အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား သေဆုံး

ရောင်နီ (မဇ္ဈိမ)။ ။မန္တလေးမြို့ အိုးဘိုထောင်တွင် ထောင်ဝန်ထမ်းများရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်သည်။ ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်(ခေါ်)ထက်ထက်(၂၃ နှစ်)သည် အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေ…

မန္တလေးမြို့၏ အထင်ကရနေရာများတွင် ပန်းသပိတ်လှုပ်ရှားမှုများ ပြုလုပ်

ပုံအညွှန်း – အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေး ကော်မတီ (မန္တလေး) – AFCC (MDY)။ စိုင်းခန့် မဇ္ဈိမ။ ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်…

မန္တလေးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး အနီးကပ်ပစ်ခတ်ခံရပြီး သေဆုံး

ပုံအညွှန်း- မန္တလေးမြို့ နာရီစင်ကို တွေ့ရစဉ် ၀၀၈ (မဇ္ဈိမ) ။ ။ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲလွင်သည် ယနေ့ (ဇွန် ၅ ရက်)၊ နံနက် ၈ နာရီခန့်က…

မန္တလေးမြို့၊မြဝတီဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ

008 (မဇ္ဈိမ)။ ။မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြဝတီဘဏ်သည် ယနေ့(မေ ၂၁ရက်)နံနက် ၁၁နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံအချို့က မဇ္ဈိမကိုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် အလှည့်ကျ လုံခြုံရေးယူထားသည့် ဘဏ်လုံခြုံရေးဂိတ်တဲနှင့်ဘဏ်ရှေ့ကို ဗုံးပစ်တိုက်ခိုက်သွားခြင်းဟု…

စစ်မှုထမ်းဥပဒေ ဆန့်ကျင်ရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းရန် လှုံ့ဆော်စာများ ဖြန့်ဝေ

ဓါတ်ပုံ-ပေးပို့ ဂျူချန်း (မဇ္ဈိမ)။ ။ ရန်ကုန်မြို့နှင့် မန္တလေးမြို့ လူစည်ကားရာနေရာအချို့တွင် စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းစုဆောင်းခံရသူများအနေဖြင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်ရန် လှုံ့ဆော်သည့်စာများကို ယနေ့(မေ ၁၉ ရက်နေ့)တွင် ဖြန့်ဝေခဲ့ကြကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့ထံမှ သိရသည်။…

မန္တလေးက စစ်မှုထမ်းစာရင်းလိုက်ကောက်သည့် အုပ်ကြီးနှင့်အဖွဲ့ ဗုံးပစ်တိုက်ခိုက်ခံရ

007 (မဇ္ဈိမ)။ ။ မန္တလေး မဟာအောင်မြေမြို့နယ်တွင်၊ ယမန်နေ့ မတ်လ ၁၈ ရက်နေ့ ညနေပိုင်းက၊ ရပ်ကွက်အတွင်းစစ်မှုထမ်း စာရင်းလိုက်ကောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရကြောင်း သတင်းရရှိသည်။ “မနေ့က တနေကုန် အုပ်ကြီးနဲ့ ပျူ(ပျူစောထီးအဖွဲ့)တွေ…

မဏ္ဍပ်ဆောက်လုပ်ရန် အခွန်ကင်းလွတ်ခွင့်ပေး၍ မန္တလေးသင်္ကြန်စီကာရန် စစ်ကောင်စီစည်းရုံးဟုဆို

ပုံအညွှန်း- ပြည်သူ့အစိုးရလက်ထက် မန္တလေးသင်္ကြန်။(Photo-CJ) 007မဇ္ဈိမ ။ ။မန္တလေးတွင် သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန် အခွန်ကင်းလွတ်ခွင့် ပေးခြင်းမှာ မန္တလေးသင်္ကြန် စည်ကားရန် စစ်ကောင်စီက စည်းရုံးနေခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။ “အရင်ကတော့ မဏ္ဍပ်နေရာရဖို့အတွက်၊ ငွေနဲ့လိုက်ရတယ်။ မဏ္ဍပ်ဆောက်ခွင့်အတွက် တရားဝင်…

မန္တလေးမြို့တွင် လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံးအခြေအနေဖြင့်ရင်ဆိုင်နေရ

007 (မဇ္စျိမ)။ ။မန္တလေးမြို့တွင် စစ်အာဏာသိမ်းသုံးနှစ်ပြည့်ပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှု အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း ဒေသခံပြည်သူများကပြောသည်။ “အခု လက်ရှိအနေအထားအရပြောရရင်၊ မီးလာချိန်က ၂၄ နာရီမှာ ဆက်တိုက်လာချိန် တနာရီလောက်ပဲရှိ တော့တယ်၊ တနာရီထက်ကိုမပိုတော့ဘူး၊ နေ့ပျက်၊ ညပျက်၊ မနက်ပျက်နဲ့…

မန္တလေးတွင် စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီး

မန္တလေးမြို့တွင်းလှည့်နေသည့်စစ်ကောင်စီတပ်ဖွဲ့တခု(ပုံဟောင်း) Photo CJ 007 (မဇ္စျိမ)။ ။မန္တလေးမြို့ နန်းရှေ့နှင့် အောင်ပင်လယ်ရပ်ကွက်တို့မှ လူငယ် ၁၀ ဦးထက်မနည်းကို စစ်ကောင်စီ က နေ့ခင်းကြောင်တောင် ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခေါ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ “မနေ့က မနက်ပိုင်းမှာ…

စစ်တပ်က ပေါ်တာဆွဲသည့် သတင်းကြောင့် မန္တလေးတွင် ညပိုင်းလူသွားလူလာ နည်းပါး

ပုံအညွှန်း – မန္တလေးမြို့ ညဘက်မြင်ကွင်း(ပုံဟောင်း) 007 (မဇ္စျိမ) ။ ။ မန္တလေးမြို့တွင် စစ်ကောင်စီတပ်က ပေါ်တာဆွဲနေသည့် သတင်းများ ယခုရက်ပိုင်းအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ယင်းကြောင့် ညနေပိုင်း လမ်းမများပေါ်တွင် ယခင်ကထက် လူသွားလူလာ…