တိုက်ပွဲကြောင့် အရှေ့တောဒေသက ရာနဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရ (ရုပ်သံ)

ကိုရွှေမြိတ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်ကစလို့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးတာ၊ လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေလို့ ဒေသခံ ၇,၀၀၀ လောက် စစ်ရှောင်နေရတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

တင်ဆက်/တည်းဖြတ် = ကိုရွှေမြိတ်