တရုတ်ကွန်မြူနစ်ပါတီ ၏ အဆင့်မြင့် အရာရှိများ လူမြင်ကွင်းမှ ပျောက်ကွယ်ရခြင်း နောက်ကွယ်မှ အကြောင်းရင်းများ

Greek City Times

Li Shangfu

တရုတ်ကွန်မြူနစ်ပါတီအတွင်း နိုင်ငံရေးစစ်ပွဲများ ဖြစ်ပေါ်နေပြီး ရှီကျင့်ဖျင်သည် ၎င်း၏ ပြိုင်ဘက်များကို ဖိနှိပ်ရာတွင် အောင်မြင်မှုအချို့ရှိသော်လည်း ၎င်း ၏ အနီးအနားတွင် ဘေးအန္တရာယ်များ ဝိုင်းရံ လျက်ရှိသည်။

တရုတ်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိပ်တန်းအဖွဲ့ဖြစ်သည့် စည်းကမ်းစစ်ဆေးရေး ဗဟိုကော်မရှင် သို့မဟုတ် CCDI ၏ လုပ်ငန်းအစီရင်ခံစာ အပြည့်အစုံကို နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖေဖော်ဝါရီ ၂၅ တွင် ထုတ်ပြန်ခဲ့သည်။ ရှီ သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအေဂျင်စီ ကို ၎င်း၏ နိုင်ငံရေးပြိုင်ဘက်များအား သုတ်သင်ရှင်းလင်းရန် အသုံးပြုခဲ့သည်။

အစီရင်ခံစာတွင် ပါဝင်သော အချက်အလက်များသည် အံ့သြထိတ်လန့်ဖွယ်ဖြစ်သည်။ ၂၀၂၃ တွင် CCDI သည် လူ ၂ ဒသမ ၇ သန်းနီးပါးကို ကိုင်တွယ်ဖြေရှင်းခဲ့သည်။ တရုတ် ကွန်မြူနစ်ပါတီတွင် အဂတိလိုက်စားမှုကို ချေမှုန်းရန် မှာ ရှီကျင့်ဖျင် အုပ်ချုပ်ရေး၏ အုတ်မြစ်ဖြစ်သည်။

ရှီသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ၁၀ နှစ်ကျော်ကြာ လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရရှိဘဲ ၂၀၂၃ ခုနှစ် အရေးယူမှု စာရင်းသည် သိသာထင်ရှားစွာ အမြင့်ဆုံးဖြစ်နေသည်။

အရေးယူထားသော ဗဟိုအစိုးရအရာရှိ ၃၄ ဦးကို “မျက်နှာ ၂ မျိုး” ရှိသူများ ဟု သတ်မှတ်ပြီး ၈၇ ဦးကို စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါ စာရင်းတွင် အရာရှိ ၂ ၏ အမည် မပါဝင်နေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။

တရုတ် ကာကွယ်ရေးဝန်ကြီးဟောင်း လီရှန်ဖု သည် ၂၀၂၃ သြဂုတ်လ နှောင်းပိုင်းတွင် ပျောက်ဆုံးသွားခဲ့ပြီး ၂ လ အကြာတွင် ရာထူးမှ တရားဝင် ဖယ်ရှားခံခဲ့ရသည်။ အခြားအဆင့်မြင့်အရာရှိမှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် ၎င်း ၏ အနီးကပ်အရာရှိဖြစ်သူ ကျင်ဂန်း ဖြစ်သည်။

ကျင်ဂန်း နှင့် ပတ်သက်သော ကောလဟာလများ သည် တရုတ်နိုင်ငံရေး အသိုက်အဝန်းတွင် ဆိုးဝါးစွာ ထွက်ပေါ်ခဲ့သည်။ အစိုးရပိုင် Phoenix ရုပ်သံသတင်းထောက် ဖုရှောက်တန် နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြောင်း အစောဆုံး ကောလဟာလများ ထွက်ခဲ့သည်။ အမေရိကန် နိုင်ငံသားဖြစ်ခွင့်ရှိသော ၎င်းတို့ ၂ ဦး ၏ ဆက်ဆံရေးတွင် ကလေး ၁ ယောက်ရှိနေကြောင်း ကောလဟာလများ ပိုမိုပြင်းထန်လာသည်။

