နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၁ မတ် ၂၀၂၄)

ပုံအညွှန်း - ယနေ့ချီတက်ခဲ့သည့် သပိတ်အင်အားစုများ / ဓါတ်ပုံ - ရွာပေါင်းစုံသပိတ်ကော်မတီ

အမျိုးသားညီညွတ်ရေး အစိုးရ

  • ယနေ့ ကျရောက်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည် ထောင်ခြင်း (၃၅) နှစ်မြောက်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလ က သဝဏ်လွှာ ပေးပို့လိုက်သည်။
  • အမျိုးသား ညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြည်သူ့ရေးရာနှင့် နိုင်ငံရေးဆိုင်ရာစာချုပ်တွင် အဖွဲ့ဝင်နိုင်ငံဖြစ်ရေးအတွက် ဆွေးနွေးမှုကို ဂျီနီဗာမြို့ ၊ ကုလသမဂ္ဂရုံးရှိ(Palais Wilson) တွင်ပြုလုပ်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
  • စစ်ကောင်စီ၏ တရားဝင်မှုရရှိရေး ကြိုးပမ်းနေမှုကို လက်မခံရန် နှင့် ကုလသမဂ္ဂအနေဖြင့် မြန်မာ့ အရေး ကို ယခုထက်ပိုပြီး လုပ်ဆောင်အောင် ဝိုင်းဝန်းဖိအားပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့ အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တောင်းဆိုလိုက်သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၁၁ ရက်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရ သည်။
  • လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တိုက်ပွဲ ဆင်နွှဲမှု ၃ နှစ်ပြည့် မြောက်ခဲ့ပြီ ဖြစ်ပြီး သုံးနှစ်ပြည့် သပိတ်တိုက်ပွဲတွင်  “ဖက်ဒရယ်ပြည်ထောင်စုသို့ချီ ဖက်ဆစ် စိတ်ဓာတ်အမြစ်ဖြတ်မည်” စာသားကိုကိုင်စွဲကာ စစ်အာဏာရှင်တိုက်ဖျက်ရေး ချီတက်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာသို့  စစ်တပ်က ယနေ့ မတ် ၁၁ ရက်၊ နံနက်ပိုင်းက ပစ်ခတ်ဝင်ရောက်လာသဖြင့် ပြည်သူ ၁ ဦးသေ ဆုံးပြီး နေအိမ်အများအပြားကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံ ပြည်သူများက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ စစ်ကိုင်း-မုံရွာ ကားလမ်းအနီးရှိ တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီကရီကောလိပ်သို့လာရောက်မည့် စစ်ကောင်စီ လက်‌အောက်ခံ စက်မှု၀န်ကြီးဌာန ဒု၀န်ကြီး၏ လမ်း ကြောင်းအတွက် လုံခြုံရေး တာ၀န်ယူပေးရသည့် ရဲတပ်ဖွဲ့၀င်များကို ဒေသအခြေစိုက် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုက မတ်လ ၉ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ ဒု၀န်ကြီး တစ်ဦး၏ လမ်းကြောင်းအတွက် လုံခြုံရေးတာ၀န် ယူပေးနေသည့် ရဲတပ်ဖွဲ့၀င်များ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးမှု ရှိသည်ဟု စစ်ကိုင်းမြို့ခံ တော်လှန်ရေးသတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ က မတ်လ ၉ ရက် ယမန်နေ့က ထုတ်ပြန်ထားသည်။
  • စစ်ကိုင်းတိုင်း၊ ကနီမြို့တောင်ဘက်ရှိ မုဋ္ဌောကျေးရွာကို စစ်ကောင်စီတပ်က ယမန်နေ့ မတ်လ ၁၀ ရက်၊ နံနက် ၁၁ နာရီခွဲ အချိန်တွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်သွားသည်ဟု ဒေသခံ သတင်းရင်းမြစ် များ က ပြောသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာများကို မီးရှို့နေသော စစ် ကြောင်း နှင့် ချောင်းဦးမြို့ ပေါ်တွင် ကင်း လှည့်နေသော စစ်သားများကို မတ် ၁၁ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် BLDF တပ်ခွဲအညာမိုင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျေးရွာတစ်ရွာတွင် လေယာဥ်ဆီများ သယ်ယူပို့ဆောင်နိုင်ရန် ထောက်ပံ့ ပေးနေသော အာမခံလုပ်ငန်းများအား