နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၉ ဖေဖော်ဝါရီ ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မြို့ပေါ်အထိုင်တပ်များက မြို့အနောက် ဘက်သို့ စစ်ကြောင်းထိုးလာသည့်အတွက် မြကုန်းကျေးရွာအနောက်ဘက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ပြီး Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ၄၅ မိနစ်ခန့် လေကြောင်းမှ လာရောက်ပစ်ခတ်ခဲ့သည်ဟု ပုလဲမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ သိရသည်။ 
  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အပိုင် ခါချဉ်တောင်ပေါ်သို့ စစ်ကြောင်းထိုးလာသည့် စစ် တပ် ကို ၄ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ပြောသည်။ 
  • ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော်-၃၆၀၁ PPDF တပ်ရင်းမှ ဆက်သွယ်ရေး နှင့် သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် နှင့် တန့်ဆည်မြို့နယ်အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၂၀ ကျော်မှ သောင်းနှင့် ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား)က ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၆၀ ရက်မြောက်နေ့တွင် ရဲဘော်များ၊ ပြည်သူများ နှင့် ပူးပေါင်းကာ ရဲဘော် ကျဆုံးခြင်း အလေးပြု အခမ်းအနားကို ပြုလုပ်ခဲ့ကြ သည်။ 
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဖေဖော်ဝါရီ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီကျော်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force အဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမပေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ်စစ်တပ် တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရ သည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (န.မ.ခ) တိုင်းရုံး နှင့် အမတ (၅၀၈) တပ်ရင်းတို့ကို ဖေဖော်ဝါရီ ၁၅ ရက်က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောင်းသား လက်ရုံးတပ်တော် (SAF) ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးရှိ ကျေးရွာတစ်ရွာတွင် The Way အပါအဝင် တော်လှန်ရုပ်ရှင်များကို ပုလဲလူ ထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက လှည့်လည်ပြသရင်း လူထုနိုင်ငံရေးတရားဟောပြောပွဲများ ပြု လုပ်ခဲ့ကြသည်။ 
  • မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်ရှိ ဆိုင်ခန်းများရှေ့တွင် ဖေဖော်ဝါရီ ၁၉ ရက်က စစ်မှုထမ်းရေး ပြည် သူများ မစိုးရိမ်ကြရန် နှင့် သတင်းမီဒီယာများ၏ သတင်းများ မယုံကြရေး ဗီနိုင်းဆိုင်းဘုတ်ကြီးများ စိုက် ထူကြရန် စစ်တပ်က ဖိအားပေး ခြိမ်းခြောက်နေကြောင်း ဆိုင်ရှင်များက ပြောသည်။ 
  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ယောဒေသအတွင်းရှိ (LDF) ဒေသကာကွယ်ရေး တပ်ဖွဲ့ နှင့် YPDF ယော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ ဖေဖော်ဝါရီ ၁၀ ရက်က အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။ 
  • ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် စစ်တပ်က ယမန်နေ့ ညပိုင်း နှင့် ယနေ့ နံနက်ပိုင်းက ဧည့်စာရင်းများ ဝင်ရောက်စစ်ဆေးနေပြီး ဧည့်စာရင်း မတိုင်သော လူငယ်တချို့ နှင့် မှတ်ပုံတင် မပြနိုင်သော လူငယ်တ ချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြည်သူများက ပြောသည်။ 
  • ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသည့် သစ်တော ဝန်ထမ်း ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ ၅ ဦးစလုံး သေဆုံးသွားကြောင်း သာယာဝတီခရိုင် PDF မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။ 
  • တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးကျေးရွာ အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ပွဲ ၃ ကြိမ် ဖြစ်ပြီး စစ်ကောင်စီ တပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း Ba Htoo Army-BHA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။ 
  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆေးဘက်ဆိုင်ရာ (Medical Team) ၏ ဆေးဘက်ဆိုင်ရာ ထပ်ဆင့်မွမ်းမံ သင်တန်းပေးခြင်းကို ၅ ရက်တာ ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ ရက် တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
  • တောင်ကိုရီးယားနိုင်ငံ၊ ဂူမိမြို့တွင် နွေဦးတော်လှန်ရေး အရှိန်အဟုန်ဖြင့် ဆက်လက်ထောက်ပို့နိုင်ရေး နှင့် စစ်ဘေးရှောင်ပြည်သူတို့ကို စားနပ်ရိက္ခာ အကူအညီပေးနိုင်ရေးအတွက် တော်လှန်ရေး တက်ကြွလှုပ်ရှား သူ ဒယ်ဂူးဘုန်းဘုန်း ဦးဆောင်ကာ စည်းရုံးရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကို မျိုးဆက်သစ်လူငယ်များ နှင့် ပြည်သူများ ဆန့်ကျင်ကြရန် စစ်အာဏာရှင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ရန် ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက ယနေ့ တရားဝင် ဖိတ်ခေါ်ကြေညာလိုက်သည်။   
  • စစ်ကောင်စီ ထုတ်ပြန်ထားသည့် စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်နေသူ လူငယ်များအနေဖြင့် စစ်အာဏာ ရှင်စနစ် ဖြုတ်ချရေးတွင် ပူးပေါင်းပါဝင်လာကြရန် ချင်းအမျိုးသား တပ်ဦး (CNF) က ထုတ်ပြန် လိုက်သည်။ 
  • ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ၏ စီခမ်းကြီးဗျူဟာစခန်းကို ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက် ပိုင်းက KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ၂ ရက်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက် ရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။ 
  • ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပွိုင့် ၄၀၂ နှင့် ၄၀၈ တောင်ကုန်းရှိ စစ်ကောင်စီတပ်သားများ စခန်းကို မီးရှို့ဖျက်ဆီးပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ထွက်ပြေးသွားကြောင်း ရခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်းစစ်ပွဲများ ငြိမ်းစဲပြီးသည့်နောက် ဒေသပြန်လည်တည်ဆောက်ရေးများတွင် အလုပ်သမားများ နှင့် နည်းပညာရှင်များ များစွာလိုအပ်ချက် ရှိနေသည့်အတွက် ရှမ်းပြည်နယ် အထူး ဒေသ (၁) စစ်ရေးအုပ်ချုပ်မှုကော်မတီက အလုပ်သမားဝန်ဆောင်မှု ကုမ္ပဏီများကို ပြည်ပအလုပ်သမား နှင့် နည်းပညာရှင်များ ခေါ်ဆောင်ရန် ခွင့်ပြုခဲ့သည်ဟု ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။ 
  • စစ်ကောင်စီသည် စစ်ရေးအရ ရှုံးနိမ့်ရန် ရာနှုန်းပြည့် သေချာနေသော စစ်စခန်းများ၊ ပွိုင့်ကုန်းများကို မီးရှို့ဖျက်ဆီး၍ ခွာစစ်ဆင်နေခြင်းတို့ကို ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ရယူရန် ကြိုးစားနေသော မြို့များ၌ ယခုရက်များအတွက် ခပ်စိပ်စိပ် ပြုလုပ်လာခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ပါဝင်သည့် ညီနောင် မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • တရုတ်-မြန်မာ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ လက်ရှိအခြေအနေထက် ပိုမို တိုး တက် ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော် ဝါရီ ၁၈ ရက်က ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏတွင် ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ် ရွှေနဂါး တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် ပြောသည်။ 
  • မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံ နှင့် တရုတ်လူမျိုးများအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးရန် စစ်ကောင်စီ ခေါင်း ဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော် အခမ်း အနား တွင် ပြောသည်။ 
