စစ်ကောင်စီကတပ်စွဲထားလို့ ချောင်းနှစ်ခွဒေသခံတွေ နေရပ်မပြန်နိုင်သေး

YT

(မဇ္ဈိမ)။ ။မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာက စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီ တပ်က ကျေးရွာအတွင်းတပ်စွဲထားတဲ့အတွက် လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံ တွေနဲ့ စစ်ဘေးရှောင်တွေကို အကူအညီပေးသူတွေထံက သိရပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ဒီဇင်ဘာလနောက်ဆုံးပတ်အထိ ချောင်းနှစ်ခွအပါအဝင် အနီးအနားကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ နီးပါးမှ ဒေသခံ ၂၀,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ကြရတာပါ။

လက်ရှိအချိန်ဟာ စပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် စိုက်ပျိုးရေးကို အဓိကထားတဲ့ ချောင်းနှစ်ခွကျေးရွာ က ဒေသခံတွေဟာ မိမိတို့ရဲ့ စပါးခင်းတွေမှာ စပါးရိတ်သိမ်းဖို့ သွားပေမယ့် စစ်ကောင်စီက ရိတ်သိမ်းခွင့် မပြုဘဲ လူရိပ်မြင်ပါက သေနတ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်တယ်လို့ ဒေသခံထံက သိရပါတယ်ရှင်။