ရပ်တန့်ပေးပါရန် သက်ဆိုင်ရာ အစိုးရများဖြစ်သည့် US, UK, EU အစိုးရတို့အား ရည်ရွယ်၍ တောင်းဆိုပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဥ်းထောင်တွင် ထောင်တွင်း ကျန်းမာ ရေး ညီညွတ်မှု မရှိခြင်း၊ ထောင်က ကျွေးသည့် ထမင်း နှင့် ဟင်းများတွင် ဗီတာမင်ဓာတ်ပါဝင်မှုနည်းခြင်း တို့အပါအဝင် ထောင်တွင်း အကျဉ်းသားများကို ထားရှိသည့် ပုံစံကြောင့် အကျဉ်းသားများ တစ်လလျှင် ၂ ဦးမှ ၅ ဦးခန့် အောက်ပိုင်းချိသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများကွန်ရက်မှ ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
  • စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်အတွင်းရှိသည့် ကျေးရွာများတွင် စစ်ဘေးရှောင်နေရသည့် စစ်ရှောင်ပြည်သူများကို CDM ကျန်းမာရေးဆရာများက ဆေးကုသမှု လုပ်ဆောင်ပေးနေရသည်ဟု ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့ရေးအဖွဲ့ထံမှ သိရသည်။
  • မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် ယမန်နေ့ မတ်လ ၁၀ ရက် ညနေပိုင်းက အရပ်ဝတ်ဖြင့် အပြင်ထွက် လာသည့် စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု WTRF (Wundwin Township Revolution Force) အဖွဲ့က သတင်းထုတ်ပြန်သည်။
  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အနီးတွင် စစ်ကောင်စီ တပ်နှင့် ဒေသကာကွယ်ရေး တပ်များအကြား စစ်ရေးတင်း မာနေသဖြင့် တွင်းငယ်-ကြာညှပ်-တကောင်းလမ်းပိုင်းကို အကန့် အသတ် မရှိ ပိတ်ထားမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန် သည်။
  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကြာပွားကျေးရွာ ဘုန်းကြီး ကျောင်းအတွင်း ဝင်ရောက်လာသည့် စစ်သားများကို ယမန်နေ့ မတ် ၁၀ ရက်၊ ညပိုင်းက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း ၈ Nathogyi Region Defense Force – NDRF တပ်ဖွဲ့တာဝန်ခံ ကိုလင်းလတ်၏ ပြောဆို ချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) သို့ အသစ် ဝင်ရောက်လာသော ရဲဘော်သစ်များကို အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် ၁ ကို ပို့ချပြီး၍ သင်တန်း ဆင်းခဲ့ပြီ ဖြစ်ကြာင်း တံတားဦး ပကဖ ထံမှ သိရသည်။
  • မကွေးတိုင်း၊ ဆောမြို့နယ်အတွင်းရှိ  နွေဦးရောင်နီ စစ်ရှောင်စခန်းသို့ Save For Yaw အဖွဲ့က ဆန် အိတ်များ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
  • ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် (၁) ဘက်ခြမ်းရှိ စွန်တောင်ကျေးရွာတွင် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကျင်းပစဥ် မတ်လ ၈ ရက်က စစ်ကောင်စီတပ်က လေကြောင်းမှ ဗုဲးကြံတိုက်ခိုက်ခဲ့သဖြင့် အသက် ရှစ်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မင်းတပ် ပြည်သူ့ အုပ်ချုပ်ရေး တာဝန်ရှိသူထံမှ သိရသည်။
  • ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား−ဗန်းမော်လမ်းပိုင်းရှိ အောင်မြေ (၂) ရွာ၊ အောင်မြေ (၁) ရွာ နှင့် ရွှေညောင်ပင် ကျေးရွာ တို့တွင် စစ်ကောင်စီတပ် နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲများ ပြင်းထန်နေပြီး အဆိုပါ တိုက်ပွဲများအတွင်း အရပ်သား ထောင်နှင့်ချီ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေသည်ဟု ဒေသခံများက ပြောသည်။
  • မွန်ပြည်နယ်တွင် စစ်ဆင်ရေးဖော်ဆောင်မည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့် အသွားအလာဂရုစိုက်ရန် ရေးဘီလူးအဖွဲ့ အသိပေးပြော ဆိုသည်။
