး ဒီလိုမျိုးလုပ်ရပ်တွေကို လုံးဝသည်းမခံတဲ့ ရပ်တည်ချက် ရှိပါတယ်”လို့ ဒေသတွင်း ဘောလုံးအုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

AFC ဟာ “ကာတာက အာရှဖလားသာမက အနာဂတ် AFC ပြိုင်ပွဲတွေမှာပါ သတင်းရယူရာမှာ တာဝန်ခံထိုက်တဲ့ ပုဂ္ဂိုလ်တချို့ကို တားမြစ်ဖို့ အလျင်အမြန် ဆုံးဖြတ်ချက်ချပြီးဖြစ်ပါတယ်”လို့ ၎င်းက ထုတ်ပြန်ချက်မှာ ဆက်ပြောပါတယ်။

အီရန်-သြစတြေးလျ ဒိုင်လူကြီး အလီရီဇာ ဖာဂါနီက အေမာမ်ဟူစိန်ကို အလွန်အကျွံ ဂိုးသွင်းအောင်ပွဲခံမှုအတွက်ကြောင့် ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီ့အတွက် သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့လည်း ဝေဖန်မှုတွေရှိခဲ့ပါတယ်။

တိုက်စစ်ကစားသမား ဟူစိန်ဟာ ပွဲချိန် ၇၆ မိနစ်မှာ သူ့ရဲ့သွင်းဂိုးနဲ့အတူ အီရတ်အတွက် အနိုင်ရရှိနေပြီလို့ ထင်ပုံရပြီး မြေပေါ်ထိုင်ချကာ စားသောက်နေတဲ့ပုံစံလုပ်ခဲ့တာပါ။ ဂျော်ဒန်ကစားသမားတွေကလည်း ဂိုးသွင်းအပြီး ဒီပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။

တဝါပြခံရပြီးသား ဟူစိန်ကို ဒီလုပ်ရပ်အတွက် နှစ်ဝါ တနီနဲ့ ထုတ်ပယ်ခဲ့ပြီး ဂျော်ဒန်က ကွာတားဖိုင်နယ်ကို တက်လှမ်းဖို့ နှစ်ဂိုးထပ်သွင်းခဲ့ပါတယ်။

ဒေါသထွက်နေတဲ့ အီရတ်ပရိသတ်တွေဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဒိုင် ဖာဂါနီအပေါ် ဝုန်းခဲ့ကြပါတယ်။

AFC က သူ့ကို နာမည်မတတ်ပေမယ့် “ကျနော်တို့တွေရဲ့ ဒိုင်လူကြီးတွေ၊ ကစားသမားတွေ၊ တာဝန်ရှိသူတွေနဲ့ သက်ဆိုင်သူအားလုံးကို ပစ်မှတ်ထားတဲ့ မည်သည့်ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအချက်အလက်တွေကိုမဆို ထုတ်ဖော်ခြင်းကို ကျနော်တို့တွေ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်”လို့ အထက်ပါထုတ်ပြန်ချက်မှာ ပြောပါတယ်။