CDM ကျောင်းသားလူငယ်တွေ စိုးရိမ်စရာဖြစ်လာတဲ့ စစ်မှုထမ်းဥပဒေ

မိုးသောက်

(မဇ္ဈိမ)။ ။ စစ်ကောင်စီက အတည်ပြုလိုက်တဲ့စစ်မှုထမ်းဥပဒေက CDMလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကျောင်းသားလူငယ်တွေအပေါ် ပိုပြီးသက်ရောက်နိုင်မလားဆိုတဲ့ စိုးရိမ်ချက်တွေ ရှိလာကြပါတယ်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးတဲ့နောက် ကန့်သတ်ထားတဲ့ အသက်ထဲ အကျုံးဝင်တဲ့ လူငယ်တွေ နေရပ်စွန့်ခွါဖို့အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ပြင်ဆင်နေကြပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်သန်းနဲ့ချီ နိုင်ငံကိုစွန့်ခွါဖို့ ရှိနေတာကြောင့် တိုင်းပြည်ရဲ့ စီးပွားရေးကိုထိခိုက်လာနိုင်ပြီး လူ့စွမ်းအားအရင်းမြစ် ဆုံးရှုံးမှုပိုဖြစ်လာမယ်လို့ လေ့လာသူတွေက ပြောပါတယ်။

သတင်း/ရုပ်သံတည်းဖြတ်-မိုးသောက်