နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၃ ဖေဖော်ဝါရီ ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟို ကော်မတီ အစည်းအဝေး အမှတ်စဉ် ကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။ 
  • ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင်ရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး ကို ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 
  • မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ခိုင်မာသည့် မဟာမိတ် အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး စတဲ့ ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေးအတွက် ဖေဖော်ဝါရီ  ၂၂ ရက်နေ့က အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေး သဘောတူခဲ့ကြကြောင်း အသိပေး ထုတ်ပြန်သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ပဲခူးတိုင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီက စစ်မှုထမ်းရန် တိုက်တွန်းစည်းရုံးသည့် လက်ကမ်း စာစောင်များကို ဖြန့်ဝေနေ၍ ဒေသခံများမှာ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမည်ကို စိုးရိမ်နေကြ ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်တွင် စစ်ကောင်စီတပ်၊ ရဲနှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရဲတပ်ကြပ် တဦးအပါအဝင် ငါးဦးသေဆုံးသွားကြောင်း Danger Force LPDF အဖွဲ့မှ ဖေဖော်ဝါရီ ၂၂ရက်တွင် သတင်းထုတ်ပြန်သည်။ 
  • စစ်ကိုင်းမြို့ တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်‌ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီး ချုပ်နှင့် အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား ​တော်လှန်​ရေးအဖွဲ့များက ဖေဖော်ဝါရီ  ၂၂ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦး သေဆုံးသွား ကြောင်း သိရသည်။ 
  • စစ်ကောင်စီ က စစ်မှုမထမ်းမနေရ ဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ထိုင်းပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားသည့် မြန်မာနိုင်ငံသား ၇၀၀၀ ကျော်ရှိကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သိရှိရသည်။ 
  • ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  •  

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ အမျိုးသား ဦးရေ ၄၀၀ ကျော်ကိုပြည်သူ့ စစ်သင်တန်းတက်ရ မည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု ရိုဟင်ဂျာအရေးကူညီဆောင် ရွက်ပေးနေသူများထံက သိရသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA က သိမ်းပိုက်ရရှိထားသည့် မြို့နယ် ၇ ခုမှာ ၂၀၂၅ နှစ်သစ်အ တွင်း လူထုဆန္ဒအခြေခံတဲ့ လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း TNLA က တရားဝင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။ 
  • ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA က ပုဏ္ဏားကျွန်း ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး တရက်မျှ မနားဘဲ ရခိုင်ရှိ စစ်ကောင်စီ စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်‌ ‌နေပြီးမြို့တော်စစ်တွေနှင့် ၂၀ ခန့်သာ ကွာဝေးကြောင်း သိရသည်။ 
  • မြို့ကြီးများကို တိုက်ခိုက်သိမ်းယူနိုင်ရေးထက် အာဏာဗဟိုချက်မဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်တိုက်ခိုက်ရန် လုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ က ထုတ်ဖော်ပြောဆိုသည်။ 
  • မွန်ပြည်နယ် ကျိုက်ထိုခရိုင် ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ခမရ-၂၀၈ တပ်ရင်း တပ်စခန်းက လက်နက်ကြီး ၁ လုံးပစ်ခတ်ရာ ဝင်းတာပန်ကျေးရွာအတွင်းရှိ နို့ဖိုးပူ နေရာထဲသို့ ကျရောက်ပေါက်ကွဲပြီး နော်မုလော်ကလော် ပိုင်ဆိုင်သည့် ၅ ဧက အကျယ်ဝန်းရှိသော ရော်ဘာခြံ ၁ ခြံ မီးလောင်ပျက်စီးခဲ့ရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA အနေဖြင့် အာဏာရှင် စနစ်ကျဆုံး ရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်း လာရေး တိုက်ပွဲဝင်နေပြီး တော်လှန် လိုသော ပြည်သူများကို ကြိုဆိုလက်ခံမည်ဖြစ်ကြောင်း SSPP/ SSA က ဖိတ်ခေါ်လိုက်သည်။ 

