နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၈ ဖေဖော်ဝါရီ ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးကျေးရွာ နှင့် အင်းမ ထီး ပျူစောထီး ‌ကျေးရွာ ၂ ရွာတို့က ထွက်ပြေး လွတ်မြောက် လာသူများကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထောက်ပံ့မှုပြု လုပ်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူများအနေနှင့် အချိန်နှင့် တပြေးညီ သတိထားနားစွန့်ဖို့အတွက် ပအဖ က အသိပေးထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရက မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးမှာပါတင်လာမှုအပေါ် ဂုဏ်ပြုကြိုဆိုကြောင်း ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံမှ စစ်အာဏာရှင်က အကြမ်းမဖက်ရေး လမ်းစဉ်ကို နားမလည်သဖြင့် ပြည်သူများက စစ်အာဏာရှင် နားလည်သော အင်အားသုံးနည်းလမ်းဖြင့်သာ စကားပြောရန် ကြိုးစားနေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုလိုက်သည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို အကြမ်းဖက် စစ်တပ်က မြေပြင်၊ လေကြောင်းတို့ဖြင့် အင်အား အလုံးအရင်းသုံး၍ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပြီး ခေတ္တ စွန့်ခွာ ပေးလိုက်ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ-NUG နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်၏ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ် မီဒီယာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ၂၆၆၉ ဆုံးဖြတ် တောင်းဆိုချက်များကို စစ်ကောင်စီက မလိုက် နာသဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက် တွန်း ပြောဆိုသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းသို့ ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာလေးရွာမှ ဒေသခံများ အရေးပေါ် တိမ်းရှောင်နေရသည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်နီးပါး လှည့်လည်စစ်ကြောင်း ထိုးနေ၍ ကျေးရွာပေါင်း ၂၀ ကျော်မှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအတွက် အခက်အခဲ ရှိနေသည်။

ကလေးငယ်များ အသတ်ခံရမှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ထပ်မရှိတော့စေရန် တော်လှန်ရေးတွင်ပါဝင်သင့်ကြောင်း Force For Federal Democracy-FFD က တိုက်တွန်းထား သည်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် ပျူစောထီး နန္ဒကျော်ကို ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း Wundwin Township Revolution Force-WTRF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ ခံကုန်ရွာအနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ ၏ အမြန်ရေယာဉ်ကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲပိုင်းအချိန်တွင် ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ဟု သိရသည်။

ကရင်ပြည်နယ် ၊ မြဝတီမြို့ ကရင်နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ရွှေကုက္ကိုလ်မြို့သစ်အတွင်းသို့ လောက်ကိုင်မှ ရောက်ရှိလာသူများရှိပြီး ကျားဖြန့်လုပ်ငန်းအတွက် လူသစ်ခေါ်ယူနေမှုများ ရှိနေ သည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ စစ်တောင်းမြစ်ကူးတံတား အထိုင်ချထားသော စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်သည်။

ရန်ကုန်မြို့ လှိုင်သာယာအနောက်ပိုင်းမြို့နယ် (၁၂)ရပ်ကွက်ရုံးနှင့် (၉)ရပ်ကွက်ရုံးအနီးတွင် ယနေ့ (ဖေဖော်ဝါရီ ၁၈) နံနက်က ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်တွင် ” ပြည်သူ့အားမာန် ” သပိတ်သည် ”အဆုံးသတ်အောင်ပွဲ ဆီလူထုလှိုင်းတွေနဲ့ တက်စုံဖွင့်ရွက်ကုန်လွှင့်ချီ”စာသားကိုင်စွဲကာ စစ်အာဏာရှင်ကျရှုံးရေး သပိတ်ချီတက်ဆန္ဒပြခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်၊ သံလွင်မြစ်အရှေ့ဖက်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ အရေးပါသည့် ရှေ့တန်းအထိုင် တပ်စခန်းနှစ်ခုကို စွန့်ခွာသွားကြောင်း KNDF ဗဟိုသတင်း နှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်သည်။

ကရင်နီပြည်နယ်မှာ ၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (Karenni-IEC) ၊ ကူးသန်း ရောင်းဝယ်‌ရေး၊ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန သယ်ယူပို့ဆောင် ရေးဌာနခွဲမှ မော်တော်ယာဥ်းလိုင်း စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ချင်း” ဟူသည့် အမျိုးသားစုစည်းမှုဖြင့် ချင်းပြည်တည်ဆောက်ရေးနှင့် ချင်းအမျိုးသားတည် ဆောက်ရေးကို တိုးမြှင့်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) က ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

AA ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်းများကို မကြာမီ လက်လွတ်ဆုံးရှုံးရတော့မည်ဖြစ်ကြောင်း မြောက်ပိုင်းညီနောင်အဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီလ ၁၇ ရက် ညပိုင်းက ထုတ်ပြန်သည် ။