  • မြန်မာနိုင်ငံမှ အကြမ်းဖက်စစ်အုပ်စုထံသို့ လေယာဉ်ဆီတင်ပို့ရောင်းချနေခြင်း နှင့် သယ်ယူ ပို့ဆောင် ရေးတွင် ရေကြောင်းအာမခံ ပေးနေမှုများကို ဖြတ်တောက်ပိတ်ဆို့ပေးရေး ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှုကို ယနေ့ စတင်လိုက်ကြောင်း Blood Money Campaign က တရားဝင် ကြေညာသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • ကိုးကန့်ရွှေရောင်နေ့ရက်များ အချိန်တိုတိုအတွင်းမှာ ပြည်လည်ရောက်ရှိစေရန် ညီနောင် မဟာမိတ် တပ်ဖွဲ့ဝင်များ ဖြစ်သည့် TNLA နှင့် AAက ညီရင်းအစ်ကိုစိတ်အပြည့်ဖြင့်  ဆုမွန်ကောင်း တောင်းပေး သည်ဟု ယနေ့ကျရောက်သည့် (၃၅)နှစ်မြောက် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မ တော်နေ့ အခမ်းအနားကို ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာရှိ စစ်စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မတ်လ ၉ ရက်၊ ညပိုင်းက လက်နက်များ စွန့်ကာ ထွက်ပြေးသွားပြီး လက်ရှိတွင် ထိုစခန်းကို KIA နှင့် KPDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထားကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကသိုင်းတောင်မှ ဆင်းလာသော ကား ၅ စီးပါ စစ်ယာဉ်တန်းကို မတ်လ ၁၀ ရက်၊ မွန်းလွဲပိုင်းက KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကား ၁ စီး ပျက်သွားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။
  • ကချင်ပြည်နယ်၊ KIO ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီ၏ နော်ရာစင်ခန်ဘွမ်တောင်စခန်းကို KIA ဦးဆောင်သော ပူးပေါင်းတပ်များက ယမန်နေ့ မတ် ၁၀ ရက်က သိမ်းပိုက်ရရှိကြောင်း KIA သတင်း ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီ နော်ဘူက ပြောသည်။
  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့တွင် ခမရ (၃၅၅) တပ်ရင်း နှင့် ရဲစခန်းနေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု KNU တပ်မဟာ (၆)ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။
  • ပဲခူးတိုင်း ၊ ညောင်လေးပင် ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး ဒရုန်းများဖြင့် ပစ်ခတ် ဗုံးကျဲခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ်  ၄ လုံးပျက်စီး၊ ကျေးရွာ ၂၅ ရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဆီဆိုင်မြို့ နှင့် ဟိုပုံးမြို့နယ်တွင် ယမန်နေ့ မတ်လ ၁၀ ရက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများ အသုံးပြု ပစ်ခတ်တိုက်ခိုက်နေခြင်းတို့ကြောင့် နေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ပြာကျခဲ့ကြောင်း PNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
  • ကရင်နီ (ကယား) ပြည်နယ်၊ ရှားတောမြို့ကို KNDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များက အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ဗိုလ်မှူးကြီးများအပါအဝင် တပ်ဖွဲ့ဝင် (၁၆၀) ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်ဟု KNDF က ယမန်နေ့က ထုတ်ပြန်သည်။
