နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၂၁ဖေဖော်ဝါရီ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အကြမ်းဖက် စစ်ကောင်စီက အတင်းအဓမ္မအသက်သွင်းသည့် စစ်မှုထမ်းဥပဒေက  လူငယ်များ၏ အသက်နှင့် ဘ၀များကို ချနင်းဖျက်ဆီးနေပြီး အနာဂတ် တက်လမ်းကို ပိတ်ပင်ဟန့်တား နေဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောသည်။ 
  • အမျိုးသား ညီညွတ်ရေးအစိုးရ ၊ စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန၏ “အောင်လံလွှင့်ချီ နွေဦးထီ” ကနေ ထီဆုကြေးများ တိုးမြှင့်ပေးလိုက်သလို ဆုမဲများလည်း တိုးမြှင့် ပေးထားသည်ဟု အသိ ပေးထုတ်ပြန်ထားသည်။ 
  • စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ် ၆ တပ်ရင်းထံ စစ်ကောင်စီ တပ်သား ၁ ဦးသည် ဖေဖော်ဝါရီ ၂၀ ရက် က သေနတ် ၁ လက် ယူဆောင်လာပြီး အလင်းဝင်လာသည့်အတွက် ဂုဏ်ပြု ဆုငွေ ချီးမြှင့်ခြင်းနှင့် လက် နက်အပ်နှင်းခြင်း အခမ်းအနား ပြုလုပ်ပေးခဲ့ကြောင်း NUG အစိုးရ၏ စစ်ကိုင်းတိုင်း ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
  • အမျိုးသား ညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန နှင့် ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေး နွေးမှုအစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့တွင် ရှိသည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များ တွေ့ဆုံဆွေး နွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက် ၁၀ နာရီတွင်ပြုလုပ်ခဲ့ကြသည်။ 
  • နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NAGA PEOPLE’S DEFENCE FORCE) သည် စစ်အာဏာရှင် ကျဆုံး‌ ရေး၊ အမျိုးသားတန်းတူရေး နဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် တိုက်ပွဲ ဝင်နေသည့် အဖွဲ့ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ လက်အောက် ရှိ အမိန့်ပေးကွပ်ကဲမှုစနစ် (Chain Of Command) အောက်တွင် ရှိနေသည်ဟု သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကံထူးမရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက်အစောပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ခိုက်နေရာ စစ်ကောင်စီတပ်ဖွဲ့ ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ဆက် တိုက်ပြုလုပ်နေကြောင်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုတွေ ဦးဆောင်သည့် အားမာန်သစ် သပိတ်‌ စစ်ကြောင်းသည် ရဲဘော် မင်းမင်းထက် (ခ) ဖက်တီး ကျဆုံးခြင်း ၈ လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပခြင်း နှင့် အကြမ်းဖက် စစ်တပ်၊ မီးရှို့ စစ်တပ်ကို အလိုမရှိကြောင်း ယနေ့ ဆန္ဒပြခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရ သည်။ 
  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အောင်သပြေရပ်ကွက် လေသာကျောင်း ဆရာတော် သက်တော် ၉၈ နှစ် ၊ ဝါတော် ၇၈ ဝါရှိ အရှင်စန္ဒိဝံသ သည် ဥမင်ကုန်းရွာတွင် ဖေဖော်ဝါရီ ၁၈ ရက်က စစ်ဘေးရှောင်စဉ် ပျံလွန်တော်မူသွားကြောင်း Kawlin Info မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ပျူစောထီး ကျေးရွာမှ ပျူစောထီးများသည် ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက် ၆ နာရီခန့်က ရွာပြင်ထွက်လာစဉ် တိုက်မိုင်းမိပြီး ပျူစောထီးတစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်း မြို့ နယ် သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ မြကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်း နှင့် တော်ဝင် နဂါး စစ်ကြောင်း(BNRA) ဖွဲ့တို့ ဖေဖော်ဝါရီ ၁၈ ရက်၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၂ ဦး သေဆုံးကာ တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဗမာအမျိုးသားတော်လှန်ရေးတပ်တော် (BNRA) က ထုတ်ပြန်သည်။
     
  • ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်က ” ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ် ရုန်းမလား” ပိုစတာ နှင့် PDF အလံ လွှင့်ထူပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားခဲ့ကြောင်း သိရ သည်။ 
  • ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ (၅/၂) ရပ်ကွက်၊ သီရိမင်္ဂလာပတ်လမ်းရှိ ရပ်ကွက် လုံခြုံရေး ကင်းတဲ အနီးတွင် ဖေဖော်ဝါရီ ၂၁ ရက်၊ နံနက် ၆ နာရီခွဲအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားသဖြင့် လုံခြုံရေး အလှည့်ကျ စောင့်နေသည့် အဆိုပါ ရပ်ကွက်နေ အမျိုးသားတစ်ဦး ပေါက်ကွဲစ ထိမှန်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ 
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာ အနီးရှိ PDF ကင်းစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး တော်လှန်ရေး ရဲဘော် ၃ ဦးနှင့် ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေး တာဝန်ခံ ကိုဘိုတောက်က ပြောသည်။ 
  • မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး နှင့် အပေါင်းအပါ ၁ ဦးတို့ ဖေဖော်ဝါရီ ၂၀ ရက်၊ ညနေ ၆ နာရီခန့်က ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူး ပွဲချင်းပြီး သေဆုံးသွား ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 
  • မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာရှိ ပျူစောထီးစခန်းကို ဖေဖော်ဝါရီ ၁၉ ရက်၊ ညနေပိုင်းက လက်နက်ကြီး အလုံးရေ ၁၅၀ နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက် သေဆုံးပျက်စီးမှု ရှိကြောင်း Southern YSO PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။ 
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ ပျူစောထီးကျေးရွာမှ ရဲတပ် သားတစ်ဦးသည် ဖေဖော်ဝါရီ ၁၉ ရက်က လက်နက်ခဲယမ်းများ ယူဆောင်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ 
  • မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အကြမ်းဖက် စစ်ကောင်စီ၏ စကခ ၁၉ ၊ ခလရ ၆၁ ၊ ခရိုင်ရုံး နှင့် ရေးတံတား ကြီးဂိတ်တို့ရှိ စစ်ကောင်စီ တပ်သားများကို ဖေဖော်ဝါရီ ၁၉ ရက်က ဒရုန်း၊ လက်နက်ကြီး များဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦး သေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ် အခြေစိုက် ဝေဟင်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ် ကွက်၊ ဗိုလ်ချုုပ်အောင်ဆန်းလမ်းမကြီးအနီး ရွှေလင်းယုန် ဂေါက်ကွင်းအနီးတွင်ရပ်ထားသည့် Isuzu  Double Cap ယာဉ်တစ်စီးအတွင်း ယမန်နေ့ ဖေဖော် ဝါရီ ၂၀ ရက်၊ ညပိုင်းက ကားဗုံးပေါက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ ကြောင်း ဒေသခံများက ပြောသည်။ 
  • အာဏာသိမ်း စစ်ကောင်စီက  ပြဋ္ဌာန်းလိုက်သော စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြု ထုတ်ပြန် ပြီးနောက် ရက်ပိုင်းအတွင်း လူငယ်များ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ထွက်ခွာ တိမ်းရှောင်နေရာမှ ဆက် တိုက် ဖမ်းဆီးခံနေရမှုများ ရှိနေရာ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ၁ ရက်အတွင်း နယ်စပ်ဖြတ်ကျော် ဝင် လာသော မြန်မာနိုင်ငံသား ၇၅ ဦးသည် ထိုင်းနိုင်ငံ၏ ခရိုင် သုံးခုတွင် ဖမ်းဆီးခံလိုက်ရကြောင်း ထိုင်း အခြေစိုက် သတင်းဌာနများ၏ ဖော်ပြချက်များ အရ သိရသည်။ 
  • အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်သည့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ အကူအညီများ တောင်းခံသူ ၄၈ နာရီအတွင်း ၁၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း လွတ်လပ်သော CDM အင်အားစုမှ ထုတ်ပြန်ထားသည်။ 
  • ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ဂျယ်ခမ်းရွာကို ဖေဖော်ဝါရီ ၁၇ ရက်က အကြမ်းဖက် စစ်တပ်က ၃ ရက် လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက် ခြင်းကြောင့် ရွာလုံးကျွတ် ပျက်စီးပြီး ပြည်သူ ၅ ဦး သေဆုံးကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • အရပ်သား ပြည်သူများအပေါ် စစ်ရာဇ၀တ်များ ကျုးလွန်နေမှုကို မရပ်တန့်ပါက ပြင်းထန်သော တုံ့ပြန် မှုများ ပြုလုပ်မည်ဟု ရက္ခိုင့်တပ်တော် (AA) က စစ်ကောင်စီကို ထုတ်ပြန်သတိပေးလိုက်သည်။ 
  • ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ တပ်ရင်း၊ စစ်စခန်းများကို သိမ်း ပိုက်ထားသည့် AA က မင်းပြားရှိ အမှတ် (၉) တိုင်း ဗဟိုလေ့ ကျင့်ရေး သင်တန်းကျောင်းကို ထိုးစစ်ဆင် တိုက်ခိုက်‌နေကြောင်း AA က ထုတ်ပြန် ထားသည်။ 
  • အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ရာ လုံခြုံမှုမရှိသော နေရာများတွင် ပြောင်းရွှေ့နေထိုင်မည့်အစား ရက္ခိုင့်တပ်တော် (AA)  ထိန်းချုပ်ရာ နေရာများ၊ မြို့ရွာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် ရက္ခိုင့်တပ်တော် (AA) က သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး ဖိတ်ခေါ်ထားသည်။ 
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့၊ ကမ်းနီရွာအနီးတွင် ရှိသည့် အကြမ်း ဖက် စစ်တပ်၏ အမှတ် (၉) တိုင်း ဗဟို လေ့ကျင့်ရေးသင်တန်းကျောင်းက စစ်သားများကို လက်နက်ချအညံ့ခံကြရန် ရက္ခိုင့်တပ်တော် (AA) က ထပ်မံသတိပေး ထုတ်ပြန်လိုက်သည်။ 
  • ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် စစ်ကောင်စီတပ်စခန်း တစ်ခုသာရှိတော့ပြီး မြို့ကို ဝိုင်းထားကြောင်း ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ထံမှ သိရသည်။ 
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဟိုပုံးမြို့နယ်တွင် PNLA စစ် ကြောင်းနှင့် စစ်ကောင်စီတပ်များအကြား ဖေဖော်ဝါရီ ၂၀ ရက်၊ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ စစ်သား နှင့် ပြည်သူ့စစ် ၅ ဦး သေ ဆုံးခဲ့ပြီး သေနတ် ၄ လက် ရရှိကြောင်း PNLA က သတင်းထုတ်ပြန်သည်။ 
  • အကြမ်းဖက် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ဖေဖော် ဝါရီ ၂၀ ရက်၊ မွန်းလွဲပိုင်းက ကျဲချတိုက်ခိုက်သဖြင့် ဆေးရုံ၊ စျေး ၊ သီလရှင်ကျောင်း နှင့် လူနေအဆောက် အဦများ ပျက်စီးကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။ 
  • ပြည်သူလူထုများ၏ လိုလားချက်များ ပြည့်စုံအောင်ဆောင်ရွက်နိုင်ရန် ကရင်လက်နက်ကိုင်များ ပြန်လည် စုစည်းပြီး အဖွဲ့တစ်ခု၏ ဦးဆောင်မှု အောက်မှ လုပ်ဆောင်သွားရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယမန်နေ့တွင် ပြောကြားလိုက်သည်။ 
  • စစ်ကောင်စီ ဆက်လက်အာဏာတည်မြဲရန် ပြည်သူတစ်ရပ်လုံးကို စစ်သားစုဆောင်းသည့် လုပ်ရပ် ဖြစ် သော စစ်မှုထမ်းဥပဒေကို ရှောင်ရှားရန် လမ်းစဉ်မှာ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းတော် လှန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောသည်။ 
  • ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက်ပိုင်းက စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦး သေဆုံးကြောင်း KNU က သတင်းထုတ်ပြန် သည်။ 

စစ်ကောင်စီ 

