ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်

ပုံအညွှန်း - စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကိုတွေ့ရစဉ်

ပုံအညွှန်း – စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကိုတွေ့ရစဉ်

MTO

(မဇ္ဈိမ) ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက နှစ်ရက်ဆက်တိုက် ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ငါးဦး အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့က ဇန်နဝါရီလ ၃၀ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ် စစ်ကြောင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နန်းဦးနှင့် ရေယှားကျေးရွာ အကြားတွင် တကြိမ် နှင့် ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် သောင်အရှေ့ရွာနှင့် နွယ်နီကျေးရွာ အကြားတွင် တကြိမ် တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို (ပကဖ) မှ တာဝန်ရှိသူတဦးက ပြော သည်။

“နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ရဲဘော်တွေရဲ့ အမြင်အရ ငါးယောက် အပြင်းအထန်းဒဏ်ရာ ရတယ်၊ ဒဏ်ရာရတဲ့ကောင်တွေကို ချက်ခြင်းပဲ စက်လှေပေါ်တင်ပြီး မြင်းခြံမြို့နယ် ဆိတ်ညံဆိပ် ကမ်း ဘက်ကိုကူးသွားတယ်” ဟု ရေစကြို ပကဖ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် မြင်းခြံဘက်သို့ ဆက်လက်ထွက် ခွာသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ အဲဒီစစ်ကြောင်းက မြင်းခြံဘက်ကို ကူးမှာကို ရေလယ်ကျွန်းကို ပတ်ဝင်သွားတဲ့သဘောမျိုးပဲ၊ ရေလယ်ကျွန်းဒေသက မင်းရွာ(ပျူရွာ) ကို ဝင်တာလည်းမရှိဘူး၊ ကျေးရွာတွေကို မီးရှို့တာမျိုးလည်းမရှိ ဘူး “ ဟု ရေစကြို (ပကဖ) တာဝန်ရှိသူက ပြောသည်။

ယခုတိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့်အတူ နွေဦးစစ်သည် ရေလယ် ကျွန်းဒေသ စစ်ကြောင်းတို့ မှ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စာတည်း။ ။ နောင်နောင်