မော်ရိုကိုအသင်းအတွက် ပထမဆုံးအကြိမ် ခေါ်ယူခံရတဲ့ စပိန်နွယ်ဖွား ဘရာဟင် ဒီယာ့ဇ်

By PKThawn

ရီးယဲလ်မက်ဒရစ်ရဲ့ စပိန်နွယ်ဖွား ကွင်းလယ်ကစားသမား ဘရာဟင် ဒီယက်ဇ်ကို အင်ဂိုလာ၊ မော်ရီတေးနီးယားအသင်းတို့နဲ့ ဒီလနှောင်းပိုင်း ခြေစမ်းပွဲတွေအတွက် မော်ရိုကိုက ဗုဒ္ဓဟူးနေ့မှာ ခေါ်ယူခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ဒီယာ့ဇ်ဟာ လစ်သူယေးနီးယားနဲ့ ၂၀၂၁ ခြေစမ်းပွဲမှာ Covid စိုးရိမ်မှုကြောင့် စီနီယာကစားသမားတွေပါဝင်ခြင်းမရှိတဲ့ စပိန်အသင်းကို တကြိမ် ကိုယ်စားပြုပါဝင်ခဲ့ပြီးနောက် သူ့ရဲ့ နိုင်ငံလက်ရွေးစင်အသင်း ရွေးချယ်မှုကို ပြောင်းလဲဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

စပိန်အားကစားနေ့စဉ်သတင်းစာ Marca က ဒီယာ့ဇ်ဟာ စပိန်အသင်းရဲ့ “စောင့်ကြည့်တဲ့ သဘောထား” ရလဒ်ကြောင့် မော်ရိုကိုအသင်းကို ကိုယ်စားပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်အရွယ် မိုနာကိုကွင်းလယ်ကစားသမား ဘင်ဆီဟီယာဟာလည်း မော်ရိုကိုဘောလုံးအဖွဲ့ချုပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်ကစားသမားဟာ ပြင်သစ် ယူ-၁၉ အသင်းကို ကိုယ်စားပြုခဲ့တာပါ။

နည်းပြ ရေဂရာဂီရဲ့ အသင်းဟာ မတ် ၂၂ ရက်နဲ့ ၂၆ ရက်တို့မှာ အင်ဂိုလာ၊ မော်ရီတေးနီးယားတို့နဲ့ အသီးသီးကစားရမှာဖြစ်ပါတယ်။

(AFP)