ပဲခူးတိုင်းအရှေ့ခြမ်းတိုက်ပွဲများကြောင့် တောင်ငူမြို့ပေါ်ကို စစ်ရှောင်လာသူများပြား(ရုပ်သံ)

ရွှေနွယ်

(မဇ္ဈိမ)။ ။ ပဲခူးတိုင်းအရှေ့ခြမ်းမှာ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် တောင်ငူမြို့ပေါ်ကို အများအပြားစစ်ဘေးရှောင်လာသူတွေရှိနေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။

တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်တို့မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် တောင်ငူမြို့ပေါ်ကို ပြောင်းရွှေ့လာကြသူလူဦးရေတသောင်းကျော် ရှိတယ်လို့ ဆိုပါတယ်။

ရေရှည်မှာတော့ ပရဟိတအသင်းတွေက ကူညီပေးထားရတဲ့စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာအခက်အခဲတွေကြုံတွေ့လာနိုင်တယ်လို့ ပြောပါတယ်။

တောင်ငူမြို့ကို စစ်မီးကူးလာမယ်ဆို မြို့ခံတွေနဲ့အတူ စစ်ရှောင်သူတွေ ပိတ်မိမှာကို စိုးရိမ်မိတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

တင်ဆက်/တည်းဖြတ် − ရွှေနွယ်