မင်းပြားမြို့ရှိ အမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်း ကို AA က အလုံးစုံသိမ်းပိုက်ပြီ

002

မင်းပြားမြို့ ကမ်းနီရွာ အနီးရှိအမှတ် (၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို AA က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ အလောင်းများနှင့် လက်နက်ခဲယမ်းအ‌မြောက်အမြားရရှိခဲ့သည်။

ရခိုင်ပြည်နယ်တွင် တခုတည်းသော စစ်သင်တန်းကျောင်းကို AA က ဖေဖော်ဝါရီ ၁၇ ရက်မှစတင်ကာ ထိုးစစ်ဆင်ခဲ့ပြီး ဆယ်ရက်ခန့် အကြာ ဖေဖော်ဝါရီ ၂၇ ရက် ည ၇ နာရီတွင် အလုံးစုံသိမ်းပိုက်နိုင် ခဲ့သည်။

တိုင်းဗဟို (၉) ဟုလည်း‌ခေါ်ဆိုသည့် အဆိုပါ သင်တန်းကျောင်းကို စစ်‌ကောင်စီဘက်မှ လေကြောင်းပစ်ကူများ မရပ်မနားခုခံတိုက် ခိုက်ခဲ့ပြီး လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ခုခံခဲ့သော် လည်း လက်လွှတ်လိုက်ရခြင်းဖြစ်သည်။

သင်တန်းကျောင်းအတွင်းမှ စစ်ကောင်စီအလောင်း၊ စစ်လက်နက် ခဲယမ်းအမြောက်အမြားအား သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။

ထို့ပြင် ထိုးစစ်ဆင်တိုက်ခိုက်နေသော ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောမြို့ရှိ ရန်သူ့စခန်းများကိုလည်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရန်အတွက် ထိုးစစ်ဆင်နေသည်ဟု AA က ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ လေ့ကျင့်ရေးသင်တန်းကျောင်းများ အနက် ရခိုင်ပြည်နယ်ရှိ လေ့ကျင့်ရေးသင်တန်းကျောင်းမှာ ပထမဆုံး သိမ်းပိုက်ခံရခြင်းဖြစ်သည်။

စစ်ဆင်ရေး ၁၀၂၇ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ရခိုင်ဒေသစစ် ဆင်ရေးအား AA က ယခင်နှစ် နိုဝင်ဘာ ၁၇ ရက်တွင် စတင်ခဲ့ပြီး သုံးလကျော်အကြာတွင် ရခိုင်ပြည်နယ်မြို့ငါးမြို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့များကို သိမ်းပိုက်ထားသည်။