  • နျူကလီးယား နည်းပညာကို ငြိမ်းချမ်းစွာ အသုံးချရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး နှင့် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်တို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆွေးနွေးခဲ့သည်။ 
  • မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ ပြန်လည်ကောင်းမွန်လာစေရေးဆောင် ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဒုတိယပါတီ အတွင်းရေးမှူး နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo တို့ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 
  • ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလောခေါ်ယူရန် အစီအစဉ် မရှိသေး ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချိရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီ ၂၀ ရက်က ရုပ်သံမှ တစ်ဆင့် ပြောသည်။ 
  • မြန်မာ-ရုရှား နှစ်နိုင်ငံအနေဖြင့် ကာကွယ်ရေးနှင့် လုံခြုံရေး အပါအဝင် နိုင်ငံခြားရေး ဝန်ကြီးဌာနများ အ ကြား နိုင်ငံရေးရာ ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။ 
  • နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံများတည်ဆောက်ပြီး ပြည် တွင်း၌ နို့ထွက်ပစ္စည်းများ ဖူလုံ အောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေ သုံးစွဲမှုများကို လျှော့ချနိုင်မည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးက ဖေဖော် ဝါရီ ၂၀ ရက်က နေပြည်တော် ရေဆင်းတက္ကသိုလ်များနယ်မြေရှိ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်၌ ထည့်သွင်း ပြောသည်။ 
  • ပဲခူးမြစ်ကူးတံတား သန်လျင်တံတား အမှတ် (၃) အား ဖြတ်သန်းအသုံးပြုမည့် ယာဉ်များမှ တံတား ဖြတ် သန်းခ ကောက်ခံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရ သည်။ 
  • ကိုရီးယားနိုင်ငံတွင် ကျောင်းတက်ရန် လာရောက်မည့် မြန်မာ နိုင်ငံသားများအနေဖြင့် ပညာရေး ဝန် ဆောင်မှုများက တစ်ဆင့် ငွေလွှဲပို့ရာတွင် လိမ်လည်မှုများ ရှိနေသည့်အတွက် သတိပြုရန် စစ်ကောင်စီ လက်အောက်ခံ ဆိုးလ်မြို့ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။ 
  • ၂၀၂၄ သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ ဆောင်ရွက် သွား မည်ဖြစ်ပြီး လုပ်ငန်းအချိန် ဇယားအရ ရှေ့ပြေးအစီရင်ခံစာကို ဒီဇင်ဘာလတွင် ထုတ်ပြန်ပေးရန် လျာ ထားသည်ဟု စစ်ကောင်စီ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက နိုင်ငံပိုင် သတင်းစာ နှင့် တွေ့ဆုံမေးမြန်းရာတွင် ပြောသည်။ 
  • နိုင်ငံပိုင် ဆီအုန်းခြံများကနေ ထွက်လာလာမည့် ဆီသီးခိုင်များကို ပုဂ္ဂလိက လုပ်ငန်းရှင်များထံ ရောင်းချ ပေးသွားမည်ဟု စစ်ကောင်စီ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ကနေ သိရသည်။ 
  • မန္တလေးမြို့ပေါ် ရပ်ကွက်များတွင် နေထိုင်ကြသူများ မဖြစ်မနေ ဧည့်စာရင်း တိုင်ကြရန် စစ်ကောင်စီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ယနေ့ နံနက်ပိုင်းက လိုက်လံဆော်သြနေသည်ဟု ဒေသခံများ က ပြောသည်။ 
  • ရခိုင်ပြည်နယ်က တိုက်ပွဲအတွင်း သေဆုံး၊ ပျောက်ဆုံးသွားသော စစ်ကောင်စီ တပ်သားများ၏ မိသားစု ဝင်များသည် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင် အမှတ် (၁) စစ်ကြောရေး နှင့် တည်းခိုရေးစခန်းသို့ ရောက်ရှိနေသည်ဟု စစ်ကောင်စီအသိုင်းအဝိုင်းမှ သိရသည်။ 

ဖေဖော်ဝါရီ ၂၁ သုံးသပ်ချက် 

  • စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ ကုန်စည်စီးဆင်းရာ အဓိကဒေသများကို မြောက်ပိုင်းအဖွဲ့က သိမ်းယူထားသည့် အတွက် ကုန်စည်စီးဆင်းမှုပြတ်တောက်နေရာ ထုံးစံအတိုင်း တရုတ်နိုင်ငံက တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အကူအညီတောင်း ခယနေသည် ကိုတွေ့ရသည်။