စစ်ကောင်စီ 

  • မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် နှစ်နိုင်ငံ တပ်မတော်တို့အကြား ပူးပေါင်းဆောင်ရွက်သွားရန် အိန္ဒိယစစ်တပ် ကိုယ်စား လှယ် အဖွဲ့နှင့် စစ်ကောင်စီတို့ ဖေဖေါ်ဝါရီ (၂၁) ရက် နေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။ 
  • စစ်ကောင်စီဝန်ကြီးအချို့တက်ရောက်ခဲ့ပြီးချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကဦးစီးကျင်းပခဲ့သည့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို လုံခြုံရေးအခြေနေအရ ဟားခါး စစ်ဗျူဟာ ဘောလုံးကွင်းထဲ၌သာ ကျင်းပခဲ့ကြောင်းသိရသည်။ 
  • ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်တင်ကိုကိုသည်တာချီလိတ်မြို့ရှိ ကျားဖြန့်လုပ်ငန်းများ၌ ပါဝင် ပတ်သက်နေကြောင်းသတင်းများထွက်ပေါခဲ့ပြီးနောက် ယနေ့ နံနက်အစောပိုင်းတွင် တာချီလိတ် မြို့ရှိ ကျားဖြန့်အွန်လိုင်းလောင်းကစားရုံအချို့ကို စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်စီး နင်းပြီး ဝန်ထမ်းများအားဖမ်းဆီးထားကြောင်းသတင်းရရှိသည်။ 
  • ရန်ကုန်မှာ အလုပ်အကိုင်အခွင့်အလမ်း ၉၄ ဦး ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄ ခုကို လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ပြောသည်။ 
  • တေးသီချင်းတွေကို MTV အဖြစ် ရိုက်ကူးထုတ်လွှင့်ပြသတာမပြုခင် ရုပ်ရှင်ဥပဒေ၊ ရုပ်မြင်သံကြား နှင့် ဗီဒီယိုဥပဒေ တို့အရ ရုပ်ရှင်ဆင်ဆာနှင့် ဗီဒီယိုဆင်ဆာအဖွဲ့တို့ကိုတင်ပြပြီး ခွင့်ပြုချက်ရယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 
  • အလုပ်သမားရေးရာသတင်းများ ဖော်ပြနေခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် သတင်းစောင့် ကြည့်ရေး အဖွဲ ဖွဲစည်းထားရှိပြီး အလုပ်သမားရေးရာသတင်းများကိုတွေ့ရှိပါက ပေါင်းစပ်အဖွဲများနှင့် သတင်းပါစက်ရုံ၊ အလုပ်ရုံများသို ချက်ချင်းသွားရောက်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က ပြောသည်။ 

ဖေဖော်ဝါရီ ၂၃ သုံးသပ်ချက် 

  • စစ်တပ်က နိုင်ငံအာဏာကို လုယူပြီးနောက် လွတ်လပ်စွာပြောဆိုရေးသားခွင့်များကို ပိတ်ပင်ထားရာ သတင်းမီဒီယာများကို ကနဦး ပိတ်ပင်တားဆီးခြင်းများ သတင်းအမှန်ရေးသူများကို ဖမ်းဆီးထောင်ချ မှုများ ပြုလုပ်ပြီးနောက် ယခုအခါ အနုပညာဖန်တီးမှုများကို ပင် ပိတ်ပင်ရန်ကြိုးစားလာပြီး ဆင်ဆာ တင်ကာ စစ်ကောင်စီခွင့်ပြုမှ ထုတ်လုပ်ဖြန့်ချိခွင့်ရမည်ဟု ထုတ်ပြန်တင်းကျပ်လာသည်။ယင်းကြောင့် ဟိုခန်းဖြတ် ဒီအခန်းဖြတ်ဆိုသည့် အမှောင်ခေတ်ကို ပြန်ရောက်လာပြီဟု ဆိုရမည်ဖြစ်သည်။