နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၃ ဖေဖော်ဝါရီ ၂၀၂၄)

 အမျိုးသားညီညွတ်ရေးအစိုးရ 

  • နွေဦးတော်လှန်ရေး နှင့် ခေတ်ပြောင်း၊ စနစ်ပြောင်း တော်လှန်ရေးမှာ လူမျိုးရေး ခွဲခြားမှု နှင့် လူမျိုးရေး ဖိနှိပ်မှုကို ထောက်ပံ့ပေးသည့်အတွေးအခေါ်၊ အယူအဆများကို သုတ်သင် ရှင်းလင်း ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီ သမ္မတ ဒူဝါလရှီးလက ၇၇ နှစ် မြောက် ပင်လုံ စာချုပ်ချုပ်ဆိုခြင်း အခမ်းအနားတွင် သတိပေး ပြောသည်။ 
  • အမျိုးသားညီညွတ်​ရေး အစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန နှင့် စစ်ကိုင်း တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းတို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေးကို ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီ နှင့် စစ်ကိုင်းတိုင်းတွင် ရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေး နွေးပွဲ အစည်းအဝေး (၁၃/၂၀၂၄) ကို ဖေဖော်ဝါရီ ၁၂ ရက်၊ မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ကြ သည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှ မြို့ဧရိယာ အားလုံးကို ပြန်လည်ထိန်းချုပ်နိုင်သည်မှာ မဟုတ်မှန်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်က ပြောသည်။ 
  • ရန်ကုန်တိုင်း စစ်ဌာနက တော်လှန်ရေးတပ်သားသစ် ခေါ်ယူရာတွင် ၂၄ နာရီအတွင်း လျှောက် လွှာပေါင်း ၂၀၀၀ ကျော် လက်ခံရရှိကြောင်း ရန်ကုန်တိုင်း စစ်ဌာနမှ ရဲဘော် ဒေဝ ၏ ပြောဆို ချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဖေဖော်ဝါရီ ၁၁ ရက်၊ မွန်းလွဲပိုင်းက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 

