အသံတိတ်သပိတ် ဆင်နွှဲခြ့သည့် ဒေါပုံမြို့နယ်မှ မြင်ကွင်းများ

ဓာတ်ပုံ- CJ(ပေးပို့)

မဇ္ဈိမ။ ။စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်မြောက်သည့် ဖေဖော်ဝါရီလ ၁ ရက် ယနေ့တွင် မြန်မာနိုင်ငံအနှံ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် အသံတိတ်သပိတ်(Silent Strike)နှင့် အဖြူရောင်လှုပ်ရှားမှု(White Camping) တို့ပြုလုပ်ခဲ့ကြသည်။

အသံတိတ်သပိတ်(Silent Strike)အဖြစ် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ ဆန္ဒပြခဲ့ ကြခြင်းဖြစ်ပြီး ပြည်သူများမှ ဆန့်အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသည်ကို တွေ့ရသည်။ ရန်ကုန်တိုင်း ‌ဒေါပုံမြို့နယ်တွင်လည်း အသံတိတ်သပိတ်တွင်ပါဝင်ခဲ့ကြပြီး လမ်းမကြီးများ၌ လူသူအသွားအလာနည်းပါးခဲ့သည်။