  • ကရင်နီ (ကယား) ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဖားဆောင်းလမ်းခွ နှင့် စေတီကုန်း၌ တပ်စွဲထားသော စစ်တပ် စခန်းများကို မတ်လ ၉ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ခန့် သေဆုံး ပြီး လက်နက် ၁၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီပြည် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (KPLA) တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • ချင်းပြည်နယ် ၊ ဟားခါးမြို့မှ ရဲတပ်သားတဦးသည် လက်နက်၊ ခဲယမ်းများ ယူဆောင်ပြီး ခိုလှုံလာသဖြင့် ဆုငွေချီးမြှင့်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF -Hakha) က မတ်လ ၁၀ ရက် ယမန်နေ့တွင် ထုတ်ပြန်သည်။
  • တအာင်းပြည်နယ်အတွင်း လာမယ့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အတွက် ပြည်သူတရပ်လုံး ပါဝင်နိုင်သည့် ဒေသအခြေပြု ဖက်ဒရယ်မူဝါဒ  အခြေခံ ပညာအထက်တန်းကျောင်းပေါင်း ၅၀၀ ကျော်ကို တိုးချဲ့ ဖွင့်လှစ်သွားမည်ဟု တအာင်းပြည်အမျိုးသားပညာရေးကောင်စီ (Ta’ang Land Education Council) က ယမန်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီ

  • စစ်မှုထမ်းဟောင်းများကို အရန်တပ်ဖွဲ့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်မည့် အရန်တပ်ဖွဲ့ နည်းဥပဒေများကို မတ်လ ၁၀ ရက် ရက်စွဲဖြင့် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာလိုက်သည်။
  • စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ် ငန်း ဦးစီးဌာနက ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူထိန်းသိမ်းထားသည့် ငါးဖမ်း၊ ငါးသယ်ရေယာဉ် ၅၇ စီးကို ရောင်းချသွားမည် ဖြစ်သည်ဟု ကြေညာထားသည်။
  • စားသုံးသူရေးရာ ဥပဒေအရ ထုတ်ကုန်များတွင် မမြင်နိုင်သည့် သဘာဝဓာတ်ပြောင်းလဲမှုများနှင့် ပတ် သက်သည့် အချက်အလက်များကို ကုန်စည်ရောင်းချသူများအနေဖြင့် စားသုံးသူများကို ထင်ရှားစွာ အသိပေးရမည်ဖြစ်ပြီး ကုန်စည်အာမခံချက် ၇ ချက်နှင့်အညီ လိုက်နာလုပ်ဆောင်ကြရန် စစ်ကောင်စီ လက်အောက်ခံစားသုံးသူရေးရာဦးစီးဌာနက အသိပေးထားသည်။
  • ဗီဇာကြေး၊ နိုင်ငံကူး လက်မှတ်စာအုပ်ကြေး၊ ပျောက်ဆုံးဒဏ်ကြေး၊ ဝင်ငွေခွန် စသည့် ပေးသွင်းသည့်အခါ ငွေပမာဏ အတိ အကျကိုသာ ပေးသွင်းကြရန် စစ်ကောင်စီ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က မြန်မာသံရုံးက အသိပေးထားသည်။
  • စစ်ကောင်စီကျင်းပသည့် ၂၀၂၄ ခုနှစ် စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့ မတ် ၁၁ ရက်၊ နံနက်ပိုင်းမှ စတင်ကာ နိုင်ငံတစ်ဝန်း၌ စတင်ကျင်းပနေပြီ ဖြစ်သည်။
  • ရန်ကုန်-မန္တလေးအမြန်လမ်းတွင် စစ်ကား မိုင်းဆွဲခံရမှု မသိရှိမှုဖြင့် လမ်းအင်ဂျင်နီယာများ အရေး ယူခံရကြောင်း စစ်ကောင်စီဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသတင်းရင်းမြစ်က ပြောသည်။
  • ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းရှိ ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားပေါ်တွင် မတ် ၁၀ ရက်၊ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
  • ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် လူငယ်များအား စာရင်းကောက်ယူမှုများ ပြုလုပ်နေပြီး စစ်မှု ထမ်းရန် စည်းရုံးသည့်စာများ လိုက်ဝေနေသည်ဟု ဒေသခံများထံမှ သိရသည်။

မတ် ၁၁ သုံးသပ်ချက်

  • စစ်တပ်တွင် အင်အားပြုန်းတီးမှုများနေသည့်အတွက် စစ်မှုထမ်းများကို အပူတပြင်း ပြန်လည်ဆင့်ခေါ် တာဝန်ထမ်းဆောင်ခိုင်းရန် စစ်ကောင်စီက အရန်တပ်ဖွဲ့ နည်းဥပဒေကို ပြဋ္ဌာန်း ထုတ်ပြန် လိုက်သည်။ ယင်းကြောင့် မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အတွင်း အင်အားများလာဖွယ်ရှိ သော်လည်း တော်လှန်ရေးအင်အားစုများ၏ တပ်ဖွဲ့ဝင်များနှင့်ယှဉ်လျှင် စိတ်ဓာတ်ပိုင်းဆိုင်အပါအဝင် တိုက်ရည် ခိုက်ရည် များစွာကွာခြားနေမည်ဖြစ်သည်။