နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၇ ဧပြီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

နွေဦးဖွံဖြိုးရေးဘဏ်၏ အမြတ်ငွေအားလုံးကို ရှယ်ယာ(တိုကင်) ပိုင်ဆိုင်ထားသူများကို ဧပြီလကုန်တွင်အမြတ်ငွေများ ခွဲပေးမည်ဟု အဆိုပါဘဏ်က ဧပြီ ၅ ရက် ရက်စွဲဖြင့် ထုတ် ပြန်သည်။

ကုလသမဂ္ဂ၏ လုံခြုံရေးဆိုင်ရာ အကြီးအကဲသည် နေပြည်တော်တွင် မြန်မာ အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံသည်ကို ကြည့်ပါက “စစ်တပ် အနေဖြင့် လုံခြုံရေး အာမခံချက်မပေး နိုင်ကြောင်း ကုလသမဂ္ဂက သုံးသပ်လာသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မွန်ပြည်သူများလိုလားသည့် ညီညွတ်ရေးအတွက် မွန်နိုင်ငံရေး နှင့် မွန်တော်လှန်ရေးအင်အားစုများ အကြား ၊ စစ်ရေး ၊ နိုင်ငံရေး ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပူးတွဲကြေညာချက်တစောင် ထုတ် ပြန်သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာနေရာများအား တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က ယနေ့ အသိပေးထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အင်းရွာသစ်ရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၅ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားပြီး ကာကွယ်ရေးတပ်ဖွဲ့ ဝင်တဦးသေဆုံးကာ တဦးဒဏ်ရာဖြင့်ဖမ်းဆီးခံရသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ် အတွင်းရှိ ဒေသခံများ စုပေါင်း၍ စစ်ကောင်စီတပ်၏ အဓမ္မ စစ်သားစု ဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှုကို ယမန်နေ့ ဧပြီ ၆ ရက် ညနေပိုင်း တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သပိတ်စီစဉ်သူများထံက သိရသည်။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်၊ သာကြီးတောင်ရေနံမြေရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်လာပြီး မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)၌ တာဝန်ထမ်းဆောင်သွားမည်ဟု သတင်းရရှိသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ မီးလောင်မှုတွင် ပိတ်မိနေသည့် အဖိုးအဖွားနှစ်ဦးကို ကယ်ထုတ်ခဲ့ကြောင်း Yaw Revolution Army -ထီးလင်းအဖွဲ့က ဧပြီလ ၆ရက်တွင် သတင်းထုတ်ပြန်သည်။

ချင်းပြည်နယ်တွင်း စစ်ကောင်စီကို တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ရှေ့တန်း တွင် ဒဏ်ရာရပါက အသုံးပြုရသည့် အရေးပေါ်သုံး ဆေးဝါးများ လိုအပ်နေသည်ဟု Network for Unity Association Mizoram (NUA) တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ကားဝင်းဂိတ် (၄) အနီးတွင် ယမန်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်၌ စစ်ကောင်စီ လုံခြုံရေးစစ်ဆေးနေသည့်ကြားမှ ဗုံးနှစ်လုံးဆင့်ပေါက်ခဲ့ ကြောင်း သိရသည်။

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ထောက်လှမ်းရေးရုံးချုပ်ကို ယမန်နေ့(ဧပြီ ၆) ညပိုင်းက ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်း မြိုပြအထူးတပ်ဖွဲ့(USF)က အသိပေးထုတ်ပြန်သည်။

ပြီးခဲ့သည့်မတ်လအတွင်း နိုင်ငံတဝန်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများအရှိန်မြင့်တက်ခဲ့ပြီး နေရပ်စွန့်ခွာရသူဦးရေ ၂ ဒသမ ၈ သန်းကျော်ရှိလာကြောင်း UNOCHA မှ ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် စစ်အုပ်စုအား လေယာဉ်ဆီတင်ပို့မှု ဖြတ်တောက်ရေး “Ban Jet Fuels Exports To Myanmar Fascist Dictator” Banner ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ် ဆင်နွှဲခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့က စားသောက်ကုန် ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားသော ကံအိုကျေးရွာနှင့် မန်ကျည်းကုန်း ကျေးရွာများမှ မီးဘေးသင့် ပြည်သူများကို မုံရွာမြေ စစ်ဘေးရှောင် ကူညီရေးအဖွဲ့က ဆန်နှင့် ဆပ်ပြာများ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ် မြောက်ခြမ်း ကျေးရွာများ သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ”တော်လှန်ရေးသွေးမအေး တောင်ပုသွေး ” သပိတ်စ စ်ကြောင်း သည် ကျောင်းသားပြည်သူလူထုနှင့်အတူ အကြမ်းဖက်စစ်အုပ်စု၏ မတရားသည့် စစ်မှုထမ်းဥပဒေကို အလိုမရှိကြောင်းကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ၊ ကော့ပရံ လေဆိပ် စီမံကိန်းကိုလာသည့် အကြမ်းဖက် စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့ဝင်များကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း (၆) ထံမှ သိရသည်။

ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်၏ အရာရှိအဆင့် ၊ တပ်သား ၊ ရဲမေ နှင့် မိသားစုဝင် စုစုပေါင်း ၆၁၇ ဦး လက်နက်ချအလင်းဝင်ပြီး လက်နက်ခဲယမ်းတွေ အမြောက်အများ သိမ်းဆည်းရ မိခဲ့ ကြောင်း KNU ဗဟိုထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်အထိုင်ချရာ မုပ္ပလင်စစ်ဆေးရေးဂိတ်၊ ရွှေစေတီငွေစေတီကုန်း၊ လက်ပံပင်သင်္ချိုင်း၊ အင်္ဂဘိုတာဝါတိုင် နေရာများကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) သတင်းနှင့်ပြန်ကြား ရေးတာဝန်ခံထံမှ သိရ သည်။

ကရင်ပြည်နယ် မြ၀တီမြို့အနီးကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၂၇၅)တပ်ရင်း လက်နက်ချ အလံဖြူထောင်ရန်အတွက် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများမှာ PDF စစ်ကြောင်းများ၏ တိုက်ခိုက်မှု ကြောင့် ဆုတ်ခွာပေးရပြီး မြို့တွင်းရှိ အမှတ်(၉၇)ခြေလျင် တပ်ရင်းဌာနချုပ်နေရာ၌သာ အားလုံးစု ဝေးနေကြသည်။

စစ်ကောင်စီ

မြောက်ဥက္ကလာပဆေးရုံကြီးတွင် Operation Theatre Complex လေးထပ်ဆောင် အသစ်တည် ဆောက်နေကြောင်း စစ်ကောင်စစ်ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ယခုနှစ်တွင်လည်း အင်းလေးရေပေါ်သင်္ကြန်ကို အင်းလေးရေလယ်ဧည့်ခန်းမ တွင်ဧပြီ (၁၃)ရက်မှ ဧပြီလ (၁၆)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်း ပပြုလုပ်သွားမည်ဖြစ်ကြောင်း စစ် ကောင် စစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော် အန္တိမ ဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားအား ဧပြီလ ၆ ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ ၌ ကျင်းပခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကုလသမဂ္ဂ၏ လက်ထောက်အတွင်းရေးမှူးချုပ်တဦးဖြစ်သည့် ကုလသမဂ္ဂဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဌာန၏ အကြီးအကဲ Mr. Gilles Michaud သည် ဧပြီလ ၄ ရက်နေ့တုန်းက စစ်ကောင်စီ ပြည်ထဲရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီ သတင်းစာတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံနှင့် စစ်ကောင်စီတို့၏ ညှိနှိုင်းမှုအရ ရန်ကုန်-မဲဆောက်သို့ MNA လေယာဉ်များ ၃ ရက်တိတိ အရေးပေါ် အထူးကိစ္စအတွက် ပျံသန်းမည်ဖြစ်ပြီး အကြမ်းဖျဉ်း ဧပြီ ၈ ရက်နေ့မှ ဧပြီ ၁၀ ရက်နေ့ အထိ သတ် မှတ်ထားကြောင်း ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။

ဧပြီ ၇ သုံးသပ်ချက်

စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရသည် ကို ကြည့်ပါက တော်လှန်ရေးအင်အားစုများ၏ ဒရုန်းများသည် စစ်ဆင်ရေးအားသား ချက်ဖြစ် လာ ပြီး နောက်ပိုင်းတွင် စစ်ကောင်စီ အဖွဲ့ဝင် အရာကြီးများ၏ လမ်းကြောင်းများကို ခပ်စိတ်စိတ် တိုက်ခိုက်လာ ဖွယ်ရှိနေသည်။

စစ်ကောင်စီတပ်များသည် တကယ်တမ်း တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ရာတွင် ရာနှင့်ချီ လက်နက်ချခြင်းများကို စခန်းတိုင်းလိုလိုတွင် ဖြစ်လာနေ၍ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုလဲနေပြီးဟု ယူဆရမည်ဖြစ်သည်။