ကရင်နီပြည်နယ် ၊ ရှားတောမြို့တွင် ကလေးငယ်များကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိထားသည်ဟု KNDF ဒုစစ်ဦးစီးချုပ် မာဝီက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကောင်စီထုတ်ပြန်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူများအနေဖြင့် ကိုယ့်နည်းကိုယ် ဟန်ဖြင့် ဆန့်ကျင်ရန်နှင့် စစ်ကောင်စီကို တော်လှန်နေသော တိုင်းရင်းသားအင်အားစုများ၊ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လိုအပ်သည့် ကာကွယ်မှုများ၊ ကူညီပံ့ပိုးမှုများကို လုပ်ဆောင်သွားရန်တိုက်တွန်းကြောင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က ယနေ့ အသိပေးထုတ်ပြန်သည်။

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့်ပြည်သူ့စစ်များက တိုက်ပွဲတုဖန်တီးပြီး လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းကြောင့် လသားအရွယ်ကလေးငယ်နှင့် ဒေသခံ၁ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

ရက္ခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့အနီးရှိ တံတား အချို့ကို စစ်ကောင်စီက ဖျက်ဆီး လိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က အသိပေးထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်သည် AA တပ်များကုန်လမ်းမှ အလွယ်တကူဝင်ရောက်လာနိုင်ခြင်းမရှိစေရန် လုပ်ဆောင်ခြင်းဖြစ်ဟု ဖော်ပြခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ် ၁၀ ကျော်လုံး ပျက်စီးခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် ဒေသပြန်လည် တည်ဆောက်ရေးအတွက် အလုပ်သမားများ နှင့် နည်းပညာရှင် အမြောက် အမြားလိုအပ်နေသည့်အတွက် ပြည်ပအလုပ်သမားနှင့် နည်းပညာရှင်များ ခေါ်ဆောင်ရန် အလုပ်သမားဝန် ဆောင်မှုကုမ္ပဏီများကို တည်ထောင် ဖွင့်လှစ်ရန် မြန် မာ နိုင်ငံ ရှမ်းပြည်နယ်အထူးဒေသ ၁ စစ်ရေးအုပ်ချုပ်မှုကော်မတီက ဖိတ်ခေါ်သည်။

စစ်ကောင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးတောင်ပိုင်းရှိ ကျေးရွာများ၌ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ် ဦးဆောင်၍ အတင်းအဓမ္မခေါ်ဆောင် တပ်သားစုဆောင်းမှုများပြုလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေး သုံးစွဲနေသူများအား ဆိုင်ကယ်များပေး၍ ဒေသခံများ၏နေအိမ်များအား လိုက်လံမီးရှို့ဖျက်ဆီးခိုင်း နေကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ပင်ကျေးရွာကို ကျောက်စစ်ပုံအမြှောက်တပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင် စီတပ်သားများက ပြည်သူပိုင်အဆောက်အအုံများ၊ နေ အိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်း များကို ခိုးယူသယ်ဆောင်နေကြောင်း Infinity Group မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတော်ကိုကာကွယ်ရန် ထမ်း ဆောင်လိုသည့် စိတ်ဓာတ်သည် မြင့်မြတ်သည့် စိတ်ဓာတ်ပ င်ဖြစ်ကြောင်း၊ ယခုအခါ စစ်မှုထမ်းဟောင်းများမှ တာဝန်ပြန်လည်ထမ်းဆောင်ရန် ဆန္ဒပြုသူများ ရှိသကဲ့ စစ်မှုထမ်းမဟုတ်သော်လည်း တပ်မတော်အတွင်းသို့ ပါဝင်ထမ်းဆောင်လိုသည့်အတွက် လာရောက်ဆန္ဒပြုသူများ များပြားစွာရှိနေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့ကို လက်နက်တပ်ဆင်ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ယနေ့ထုတ် စစ်ကောင်စီ သတင်းစာ၌ ဖော်ပြထားသည်။

ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး YMBA အသင်းအနေဖြင့် ပြည်သူများ အသိအမြင် မှန်များ ရရှိစေရေး ဆောင်ရွက်ပေးရန် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားရေးအစွန်းရောက်အဖွဲ့ YMBA ကို အကူအညီတောင်းခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၈ သုံးသပ်ချက်

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တပ်ထဲဝင်လိုသူအများကြီးရှိကြောင်း စစ်မှုထမ်း ဟောင်းများ လည်း တာဝန်ပြန်ထမ်းဆောင်မည်ဟု ပြောဆိုကြောင်း ကိုယ်ဟန်ဖို့ကာ ပြောဆိုနေ သော်လည်း တပ်သားပြုန်းတီးမှုကြောင့် စစ်တပ်ထဲတွင် တပ်သားပြုန်းတီးမှုကြောင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို အသက်သွင်းနေရပြီး ယင်း ဥပဒေကို ပြည်သူတွေနာလည်း သဘောပေါက်ရန် လိုက်လံအကူ အညီတောင်းနေသကဲ့သို တဖက်တွင်လည်း လူငယ်များကို ပေါ်တာဆွဲတာ Non CDM များကို စစ်မှုထမ်းခိုင်းခြင်းများ အတင်းအကျပ်ပြုလုပ်ကာ စစ်သားပြုန်းတီးမှုကို ကာမိအောင်ပြုလုပ်နေသည်။