ဆားလင်းကြီးတွင် စစ်အာဏာရှင်ချုပ်ရေး ဆန္ဒပြ

ဓါတ်ပုံ- အညာပစ်တိုင်းထောင်လေးများအဖွဲ့

008

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ ၌ ဖေဖော်ဝါရီ ၁ရက် နံနက်ပိုင်းတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က “တက်စုံဖွင့် ရွက်ကုန်လွှင့်”စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ချုပ်ရေးအတွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

” ဒီနေ့ဆိုရင် စစ်အာဏာသိမ်းတာ သုံးနှစ်တိတိပြည့်ခဲ့ပါပြီ။ တော်လှန်ပြည်သူများအနေနဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးတွက် တက်စုံဖွင့် ရွက်ကုန်လွှင့် ပြီး လူထုလှိုင်းတွေနဲ့ ပါဝင်ပေးကြဖို့နဲ့ဒီနေ့ Silent Strike မှာလည်းပါဝင်ပေးကြပါလို့ တောင်ဆိုပါတယ်ဗျ”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူတဦးကပြောသည်။

ဆန္ဒပြသူများသည် စစ်အာဏာရှင်ကျရှုံးရေး၊ ဒီမိုကရေစီရရှိရေး၊ လုံးဝ အုပ်ချုပ်ခွင့်မရစေရ၊ အဆုံးသတ် အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့်ချီ စသည်ဖြင့် ကြွေးကြော်ချီတက်ခဲ့ကြသည်။
စာတည်း။ ။အောင်ကျော်ဖြိုး