နပခ တိုင်းမှူး​အသစ် ဗိုလ်မှူးချုပ်​ကျော်စွာဦးဖြစ်​ကြောင်း စစ်​​ကောင်စီဖော်ပြ

အ​နောက်ပိုင်းတိုင်းစစ်တိုင်းမှူးအသစ် ဗိုလ်မှူး​ချုပ်​ကျော်စွာဦး

ဓါတု

(မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်၊ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး​အသစ်မှာ ဗိုလ်မှူးချုပ်​ကျော်စွာဦးဖြစ်​ကြောင်း စစ်​ကောင်စီဝါဒဖြန့်သတင်းစာတွင်ဖော်ပြထားသည်။

နပခ တိုင်းမှူး​ ဗိုလ်ချုပ် ထင်လတ်ဦး​နေရာတွင် ဗိုလ်မှူးချုပ်​ကျော်စွာဦးကိုတိုင်းမှူးအသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ခြင်း ဖြစ်သည်။

ယင်းတိုင်းမှူးအသစ်သည် ယခင်ကတနင်္သာရီတိုင်းရှိ ကမ်းရိုးတန်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦး ဖြစ်ပြီး ၎င်းသည် တိုက်ခိုက်ရေးကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဖြစ်သည်။

စစ်​ကောင်စီသတင်းစာထဲတွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်က စစ်​တွေမြို့ရှိ လောကာနန္ဒာ စေတီတော်တွင် ကျင်းပ​သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆပ်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် ဗိုလ်မှူးချုပ်​ကျော်စွာဦးက ဆပ်ကပ်လှူဒါန်း​နေသည်ကို ရာထူးနှင့်တကွ​ဖော်ပြထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးအား စစ်ကောင်စီက ရာထူးမှဖယ်ရှားပြီး အရန်အင်အားသို့​ ပြောင်းရွှေ့အရေးယူလိုက်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းရင်းမြစ်များထံက သိရသည်။

၎င်း​နေရာတွင် အမှတ် (၇၇) တပ်မမှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဟန်ကို အစားထိုးမည်ဟု သတင်းများထွက်​ပေါ်ခဲ့​​သော်လည်း ဗိုလ်မှူးချုပ်​​ကျော်စွာဦးကို ခန့်အပ်လိုက်ခြင်းဖြစ်သည်ကို​ တွေ့ရသည်။

တိုင်းမှူးအသစ်​ပြောင်း​ရွှေ့ပြီး​နောက် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် မတ်လ ၂၄ ရက်မှစ၍ ယ​မန်နေ့မတ်လ ၂၅ ရက်အထိ ရက္ခိုင့်တပ်​တော်(AA)နှင့်စစ်​ကောင်စီတို့နှစ်ဘက်ထိ​တွေ့တိုက်ပွဲပြင်းထန်​နေဆဲဖြစ်သည်။

ရက္ခိုင့်တပ်​တော်(AA)သည် ၂၀၂၃ နိုဝင်ဘာလ ၁၃ရက်မှ စတင်ခဲ့သည့်စစ်ဆင်ရေးအတွင်း ရခိုင်ပြည်နယ်ရှိမြို့ကိုးမြို့ကိုသိမ်းပိုက်ထိန်းချုပ်ထားသည်။

ရခိုင်စစ်မျက်နှာ၌ အကျအဆုံးများနေသည့် အခြေအနေကြောင့် ယခုကဲ့သို့ ရာထူးအ​​ပြောင်းအ​ရွှေ့ပြုလုပ်ခြင်းဖြစ်​ကြောင်း တပ်တွင်းနီးစပ်သူများကဆိုသည်။

လက်ရှိ ရခိုင်ပြည်နယ်​တွင် အမ်းမြို့နယ်အပါအဝင် ဘူးသီး​တောင်နှင့်မောင်​တောမြို့တို့၌ နှစ်ဘက်ထိ​တွေ့တိုက်ပွဲများ ပြင်းထန်​နေပြီး စစ်​ရေးတင်းမာ​​နေဆဲဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)