တော်လှန်ရေးလှုပ်ရှားမှုများ 

  • မြန်မာ့အရေးအဖြေရှာကြရန်အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken နှင့် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး Parnpree တို့ တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြသည်ဟု အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်သည်။ 
  • စစ်ကောင်စီအသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်း ဥပဒေသည်  အညာဒေသတွင် သက် ရောက်မှု အားနည်းနိုင်သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး နှင့် လုံခြုံရေးအဖွဲ့ (CDSOM) ခေါင်းဆောင်ဖြစ်သူ ကိုနွေဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒေသပြည်သူများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့၌ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် “ငါတို့သည် ဗိုလ်ချုပ် အောင်ဆန်း များ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရ သည်။ 
  • စစ်ကိုင်တိုင်း၊ ယင်းမာပင်မြောက်ခြမ်း ကျေးရွာများ သပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၁၃ ရက် တွင် ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ (ကလေးများနေ့) ကို ကျောင်းသားလူငယ်များ နှင့် ပူး ပေါင်းကာ ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်၊ နံနက် ၆ နာရီက စပြီး တိုက်ပွဲ ဆက် လက် ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှု များပြား အထိ နာနေသဖြင့် အကြမ်းဖက် စစ်တပ်က မြို့ပေါ် ရပ်ကွက်များကို မီးရှို့ဖျက်ဆီးနေကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းရင်းမြစ်က ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွင် “အဆုံးသတ် အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့် ချီ ” စာသား နှင့်အတူ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး လူထုဟစ်ကြွေးသံများ နှင့် ချီ တက် ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်းက နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်နေသည့် စစ်ဘေးရှောင်ပြည်သူများအတွက် ယာယီ တဲအိမ်များ ဆောက်လုပ်ပေးနိုင်ခဲ့သည်ဟု ကလေး မြို့နယ်ပအဖထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့၊ တည်ပင်ရွာလမ်းခွဲရှိ ကျောက်ခွဲစက်အနီး တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဖေဖော်ဝါရီ ၈ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ ၃ ဦး သေဆုံးခဲ့ကြောင်း BLACK WOLF – ARMY မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • ရန်ကုန် မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက်ပိုင်းက စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီးသွားကြောင်း အဆိုပါ လူငယ်များနှင့်နီးစပ်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ရန်ကုန်မြို့တွင် သခင်လူငယ်များသမဂ္ဂ နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ် (13 February Project) အဖြစ် အခြေခံလူထုကို ပဲပြုတ်၊ နံပြား နှင့် တော်လှန် ရေး စာစောင်များ၊ ဗိုလ်ချုပ်အောင်ဆန်းပုံ ကျပ်တစ်ထောင်တန်များကို ဝေငှ၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ကြသည်။ 
  • ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားတွင် ပြည်သူ့ ကာကွယ်ရေး အလံလွှင့် ထူခဲ့ပြီး “မကျေတဲ့ အကြွေးဆပ်ရန် ချီတက်ခဲ့ ပြီ” စာသားချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်မှု ကို ဖေဖော်ဝါရီ ၁၂ ရက်၊ ညပိုင်းက ပြုလုပ်ခဲ့သည်။ 
  • မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘိုကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဖေဖော်ဝါရီ ၁၀ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ၊ အမြန်လမ်းရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက် ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄) တပ် ရင်း က ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။ 
  • မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကုလားရှင်စံပြကျေးရွာတွင်  အကြမ်းဖက် စစ်တပ်အတွက်  အလုပ်လုပ်ပေးနေသူ ခင်မောင်ဌေး ခေါ် သာဌေး နှင့် နေဝင်းတို့ကို ဖေဖော်ဝါရီ ၁၂ ရက်၊ ညနေပိုင်းက ပစ်ခတ်တိုက်ခိုက်ရာ ခင်မောင်ဌေး သေဆုံးပြီး နေဝင်း လွတ်မြောက် သွားကြောင်း တော်လှန်ရေးအဖွဲ့များထံမှ သိရှိရသည်။ 
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ကျပ် သိန်း ၁၀၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရရှိခဲ့ကြောင်း ဗထူးတပ်မတော် – BHA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဘုရားသုံးဆူ လူထုသပိတ်အင်အားစု ဦးဆောင်ကာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • နာမည်ကြီး ဖားကန့်မှော်လှည့် သပိတ်စစ်ကြောင်းက ယ‌နေ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့တွင် ပြုလုပ်ခဲ့သည့်သပိတ်၌ “ တော်လှန်မှာလား ကျွန်ခံမှာလားကြိုက်တဲ့လမ်းကိုရွေး” ဟု မေးခွန်း ထုတ်လိုက်သည်။ 
  • စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး တပ် သားသစ်စုဆောင်းမှုသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုများထပ်မံကျူးလွန်မည့် အစဖြစ်ပြီး ပြည်သူ အချင်းချင်း သတ်ဖြတ်စေရန် အတင်းအဓမ္မပြုလုပ်ခြင်းဖြစ်ကြောင်း အထွေထွေသပိတ်ပေါင်းစပ် ညှိနှိုင်းရေး အင်အားစု (GSCB) က  သဘောထား ထုတ်ပြန်သည်။ 
  • အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်သားပြည်သူများကို သတ်ဖြတ်လျက် ရှိ ရာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်အထိ စာရင်းများအရ ကျဆုံးခဲ့ရသူ ၄၅၁၉ ဦး အထိ ရှိပြီဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်လိုက်သည်။ 

တိုင်းရင်းသားလက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီ၏ ရေယာဉ်များ AA ၏ တိုက်ခိုက်ခံရပြီး နစ်မြုပ် လျက်ရှိရာ မင်းပြားမြို့နယ်တွင် ဖေဖော်ဝါရီ ၁၂ ရက်က စစ်ကောင်စီ၏ သင်္ဘောတစ်စင်း ထပ်မံ နစ်မြုပ်ခဲ့သည်ဟု AA က ထုတ်ပြန်သည်။ 
  • ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ပလက်ဝမြို့နယ် နှင့် ကျောက်တော်မြို့ကို စစ်တပ် က ဖေဖော်ဝါရီ ၁၁ ရက်ကလေကြောင်းမှတစ်ဆင့် ဗုံးကြဲမှုကြောင့် တစ်ရက်တည်းအတွင်း အရပ် သား ၉ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ 
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဆီဆိုင်မြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်ကြောင်းကို ဖေဖော် ဝါရီ ၁၂ ရက်တွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ် နှင့် လက်အောက်ခံ ပြည်သူ့စစ် ၈ ဦး ထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။ 
  • ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဒု စစ်ဦးစီးချုပ် မာဝီက နွေဦးတော်လှန်ရေး၏ အောင်မြင်မှုသည် လက်တကမ်းတွင် ရှိနေပြီ ဖြစ်သည်ဟု ၁၁၁၁ စစ်ဆင်ရေး ၃ လပြည့်အဖြစ် ပြည်သူများကို သတင်းစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။ 
  • ပအိုဝ်း အချင်းချင်း မတိုက်ချင်ဟု ပြောဆိုပြီး ရှေ့တန်းတိုက်ပွဲသွားရန် ငြင်းဆန်သူ ၁၂ ဦးကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) က ထုတ်ပြန်လိုက်ပြီး ယင်းဖြစ်စဉ်အပါအဝင် စစ်ကောင်စီ၏ စစ်ရာဇဝတ်မှု ကျူးလွန် မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ကြေညာခဲ့သည်။ 

