တရုတ်က မသမာသည့်နည်းလမ်းများဖြင့် AI နည်းပညာကဏ္ဍတွင် ဗိုလ်ကျစိုးမိုးရန် ကြိုးပမ်း

The Hongkong Post

သဘောထားတင်းမာသည့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် လွန်ခဲ့သည့်ဆယ်စုနှစ်က နိုင်ငံရေး အာဏာရရှိလာပြီး ကတည်းက ကမ္ဘာ့စျေးကွက်တွင် တရုတ်နည်းပညာများတိုးတက်နေရာရရှိရေးကို အာရုံစိုက်လုပ်ဆောင်ခဲ့သည်။

တရုတ်က နည်းပညာတွင် ကမ္ဘာလုံးဆိုင်ရာ အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွက်လာရုံသာမက ဉာဏ်ရည်တု (AI)၊ ဆက်သွယ်ရေး၊ IoT၊ ကွမ်တမ်တွက်ချက်မှုနှင့် အခြားကဏ္ဍများတွင် သိသာထင်ရှားသော တိုးတက်မှုများရရှိခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာကဏ္ဍတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ .

နည်းပညာကဏ္ဍတွင် ပိုမိုလွှမ်းမိုးမှုလာသည်နှင့် အမျှ တရုတ်၏ရည်မှန်းချက်များနှင့် အခြားနိုင်ငံများအပေါ် သက်ရောက်မှုများနှင့်ပတ်သက်၍လည်း မေးခွန်းများပေါ်ထွက်လာခဲ့သည်။ တရုတ်က နည်းပညာကဏ္ဍတွင် တိုးတက်ရေးရရှိရေးထက် ဗိုလ်ကျလွှမ်းမိုးရေးကို ပိုမိုအာရုံစိုက် လုပ်ဆောင်ခဲ့သည်။

AI အာကာသကဏ္ဍတွင်လည်း လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း နောက်ထပ်ရှာဖွေတွေ့ရှိမှုကြီးကို ပြုလုပ်နိုင် ရေး ရည်မှန်းချက်များကို တရုတ်က အရှိန်မြှင့်ခဲ့သည်။

ယင်းအလားအလာသည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော တရုတ်ကုမ္ပဏီများအတွက် ဦးစားပေး ဖြစ်ရုံ သာမကဘဲ တရုတ်အစိုးရအတွက်လည်း အရေးပါပုံပေါ်သည်။

တရုတ်နိုင်ငံတော်ကောင်စီသည် AI ကို မျိုးဆက်သစ် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၁၇ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂၀၃၀ပြည့်နှစ်တွင် ကမ္ဘာ့ထိပ်တန်း AI ဆန်းသစ် တီထွင်မှုဗဟိုဌာနဖြစ်လာရေး ရည်မှန်းချက်ထားခဲ့သည်။

တရုတ်က ဗိုလ်ကျစိုးမိုးရေးရည်မှန်းချက်များရရှိရေးအတွက် AI algorithms များကိုလေ့ကျင့်ရေးအတွက် များပြားသော အချက်အလက်များကို အသုံးပြုရန် AI သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ရင်းနှီးမြှုပ်နှံမှု အမြောက်အများပြုလုပ်ရမည်ကို သဘောပေါက်နားလည်ထားသည်။

Alibaba၊ Tencent နှင့် Baidu ကဲ့သို့သော တရုတ်နည်းပညာကုမ္ပဏီများသည် AI ဆန်းသစ်တီထွင်မှု၊ မျက်နှာပြင်မှတ်သားမှုစနစ်များ၊ သဘာဝဘာသာစကားလုပ်ဆောင်မှု၊ လူမှုအကြွေးစနစ်များနှင့် မောင်းသူမဲ့ ယာဉ်များထုတ်လုပ်မှုကဏ္ဍများတွင် ဦးဆောင်ကုမ္ပဏီများ ဖြစ်လာခဲ့သည်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် ကမ္ဘာတဝန်းတွင်စတင်ထုတ်လုပ်ခဲ့ သည့် Tencent ၏ Different Dimension Me ကာတွန်းရုပ်ပုံထုတ်လုပ်ရေးကဲ့သို့သော မျိုးဆက်သစ်အပလီကေးရှင်းများ ဖန်တီးရေးတွင်လည်း ယင်းတရုတ် နည်းပညာကုမ္ပဏီကြီးများက ဦးဆောင်နေသည်။

Baidu ကလည်း ၂၀၂၃နှစ်ကထွက်ရှိခဲ့သည့် ယင်း၏ ဆယ်ဘီလီယံ ပါရာမီတာမော်ဒယ် (ERNIE-ViLG) ကို အဆင့်မြှင့်ရန် ကြိုးပမ်းနေသည်။ သို့သော် AI တွင် တရုတ်တီထွင်မှုများက ဈေးကွက်ဝင်ရေးအတွက်သာမက တရုတ်က ယင်းနည်းပညာများကို စစ်ရေးနှင့် ဖိနှိပ်မှုအမျိုးမျိုးအတွက်လည်း ကောင်းစွာအသုံးပြုခဲ့သည်။

