လိင်ဖြေဖျော်ရေးတပ်ဖွဲ့အတွက် အမျိုးသမီးအတွင်းခံများ ဝယ်ယူရာတွင် ငွေပုံအောဖြုန်းပစ်ခဲ့သည့် ကင်မ်ဂျုံအွန်း

(ပုံစာ- မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း)

Toronto Sun

မြောက်ကိုရီးယား၏ အာဏာရှင်ခေါင်းဆောင် ကင်မ်ဂျုံအွန်းသည် “အပျော်အပါး ဖြေဖျော်မှုတပ်ဖွဲ့” ဟု သိကြသည့် သူ၏ ဖျော်ဖြေရေးမောင်းမအဖွဲ့အတွက် ဇာ အမျိုးသမီးအတွင်းခံများ ဝယ်ယူရာတွင် ယမန်နှစ်က ဒေါ်လာ ၄ ဒသမ ၅ သန်းအထိ ပုံအောသုံးစွဲ ဖြုန်းတီးပစ်ခဲ့သည်ဟု သိရသည်။

ကင်မ်ဂျုံအွန်း၏ ဖျော်ဖြေရေးမောင်းမများတွင် အသက် ၁၃ နှစ်အထိ ငယ်ရွယ်သူများ ပါဝင်ပြီး ၎င်းတို့ကို အာဏာရှင် ကင်မ်နှင့် သူ၏ တပည့်များအား ဖျော်ဖြေရန် အပျိုစင်များအဖြစ် တော်ကောက်ခြင်း ဖြစ်သည်ဟု The UK Sun အရ သိရသည်။

အဆိုပါ လိင်ကျွန် မိန်းကလေးများကို ၎င်းတို့ အပျိုစင်များဖြစ်ကြောင်း သေချာစေရန် ဆေးစစ်မှုများ ပြုလုပ်သည်။ ယင်းနောက် ၎င်းတို့ကို ကျွန်၊ ခိုင်းဖတ် ဘဝဖြင့် ထိန်းသိမ်းထားသည်။

ငွေကြေး ပုံအောဖြုန်းတီးထားသည့် ဝယ်ယူမှုများတွင် တရုတ်နိုင်ငံမှ တင်သွင်းသော ဘောင်းဘီသိုင်းကြိုးများနှင့် ကိုယ်လုံးလှ အတွင်းခံဘောင်းဘီများ ပါဝင်သည်။ ငွေ ဖြုန်းတီးသုံးစွဲမှု ပမာဏသည် ၂၀၁၅ ခုနှစ်က ကင်မ် ဝယ်ယူခဲ့သည်ထက် နှစ်ဆပိုများသည်။

ကင်မ်ဂျုံအွန်းသည် အထိန်းအကွပ်မဲ့သော လိင်ပါတီပွဲများ ပေးပြီး ထိုပါတီပွဲများတွင် အရက်ကို လွတ်လွတ်လပ်လပ်ဖြင့် လှိုင်လှိုင်ရရှိကြောင်း မြောက်ကိုရီးယားမှ ဘက်ပြောင်းခိုလှုံခဲ့ကြသူများ၏ ထုတ်ဖော်ချက်များအရ သိရသည်။ အမျိုးသမီးများသည် အာဏာရှင် ကင်မ် ဖန်တီးသည့် ဂိမ်းများတွင် ရှုံးနိမ့်ပါက ၎င်းတို့၏ ဆီးခုံမွှေးကို ရိတ်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းတို့က ထုတ်ဖော်သည်။

ယခု မြောက်ကိုရီးယား ခေါင်းဆောင်၏ တုန်လှုပ်ဖွယ် စိတ်လွတ်လက်လွတ် ပြုမူ ငွေသုံးဝယ်ယူမှုကိစ္စကို Trade Map ထံမှ ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်သတင်းစာက ဖော်ပြသည်။

ထို့ပြင် ကာမစိတ်ပြင်းပြသည့် အာဏာရှင် ကင်မ်သည် ရှမ်ပိန်နှင့် အခြားဈေးကြီးသော အရက်များအတွက်လည်း ငွေသန်းချီ  ဖြုန်းတီးခဲ့သေးကြောင်းကို ယင်းသတင်းတွင် ဖော်ပြသည်။ ကင်မ်သည် အရက်၊ ဒိန်ခဲ နှင့် ချောကလက်ကို ကြိုက်သည်ဟု ဆိုပြီး ယင်းအတွက်ကြောင့်လည်း သူသည် အဆစ်အမျက်ရောင် ဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။

ကင်မ်၏ မြောက်ကိုရီးယားနိုင်ငံတွင် ခန့်မှန်းချက်တချို့အရ ပြည်သူ နှစ်သန်းထက်မနည်းသည် ဆာလောင်ငတ်မွတ်လျက် ရှိချိန် ယခု အာဏာရှင် ကင်မ်၏ စိတ်လွတ်လက်လွတ် ငွေပရမ်းပတာ ဖြုန်းတီးမှုကိစ္စသတင်း ထွက်ပေါ်ခြင်း ဖြစ်သည်။