စစ်ကောင်စီ 

  • အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီတို့၏ ဒုတိယအကြိမ် မြောက်တွေ့ဆုံပွဲကို ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်ဟု နိုင်ငံရေးပါတီအသိုင်း အဝိုင်းထံမှ သိရသည်။ 
  • စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် ဇနီးတို့က တည့်ခင်း ဧည့်ခံသည့် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်၊ ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့သည်။ 
  • ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးနှင့်လောက်ကိုင်ဒေသအပါအဝင် မြို့နယ်များတွင် ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တာဝန်ကျခဲ့သော ရဲခရိုင်မှူးများ၊ ထွေ/အုပ်အုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ အားလုံးကို ရာထူး တာဝန်များမှ အနားပေးလိုက်ကြောင်း စစ်ကောင်စီ ပြည်ထဲရေး သတင်းရင်းမြစ်က ပြောသည်။ 
  • ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသော မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ဖေဖော်ဝါရီ ၁၂ ရက်တွင်ပြောဆိုလိုက်သည်။ 
  • Pre Order စနစ်ဖြင့် လျှပ်စစ်ကားများ ရောင်းချနေမှုများမပြုလုပ်ရန် နှင့် လိုက်နာမှုမရှိပါက သွင်းကုန်/ပို့ကုန် လုပ်ငန်းလိုင်စင်များ ပိတ်သိမ်းမည်ဟု စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ထပ်မံထုတ်ပြန်လိုက်သည်။ 
  • ရန်ကုန်မြို့ ထိုင်းသံရုံးတွင် အလည် ဗီဇာလျှောက်သူများ ကြိတ် ကြိတ်တိုး နေသည့်အပြင် လေယာဉ်လက်မှတ်များလည်း ရောင်းစရာမရှိသည်အထိဖြစ်နေကြောင်း ခရီးသွား အေဂျင်စီ များထံမှ စုံစမ်းသိရှိရသည်။ 
  • လေယာဉ်လက်မှတ် ဝယ်ယူရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါမှသာ ရောင်းချပေးမည်ဆိုသည်မှာ မှန်ကန်ကြောင်း နှင့် ခရီးသွားပြည်သူများ ဘေးကင်း လုံခြုံစေရန် အလို့ငှာ ဒေသအာဏာပိုင်များက ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း စစ်ကောင်စီ ပိုဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားကွင်းရှိ စစ်တပ်ဂိတ် များတွင် လုံခြုံရေးရယူပေးရန် အနီးအနားရှိ ဆိုင်ကယ်အငှားယာဉ်‌မောင်းများကို စာရင်း ကောက်နေသည်ဟု ဆိုင်ကယ် အဌားယာဉ်မောင်းများက ပြောသည်။ 
  • ပြည်သူ့စစ်မှုထမ်းများအတွက် အထူးခွင့်အဖြစ် အလုပ်ရှင်မှ ၂ လစာ ထုတ်ပေးရမည် ဖြစ်ပြီး စစ်မှုထမ်းကာလပြီးဆုံးချိန်တွင် အလုပ်ပြန်ခန့်ထားရမည်ဟု ၂၀၁၆ ခုနှစ်၊ အခကြေး ငွေပေး ချေရေး ဥပဒေပုဒ်မ ၃ (ဂ) တွင် ဖော်ပြထားသည်။ 
  • မန္တလေးမြို့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှု များကြောင့်  ယနေ့ လူအသွားအလာ မရှိတော့ ဘဲ ဆိုင်တချို့ စောစောစီးစီး ပိတ်သိမ်းသွားကြောင်း ဒေသခံပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ၁၃ သုံးသပ်ချက် 

  •   စစ်တပ်တွင် တပ်အင်အားပြုန်းတီးမှုများလာနေသည့်အတွက် မြို့ကြီးများတွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများ အတင်းအကျပ် ပြုလုပ်နေ၍  ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ ရှိနေသကဲ့သို့ တဖက်တွင်လည်း စစ်ကောင်စီ၏ အတင်းအကျပ် စစ်ကျွန်ပြုမှုမှ ရှောင်ရှားရန် တော်လှန်ရေး တပ်ဖွဲ့များတွင် အများအပြားဝင်ရောက်လာသည်ကို တွေ့ရသည်။