မန္တလေးတွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီး

မန္တလေးမြို့တွင်းလှည့်နေသည့်စစ်ကောင်စီတပ်ဖွဲ့တခု(ပုံဟောင်း) Photo CJ

007

(မဇ္စျိမ)။ ။မန္တလေးမြို့ နန်းရှေ့နှင့် အောင်ပင်လယ်ရပ်ကွက်တို့မှ လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ က နေ့ခင်းကြောင်တောင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခေါ်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“မနေ့က မနက်ပိုင်းမှာ နန်းရှေ့ ၆၃ လမ်းဘက် ဧည့်စာရင်းဝင်စစ်တယ်။ အဲဒီမှာ ခေါက်ဆွဲဆိုင်ထဲဝင်စစ် တော့ ဆိုင်ထဲမုန့်စားနေတဲ့ကောင်လေးနှစ်ယောက်ကို ဆွဲခေါ်သွားတယ်။ ရိုက်တာနှက်တာတော့ မတွေ့ လိုက်ဘူး၊ ဂုတ်ဆွဲပြီးခေါ်သွားတာ” ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက မန္တလေးနန်းရှေ့တွင် လူငယ်နှစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းအား တွေ့ရှိလိုက်သူတဦးက ပြောသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၆၃ လမ်း၊ ၁၉ လမ်းနှင့် လမ်း ၂၀ ကြားကို အရပ်ဝတ်လက် နက်ကိုင် များပါဝင်သည့်စစ်ကောင်စီတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက် ယမန်နေ့ နက်ပိုင်းက ဧည့်စာရင်းဝင်စစ်ခဲ့ ခြင်ဖြစ်သည်။

ခေါက်ဆွဲဆိုင်တဆိုင်အားစစ်ဆေးစဉ် ဆိုင်အတွင်းခေါက်ဆွဲစားနေသည့် အသက် ၂၀ ဝန်းကျင်အရွယ် လူငယ်နှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

ထို့အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ကို ဧည့်စာရင်းဝင်စစ်ပြီး ဆယ်ကျော်သက်အရွယ် လူငယ်ရှစ်ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရ သည်။

“အောင်ပင်လယ်ဘက်မှာ မနက် ၉ နာရီလောက် စ စစ်တယ်။ ၅၆ လမ်းနဲ့ ရွာလယ်လမ်းတဝိုက်က အိမ်တွေကိုဝင်စစ်ချိန်မှာ လူရှစ်ယောက်၊ ကိုးယောက်လောက်ပါသွားတယ်။ လူငယ်တွေရော၊ အသက် ၃၀ ကျော်အရွယ်တွေရောပါသွားတာ” ဟု ဖြစ်စဉ်ကိုတွေ့မြင်ခဲ့သည့် ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအုပ်စုမှ လူငယ် ၃၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သတင်းများထွက်ပေါ် နေသည်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသူအချို့ ငွေပေးပြီး ပြန်လည်လွတ်မြောက်လာသည်များရှိ ကြောင်း သတင်းထွက်နေသော်လည်း မဇ္စျိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

“ဒီနေ့လည်း အိမ်ထောင်စုစာရင်းလာစစ်မယ်ဆိုပြီး ဆယ်အိမ်မှူးတွေကိုယ်တိုင် တအိမ်တက်ဆင်းလိုက် ပြောနေတယ်။ ဘယ်အိမ် အဆွဲခံရဦးမလဲမသိဘူး” ဟု အောင်မြေသာစံမြို့နယ်၊ နန်းရှေ့ ၆၃ လမ်းအနီး နေထိုင်သူတဦးက ဖေဖော်ဝါရီလ ၂၇ ရက် ယနေ့ နံနက်ပိုင်းက မဇ္ဈိမသို့ပြောသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း အမိန့်ကြေညာစာထုတ် ပြန်ပြီးနောက် မန္တလေးမြို့၌ လူငယ်များပေါ်တာဆွဲခံနေရကြောင်း သတင်းများ ဆက်တိုက်ထွက်ပေါ်နေ သည်။

စာတည်း။ ။စောဖေ