သတင်းသမားအပါအဝင် ၇ဦးကို သတ်ဖြတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံအရာရှိတွေဝန်ခံ

မိုးသောက်

(မဇ္ဈိမ)။ ။စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ သတင်းထောက် ကိုဖိုးသီဟ အပါအဝင် ခုနှစ်ဦးကို သတ်ဖြတ်လိုက်တယ်လို့ ဒုတိယရဲမှူးကြီးခင်မောင်စိုးက ဝန်ခံထားတဲ့ရုပ်သံဖိုင်တခုကို ဖေဖော်ဝါရီလ ၂၉ရက်နေ့မှာ ရက္ခိုင့်တပ်တော်က ထုတ်ပြန်ပါတယ်။

၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်းက ရခိုင်ပြည်နယ်မြောက်ဦးမြို့ နေအိမ်မှာ ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကိုဖိုးသီဟအပါအဝင် ခုနှစ်ဦးကို ခမရ (၃၇၈) တပ်ရင်းက သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုမျိုးစစ်ကောင်စီရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ မြန်မာသတင်းမီဒီယာကောင်စီ IPCMက မနေ့က ထုတ်ပြန်ကြေညာပါတယ်။

သတင်း/ရုပ်သံတည်းဖြတ်-မိုးသောက်

သတင်းထောက်

သတင်းမီဒီယာကောင်စီ

ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ်


လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U