ရှီ နှင့် ရုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ကြား လျှို့ဝှက်တွေ့ဆုံမှုအပြီးတွင် “ကျင် သည် မိမိကိုယ်ကိုသတ်သေခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဘေကျင်းစစ်ဆေးရုံတွင် ဇူလိုင် နှောင်းပိုင်း၌ သေဆုံးခဲ့ရသည်” ဟူသော ဆောင်းပါးတစ်ပုဒ်ကို Politico က ဒီဇင်ဘာ တွင် ထုတ်ပြန်ခဲ့သည်။ “တရုတ်နျူကလီးယား လျှို့ဝှက်ချက်များကို အနောက်ထောက်လှမ်းရေး အေဂျင်စီများသို့ လွှဲပြောင်းပေးရာတွင် ကျင်က ကူညီခဲ့” ကြောင်း အဆိုပါ ရုရှား လက်ထောက် နိုင်ငံခြားရေးဝန်ကြီး က ရှီ ကို သတိပေးခဲ့သည်။

ယင်းသတင်းကို တရုတ် လူမှုကွန်ယက်မီဒီယာ တွင် ထုတ်လွှင့်ခဲ့ပြီး ကျင် ပျောက်ဆုံးမှု နှင့် ပတ်သက်၍ ကောလဟာလများဖြင့် ပျံ့နှံ့နေခဲ့သည်။ နိုင်ငံပိုင် ပင်မ သတင်းမီဒီယာများတွင် တားမြစ်ချက်များစွာ ရှိနေသောကြောင့် ၎င်း ကို အလွယ်တကူ ထိမ်းသိမ်းနိုင်သည်။ ကျင်သည် မိမိကိုယ်ကိုသတ်သေခြင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ပြီးနောက် သေဆုံးသွားသည်ဟု ကောလာဟလများရှိနေသော်လည်း အသက်ရှင်လျက် ကောင်းကောင်းမွန်မွန် ရှိနေနိုင်သည်။

တရုတ်အမျိုးသားပြည်သူ့ကွန်ကရက် (NPC) ၏ အမြဲတမ်းကော်မတီ က လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးကို ဖယ်ရှားကြောင်း အသိပေးစာ ကို ဖေဖော်ဝါရီ ၂၇ တွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့ထဲမှ ၄ ဦးသည် ရာထူးမှ နုတ်ထွက်ခဲ့ကြသော်လည်း နှုတ်ထွက်ရခြင်းအကြောင်းကို ⁠မည်သူမျှ မသိနိုင်‌ပေ။ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက် သို့မဟုတ် ဖိအားပေးခံရခြင်း ဖြစ်နိုင်သည်။ သို့သော် ရာထူးမှ ထုတ်ပယ်ခြင်း ၇ မျိုး ရှိပြီး ၎င်းတို့သည် “ကြီးကြီးမားမား မှားယွင်းမှုများအတွက် အပြစ်ရှိကြောင်း တွေ့ရှိနိုင်ဖွယ်ရှိပြီး PRC ၏ တရားရေးအာဏာပိုင်များထံ လွှဲပြောင်းပေးခံရဖွယ်ရှိသည်။”

ကျင်ဂန်း သည် နုတ်ထွက်စာတင်ခဲ့သူဖြစ်သည်။ ကျင် သည် မိမိဆန္ဒအလျောက် ရာထူးမှ နှုတ်ထွက်နိုင်သည် ဆိုသောအချက်သည် သိသာထင်ရှားသော အမှားအယွင်းတစ်စုံတစ်ရာအတွက် အပြစ်ရှိကြောင်း မတွေ့ရှိရခြင်း ကို ညွှန်ပြနေသည်။ ကျင်သည် အပြစ်လုပ်ခဲ့သည့်တိုင် တရုတ်ကွန်မြူနစ်ပါတီ နှင့် ပြသနာဖြစ်ရာတွင် ၎င်း ကို ထောက်ခံသူများ ရှိသေးကြောင်း သိသာစေသည်။

ကျင် သည် ရှီကျင့်ဖျင် ၏ ရင်းနှီးသော ပုဂ္ဂိုလ် ဖြစ်သည်။ ရှီ သည် ၎င်း၏ နိုင်ငံရေး အတိုက်အခံများက နိုင်ငံတော်လုံခြုံရေးအရ စေခိုင်းမှုကြောင့် ကျင် ကို ပစ်မှတ်ထား လုပ်ဆောင်ခဲ့ကြောင်း ဖြစ်နိုင်ချေများသည်။ ရှီသည် ကျင် ကို ရာထူးမှ ငြိမ်းချမ်းစွာ စွန့်ခွာလိုပုံပေါ်သည်။

“ရှီ ၏ နိုင်ငံရေးမဟာမိတ်များနှင့် သစ္စာခံသူများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန် သို့မဟုတ် ၎င်း တို့ ၏ နိုင်ငံရေး ခေါင်းဆောင်သည် ရှုပ်ထွေးသော နိုင်ငံရေး အခြေအနေများတွင် ပင် မော်စီတုံးကဲ့သို့ မတုန်လှုပ်ဘဲ ၎င်းတို့၏ အကျိုးစီးပွားကို ကြီးမားစွာကာကွယ်ရန် အားကိုးအားထားပြုကြောင်း ” တရုတ် ထိပ်တန်း နိုင်ငံရေး ဆိုင်ရာ အကြံပေးဝန်ဆောင်မှု လုပ်ငန်း Sino-insider က ဆိုသည်။

Politico ၏ ထုတ်ပြန်ချက် ကို ဆန့်ကျင်သည်။ သို့သော် လီရှန်ဖု သည် ရာထူးမှ ထုတ်ပယ်ဖြင်း သို့မဟုတ် နုတ်ထွက်ခြင်း စာရင်းတွင် ပျောက်ဆုံးနေသည်မှာ စိတ်ဝင်စားဖွယ်ဖြစ်သည်။ လီသည် NPC ၏ လက်ထောက် ၁ ဦး ဖြစ်နေဆဲဖြစ်သည်။ NPC သည် တရုတ်၏ အရေးပါသော ဆုံးဖြတ်ချက်ချသည့် ကွန်ဂရက်ဖြစ်သည်။ လီရှန်ဖု ၏ ဖြစ်ရပ်သည် ကျင်ဂန်း ထက် ပိုမိုပြင်းထန်၍ တရုတ်စစ်တပ် တွင်း ၌ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

လီ နှင့် ပတ်သက်သည့် နောက်ဆုံးရ သတင်းအသစ်မှာ ဖေဖော်ဝါရီ ၂၆ ရက်ဝန်းကျင် တွင် ဖြစ်သည်။ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနဝဘ်ဆိုက် တွင် ဗဟိုစစ်ကော်မရှင် ၏ ထိပ်တန်းခေါင်းဆောင်များစာရင်းမှ ၎င်း၏ အမည်ကို ဖယ်ရှားခဲ့သော်လည်း ၂၀၂၃ ဇန်နဝါရီ ၃ ရက်ထိ ရှိနေဆဲ ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် နှစ်စဉ် ပြုလုပ်သည့် အဓိကနှစ်ပတ်လည်အစည်းအဝေးကို ကျင်းပနေပြီး လီအား ထုတ်ပယ်ကြောင်း ကြေငြာနိုင်သည်။ ကွန်မြူနစ်ပါတီအတွင်း နိုင်ငံရေးအရ တိုက်ခိုက်မှုများ အရှိန်ပြင်းလာကြောင်း CCDI ၏ အစီရင်ခံစာတွင် မြင်သာသည်။

ရှီကျင့်ဖျင် ၏ အတွေးအခေါ်နှင့် အယူဝါဒ ကို ဆက်လက်အ‌လေးပေးကြောင်း တွေ့ရသည်။ ၎င်း မှာ အရေးကြီးသည်။

Sino-Insider က ဆိုသည့် အတိုင်း “ရှီသည် ၎င်း၏ အာဏာနှင့် ရာထူးတွင် အလွန်လုံခြုံမှု ရှိနေလျှင် ၎င်း ၏ အယူဝါဒ နှင့် အတိုက်အခိုက်များ ကို လုပ်ဆောင်မည် မဟုတ်ဘဲ ၎င်း ၏ တင်းကြပ်သော ကိုင်တွယ်မှုများကို အများပြည်သူသိရန် ပြုလုပ်မည် မဟုတ်ပေ”။

သို့သော် ရှီကျင့်ဖျင်သည် တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒ နှင့် ၎င်း ၏ အာဏာခိုင်မာရန် ပိုမိုကြိုးစားလာလေ၊ ပါတီတွင်း နှင့် နိုင်ငံတကာတွင် နာကြည်းမှုများ ပိုမိုတိုးပွားလေ ဖြစ်သည်။ တရုတ် စီးပွားရေးသည် အလွန်မတည်ငြိမ်သော အချိန်တွင် ရှီ သည် မတည်ငြိမ်သော အာဏာရှင် ၁ ဦးအဖြစ် တည်ရှိလာခြင်း မှာ တရုတ်ကွန်မြူနစ်ပါတီအတွက် အန္တရာယ် ရှိနိုင်သည်။