ဆီဆိုင်မြို့မှာ ၁ လအတွင်း အရပ်သား ၃၃ ဦးသေဆုံး

ရွှေနွယ်

(မဇ္ဈိမ)။ ။ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဇန်နဝါရီလ ၂၂ ရက်နေ့က ပအိုဝ်းလူငယ်အဖွဲ့အစည်း Pao Youth Organization ရဲ့ကောက်ယူထားတဲ့စာရင်းအရ တလအတွင်း အရပ်သား ၃၃ ဦး သေဆုံးမှုရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာ၊လေကြောင်းတိုက်ခိုက်တာနဲ့ ပစ်ခတ်သတ်ဖြတ်တာ‌ တွေကြောင့် သေဆုံးရတာဖြစ်တယ်လို့ Pao Youth Organization တာဝန်ရှိသူက မဇ္ဈိမကိုပြောပါတယ်။

Pao Youth Organization ရဲ့ အချက်အလက်တွေအရ အဆောက်အအုံ ၆၇ ခု ပျက်စီးမှုရှိခဲ့ပြီး ဘာသာရေးအဆောက်ဦ ၁၂ ခုနဲ့ ဆီဆိုင်မြို့မစျေး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ သတင်းအကြောင်းအရာ အပြည့်အစုံကိုတော့ ရုပ်သံမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

တည်းဖြတ်/တင်ဆက် − ရွှေနွယ်