တိုက်ပွဲမရှိဘဲ တပ်တောင်မြို့ကို စစ်ကောင်စီက ဗုံး ၅လုံးကြဲတိုက်ခိုက် ၊ နေအိမ်များမီး​လောင်ပျက်စီး

ပုံအညွှန်း- စစ်ကောင်စီလေယာဥ် (ဓာတ်ပုံ- ပုံဟောင်း)

ပုံအညွှန်း- စစ်ကောင်စီလေယာဥ် (ဓာတ်ပုံ- ပုံဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ၊တပ်တောင်မြို့ကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ​လေ​ကြောင်းမှဗုံးဖြင့် ငါးကြိမ်ကြဲတိုက်ခိုက်သဖြင့် ​အရပ်သား​နေအိမ်များမီး​လောင်ပျက်ဆီးသွား​ကြောင်း ​​နီးစပ်သည့်ဒေသခံများထံက သိရသည်။

ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ က တိုက်လေယာဉ်ဖြင့် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှ မိုင် ၂၀ အကွာအဝေးရှိ အတပ်​တောင်မြို့ မြို့မရဲစခန်းနှင့်​နေရာအချို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံသတင်းရင်းမြစ်တဦးက မဇ္စျိမကို​ပြောသည်။

“မျက်မြင်​တွေ​ပြောတာ တိုက်​လေယာဥ်အဖြူနဲ့လာပစ်တာ။ ၁၀ မိနစ်အတွင်း တ​ခေါက်လာ တလုံး ကြဲ​နေတာ။ စခန်းကိုစွန့်ခွာ​ပြေးတဲ့ စစ်​ကောင်စီတပ်​နေတဲ့​နေရာ​တွေကြဲတယ်။ ရက္ခိုင့်တပ်​တော်(AA)တွေ လာ​ရောက်​နေထိုင်မလားဆိုပြီး သံသယနဲ့ပစ်တာလည်း ဖြစ်​နိုင်တယ်။ ​ဘေးကိုပစ်တယ် ။ စာသင်​ကျောင်းကိုလည်း ပစ်တယ် ​နေအိမ်​တွေလည်းပစ်တယ် ။ မီး​​လောင်တာက​တော့ ​နေအိမ်​​တွေ အထိအခိုက်အတိအကျ​တော့ မသိရသေးဘူး။ အထိအခိုက် အသေအပျောက် ရှိနိုင်တယ်။ မနက်ကလာပစ်ပြီး အခု​တော့ထပ်မပစ်​သေးဘူး” ဟု ၎င်းက​ ပြောသည်။

လက်ရှိတွင် တပ်တောင်မြို့ခံများနှင့် အဆက်အသွယ်ရရှိနိုင်ရန် ဖုန်းလိုင်းအခက်အခဲရှိနေပြီး ပျက်စီးမှုများနှင့် ကျန်အခြေအနေများသိရှိနိုင်ရန် မဇ္ဈိမက ကြိုးစားဆက်သွယ်နေဆဲဖြစ်သည်။ပြီးခဲ့သည့် ​ဖေ​ဖော််ဝါရီလဆန်းပိုင်းက တပ်​​တောင်မြို့မရဲစခန်းမှ စခန်းမှူးအပါအဝင် အင်အား ၂၀ ​ကျော်သည် စစ်မတိုက်ချင်၍ အမ်းမြို့သို့ ထွက်​ပြေးရာ စခန်းမှူးအပါ သုံးဦးအား အမ်းမြို့ရှိ စစ်​ကောင်စီက ပြန်လည်ဖမ်းဆီးခဲ့သည်။ ယင်းတို့ သုံးဦးအနက် စခန်းမှူးမှလွဲ၍ ရဲတပ်ကြပ်အဆင့်ရှိကျန်နှစ်ဦးသည် စစ်ကောင်စီတပ်ထံမှ ထွက်ပြေးနိုင်ခဲ့ပြီး ရက္ခိုင့်တပ်​​တော်( AA )ထံခိုလှုံသွား​ကြောင်းအမ်းမြို့​ဒေသခံများထံသိရသည်။

ထို့​ကြောင့် ယ​နေ့တွင် အဆိုပါရဲစခန်းနှင့်အနီးတဝိုက်ရှိစာသင်ေကျာင်း၊နှင့် ဒေသခံနေအိမ်များကိုဦးတည်ပစ်ခတ်ခြင်းဖြစ်နိုင်​ကြောင်း​ဒေသခံများကဆိုသည်။တပ်တောင်မြို့ကို စစ်​ကောင်စီတပ်မှလျှပ်စစ်မီးဖြတ်​​တောက်ထားသည်မှာ ​ခြောက်ရက်ခန့်ရှိပြီဖြစ်ပြီး ဖုန်းလိုင်းများလည်း အချိန်ဖြင့်ကန့်သတ်ဖြတ်​တောက်ထား သည်။ ထို့အပြင်ပြီးခဲ့သည့်ရက်ပိုင်းကအမ်းမြို့နှင့်ဆက်သွယ်ထားသည့် ကားလမ်းများကိုလည်း စစ်ကောင်စီတပ်က ​မြေတူးစက်ဖြင့်မြောင်းဖော်ဖြတ်တောက်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက်ပိုင်းကလည်း တိုက်ပွဲမရှိသည့်စစ်တွေမြို့ မြို့မဈေးအား စစ်ကောင်စီမှလက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၂ ဦးသေဆုံး၍ ၈၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့​ကြောင်းရက္ခိုင့်တပ်​တော်( AA) က ထုတ်ပြန်ထားသည်။

ပုဏ္ဏားကျွန်း၊ ဘူးသီး​တောင်၊ ​​မောင်​တောတွင်တိုက်ပွဲများပြင်းထန်​နေပြီးရခိုင်ပြည်နယ်​တောင်ပိုင်းသို့တ​ဖြည်းဖြည်း တိုက်ပွဲစိမ့်ဝင်လာသည့်ရက္ခိုင့်တပ်​​​တော်(AA)၏ထိုးစစ်အရှိန်​ကြောင့် စစ်​ကောင်စီတပ်မှအပြင်းအထန်ခုခံတိုက်ခံ​နေရ၍ တိုက်ပွဲမရှိသည့်​​ဒေသများတွင် စစ်​ရေးပစ်မှတ်မဟုတ်သည့်အရပ်များတည်ရှိရာ​နေရာများသို့ စစ်​ကောင်စီကပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး