သက်တမ်းအကြိမ်ကြိမ်တိုးနေပေမယ့် စိုးမိုးနယ်မြေတွေ ဆုံးရှုံးနေတဲ့ စစ်ကောင်စီ

မိုးသောက်

မဲဆောက်(မဇ္ဈိမ) ။ ။စစ်ကောင်စီဟာ တိုင်းပြည်ကိုအရေးပေါ်အခြေအနေကြေညာပြီး အကြိမ်ကြိမ်သက်တမ်းတိုးခဲ့တာ အခုဆိုရင် သုံးနှစ်ပြည့်လာပါပြီ။ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေကိုကာကွယ်မယ်ဆိုတဲ့ စစ်ကောင်စီဟာ အခုချိန်မှာတော့ သူတို့ရဲ့ စိုးမိုးနယ်မြေတွေ၊ စစ်စခန်းကုန်းတွေ လက်လွှတ်ဆုံးရှုံးနေရပါတယ်။

နိုင်ငံသာမန်အ​နေအထား​ရောက်​အောင် ​ဆောင်ရွက်ရန်လို​ကြောင်းအ​​ကြောင်းပြချက်နဲ့ အ​ရေး​ပေါ်ကာလ ခြောက်လသက်တမ်းကို မနေ့ကတင် စစ်ကောင်စီကထပ်တိုးခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာပဲ ရက္ခိုင့်တပ်တော်(AA)က မြောက်ဦးမြို့အခြေစိုက် ခမရ(၅၄၀)ကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပါသေးတယ်။
တင်ဆက်/တည်းဖြတ် – မိုးသောက်