  • သွေးတိုးရောဂါသည် အရွယ်မတိုင်မီ ‌သေဆုံးမှု ဖြစ်စေနိုင်သည့် အဓိက အကြောင်းရင်းတစ်ခု ဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသည့် မြန်မာနိုင်ငံသွေးတိုးရောဂါ ပညာရပ်ဆိုင်ရာညီလာခံ (၂၀၂၄) ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။ 
  • လာအိုနိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် မြန်မာနိုင်ငံက အားပေးထောက်ခံလျက်ရှိပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်ကိုက ပြောသည်။ 
  • ယခုတစ်ပတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၅၁၄၀ ကျပ် သတ် မှတ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် တစ်ပါတ်တွင်လည်း အဆိုပါ ဈေးနှုန်းအတိုင်း သတ်မှတ်ပေးထား ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ 
  • (၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ ညီလာခံ၊ အဆင့်မြင့် အရာရှိကြီးများဆွေးနွေးပွဲနှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှ ဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ကျင်းပ ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့များ တက်ရောက် ခဲ့ကြောင်း သိရသည်။ 
  • ယခုနှစ် တစ်လခွဲကျော်အတွင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နိုင်ငံခြား ငွေကြေးဈေးကွက်အတွင်း ဒေါ်လာ ၁၂၁ ဒသမ ၃၁ သန်း နှင့် ထိုင်းဘတ် သန်း ၉၀၀ ရောင်းချထား ကြောင်း သိရသည်။ 
  • ၂၀၂၄ ခုနှစ်တွင် တောင်ကိုးရီးယားနိုင်ငံမှ အလုပ်သမား‌ခေါ်ယူမှုတွင် မြန်မာနိုင်ငံအတွက် လုပ်သား ခေါ် ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူ စေလွှတ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက် အောက်ခံ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။ 
  • မန္တလေး၊ စစ်ကိုင်း နှင့် မကွေးတိုင်းတို့ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ လိုက်လံဝေနေကြောင်း ဒေသခံပြည်သူများက ပြောသည်။ 
  • အကြမ်းဖက် စစ်ကောင်စီက ပြဋ္ဌာန်းအသက်သွင်းလိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှား နိုင် ရေးအတွက် တနင်္သာရီတိုင်း၊ ကော့သောင်းအခြေစိုက် ခမရ ၂၆၂ တပ်မှ စစ်အရာရှိ တချို့က ၎င်းတို့၏ အသက်ပြည့်ပြီးသော ဆယ်ကျော်သက်အရွယ် သားသမီးများကို ထိုင်းနိုင်ငံဘက်အခြမ်းသို့ ပို့ဆောင်လိုက် ကြောင်း တပ်တွင်းသတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ရန်ကုန်မြို့မှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ပြည်တွင်း လေကြောင်းခရီးစဉ်ဖြင့် ရောက်ရှိလာသော ခရီးသည်များအားလုံးကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး မြို့ခံမဟုတ်သူများ ပြန်လည်ထွက်ခွာရန်၊ မြို့ခံ ခရီးသည်များကို မိသားစုက သန်းခေါင်စာရင်းပြ၍ လာရောက်ခေါ်ဆောင်ရန် စစ်တပ်က ခိုင်းစေထား ကြောင်း မြို့နေပြည်သူများက ပြောသည်။ 
  • ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်မြို့ကို စစ်တပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်စဉ် ပြည်သူ ၁၀၂ ဦးကို သတ်ဖြတ်ခဲ့ပြီး အသက်မပြည့်သေးသူ မိန်းကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီး ၄ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း မြို့နေပြည်သူများ နှင့် မြေပြင်သတင်းရင်းမြစ်များ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။ 

ဖေဖော်ဝါရီ ၁၉ သုံးသပ်ချက် 

  • စစ်ကောင်စီခေါင်းဆောင်သည် နိုင်ငံတကာအကူအညီ မရှိသလောက် နည်းနေသည့်အတွက် တရုတ်နိုင်ငံ နှင့် တရုတ်လူမျိုးများက အကူအညီပေးရန် တောင်းဆိုနေပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေဖြင့် တရုတ် မျက်နှာကြည့်ပြီး နေရသည့် အခြေအနေမျိုး ရောက်နေသည်ဟု ဆိုရမည်ဖြစ်သည်။ 
  • စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် နိုင်ငံအတွင်းမှ လူငယ်လူရွယ်များ နည်းမျိုးစံဖြင့် နိုင်ငံကို စွန့်ခွာသွားမှုများ ရှိလာနေသည်။