AI ဖြင့်မျက်နှာမှတ်သားမှုစနစ်ကို တရုတ်၏ အဓိကပြည်နယ်များရှိ ကျောင်းများ၊ ရုံးများနှင့် စက်ရုံများတွင် စတင်အသုံးပြုနေပြီဖြစ်သည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက နိုင်ငံသားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်စစ်ဆေးရန်နှင့် နိုင်ငံတော်က အန္တရာယ်ရှိသည်ဟု ယူဆသည့် နိုင်ငံသားများ၏ ခြိမ်းခြောက်မှုအဆင့်များကို အကဲဖြတ်ရန် ယင်းနည်းပညာ များကို အသုံးပြုလျက်ရှိသည်။

AI တွင် တရုတ်လွှမ်းမိုးမှုကြောင့် စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသော နိုင်ငံများ

ကမ္ဘာလုံးဆိုင်ရာ နည်းပညာစံနှုန်းများကို သတ်မှတ်ရန် တရုတ်က စိတ်ဝင်စားနေသည်။ တရုတ်စံနှုန်းများ ချမှတ် ရေးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေပြီး၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) က ယင်း၏ ကိရိယာများနှင့် နည်းလမ်းများကို တခြားအထင်ကရနိုင်ငံများက လိုက်နာစေရန် အထူးသဖြင့် စစ်လက်နက်ပစ္စည်းများနယ်ပယ် တွင် အသုံးပြုရန် ကြိုးပမ်းနေသည်။

AI တွင် အဓိကအာရုံစိုက်ထားပြီးဖြစ်သောကြောင့်၊ တရုတ်က AI စစ်ဘက်ဆိုင်ရာပစ္စည်းများကို ကမ္ဘာတဝန်းသို့ မကြာမီတင်ပို့လာနိုင်မည်ဖြစ်သည်။ ယင်အချက်များကြောင့် တရုတ်စစ်လက်နက်ပစ္စည်း များကို တင်သွင်းသူ နိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာနိုင် သည်။

ယင်းကဏ္ဍကို CPC က ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသော ကဏ္ဍအဖြစ်သတ်မှတ်ထားပြီး AI စစ်ဘက် ဆိုင်ရာ ကဏ္ဍကို လာမည့်နှစ်များအတွင်း တိုးတက်မှု့အတွက် တွန်းအားပေးမည့် အထင်ကရ နယ်ပယ်အဖြစ် သတ်မှတ်ထားသည်။

စစ်ဘက်ထောက်လှမ်းရေးဖွံ့ဖြိုးတိုးတက်ရေး အရှိန်မြှင့်ရန်နှင့် ဆန်းသစ်သော လက်နက်နှင့် ပစ္စည်းကိရိယာများ သုတေသနနှင့် ဖွံ့ဖြိုးရေး အပါအဝင် ကွန်ရက်သတင်းအချက်အလက်စနစ်၏ ပူးတွဲတိုက်ခိုက်ရေးစွမ်းရည်ကို အားကောင်းခိုင်မာစေရေး ၎င်း၏ ရည်မှန်းချက်များကို ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်၏ အစီရင်ခံစာ တွင်လည်း သမ္မတရှီက ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

ယင်းအလားအလာရှိသော ခြိမ်းခြောက်မှုများကို သတိပြုမိစေရန်၊ အမေရိကန်အစိုးရက မကြာသေးမီက တရုတ်နည်းပညာကုမ္ပဏီ ငါးခုကို အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ဖော်ပြခဲ့သည်။

တရုတ်ကုမ္ပဏီများသည် တရုတ်အစိုးရအတွက် ယင်းတို့၏ သူလျှိုလုပ်နိုင်စွမ်းကို မြှင့်တင်ရန် မသမာသည့် နည်းဗျူဟာများကို အသုံးပြုနေကြောင်း နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။

တရုတ် AI နည်းပညာများကို အသုံးပြုထားသည့် Huawei ၏ ဘေးကင်းလုံခြုံသော မြို့ပြစီမံကိန်းများသည် လူနေမှုပုံစံကို အဆင့်မြှင့်တင်ပေးမည့် ကတိပြုချက်ကြောင့် ကမ္ဘာတဝန်းတွင် ထင်ရှားကျော်ကြားခဲ့သည်။

သို့သော် တရုတ်အာဏာပိုင်များက နိုင်ငံသားများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ချိတ်ဆက်အသုံးပြုနေ ကြောင်း သတင်းများထွက်ပေါ်လာခြင်းကြောင်း ယင်းကတိကဝတ်များမှာ အဓိပ္ပာယ်မရှိကြောင်း ပေါ်ထွက် လာခဲ့သည်။

ဥပမာ၊ ဆားဘီးယားနိုင်ငံ၊ ဘဲဂရိတ်ကဲ့သို့ ဥရောပမြို့ကြီးများသည် မသမာသည့် တရုတ်နည်းဗျူဟာများ၏ သားကောင်ဖြစ်ခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင် Huawei ၏ AI နည်းပညာသုံး မျက်နှာပြင်မှတ်သားမှုနည်းပညာ တပ်ဆင်ထားသော လုံခြုံ ရေး ကင်မရာများဝယ်ယူရန် မြို့တော်အစိုးရနှင့် Huawei က စာချုပ်များချုပ်ဆိုခဲ့သည်။

ဆားဘီးယားအရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဖြစ်ပေါ်လာနိုင်သည့် အန္တရယ်များကို သဘောပေါက်ခြင်းကြောင့် ဘဲဂရိတ်မြို့ရှိ လုံခြုံရေးကင်မရာအားလုံး၏ နေရာကို ဖော်ပြသည့် ကျယ်ပြန့်သော မြေပုံဆွဲတစ်ခုကို ရေးဆွဲခဲ့ပြီး ၂၀၁၇ခုနှစ် မြို့တော်ဘေးကင်းရေးမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်အရ ကင်မရာ ၈,၀၀၀ ကျော် ၀ယ်ယူခဲ့ကြောင်း အစီရင်ခံခဲ့သည်။

ယင်းသည် ဆားဘီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ကြီးမားသော ခြိမ်းခြောက် မှုဖြစ်စေရုံသာမက ယင်း၏ပြည်တွင်းကုမ္ပဏီများမှတဆင့် တရုတ်သူလျှိုလုပ်ငန်းများ လုပ်ဆောင်နေမှုကို အစိုးရက မသိနားမလည်မှုအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။

ဆားဘီးယား နမူနာသည် တရုတ်နည်းပညာကို အခြေခံ၍ ယင်းတို့၏မြို့များကို အဆင့်မြှင့်တင်ရန် သို့မဟုတ် အဆင့်မြှင့်တင်လိုသည့် အခြားနိုင်ငံများအတွက် သတိပေးချက်ဖြစ်လာခဲ့သည်။ လျစ်လျူရှုထားမည်ဆိုပါက တရုတ်က နိုင်ငံများ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် နိုင်ငံသားများ၏ လှုပ်ရှားမှုများကို တိုက်ရိုက်ကြည့်ရှုခွင့် အမြဲရရှိနေမည်ဖြစ်သည်။

ထို့ပြင် တရုတ်က လုံခြုံရေး AI ကဏ္ဍတွင် ဗိုလ်ကျစိုးမိုးရေးဆောင်ရွက်ရာတွင် CPC သည် ဂယ်လီယမ်နှင့် ဂျာမေနီယမ်အပါအဝင် ချစ်ပ်ထုတ်လုပ်မှုအတွက် အရေးကြီးသတ္တုများ တင်ပို့မှုကို ကန့်သတ်ခြင်းလည်း ပါဝင်ခဲ့သည်။

ခေတ်မီသော ပြည်တွင်းဖြစ်နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ရေးအတွက် တရုတ်က ဒေါ်လာ ၂၇ ဘီလီယံတန်ဖိုးရှိ ချစ်ပ်ပြားများကို စုဆောင်းရန် ကြိုးပမ်းနေသည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ယခုကဲ့သို့ ပို့ကုန်ကန့်သတ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယင်းရန်ပုံငွေများသည် နိုင်ငံတစ်နိုင်ငံ၏ နည်းပညာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံဖူးသမျှ အကြီးမားဆုံး ချစ်ပ်ရန်ပုံငွေများဖြစ်သည်။

ထို့ပြင် နည်းပညာနယ်ပယ်တွင် ကျင့်ဝတ်ဆိုင်ရာ အာရုံစိုက်မှု ကင်းမဲ့ခြင်းက တရုတ်နိုင်ငံ၏ AI တိုးတက်မှုနှင့် အများတကာကို ထိခိုက်စေသည့် ရည်မှန်းချက်များကို ရှင်းပြရန် ခက်လှသည်။

ယင်းက CPC က စျေးကွက်အတွင်း မည်သို့လုပ်ဆောင်နေသည်ကို သတိပေးချက်လည်းဖြစ်ပြီး တရုတ်၏ နိုင်ငံရေးနှင့် လုံခြုံရေးအစီအစဉ်များအတွက် တရုတ်ကုမ္ပဏီများက CPC နှင့် လက်တွဲလုပ်ဆောင်ရန် တာဝန်ရှိနေကြောင်းလည်း သတိပေးချက်ဖြစ်သည်။

ထို့ကြောင့်၊ အထူးသဖြင့် ကမ္ဘာတဝန်းရှိ တရုတ်နှင့် ပြိုင်ဘက်နိုင်ငံများအနေဖြင့် နည်းပညာ၏ အရေးပါသော နယ်ပယ်တွင် တရုတ်က လွှမ်းမိုးရန် ကြိုးပမ်းနေခြင်းအား တားဆီးရန် အရေးကြီးလှသည်။

ထို့ပြင် ကမ္ဘာကို ကြီးမားသောအန္တရာယ်ကျရောက်စေနိုင်သည့် နည်းပညာနှင့် ပါဝါအမာထည်ကို ပေါင်းစည်းရန် ကြိုးပမ်းနေသည့် တရုတ်က စစ်ရေးနယ်ပယ်တွင် အန္တရယ်ကြီးသည့် ခြိမ်းခြောက်မှုတခု ဖြစ်လာနိုင်သည်။