စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တိုက်လေယာဥ်ပျက်ကျ မီးလောင် (ရုပ်/သံ)

ကိုခင်မောင်

(မဇ္ဈိမ)။ ။မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစီးပျက်ကျပြီး မီးလောင်ပျက်စီးသွားတယ်လို့ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပျက်ကျတဲ့နေရာမှာ လုံခြုံရေးချထားပြီး လေယာဉ်မှူးတွေကို ရဟတ်ယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်သွား တယ်လို့ မင်းဘူးခရိုင်းပကဖတာဝန်ခံကိုအညာသားက ပြောပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ် ကြိုဝန်းကြီးကျေးရွာအနီးက လယ်ကွင်းထဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန်က စစ်ကောင်စီလေတပ်က တိုက်လေယာဉ်တစီးပျက်ကျ သွားခဲ့တာပါ။

သတင်း/တင်ဆက်= ကိုခင်မောင်
တည်းဖြတ်= ကိုသန့်စင်