မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအကျပ်အတည်းရဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုတွေ ရှိနေလဲ

“လူတွေဟာ စားစရာမရှိကြတော့ဘူး အာဟာရချို့တဲ့မှုအဆင့်ကလည်း တဖြည်းဖြည်း တိုးလာနေပါတယ်။

အခုအချိန်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီ အသည်းအသန်လိုအပ်နေတဲ့လူ ၁၈ ဒသမ ၆ သန်းလောက်ရှိပါတယ်” လို့ UN Special Rapporteur on Myanmar ဖြစ်တဲ့ Tom Andrews က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုမဖြစ်ခင်က လူသားချင်းစာနာထောက်ထားမှုအကူအညီလိုအပ်သူဟာ ၁ သန်းလောက်ပဲရှိပြီး ၃ နှစ်တာကာလအတွင်းမှာ ၁၈ ဒသမ ၆ သန်းထိ မြင့်တက်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ အာဆီယံက စစ်အုပ်စုနဲ့ဆက်ဆံပြီး ကြက်ခြေနီအဖွဲ့ကတဆင့် အကူအညီတွေ ပေးပို့မ​ယ်လို့ ဆိုထားပြီး စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်တဲ့ ကြက်ခြေနီတပ်ဖွဲ့တွေကနေတစ်ဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်နေတဲ့ ပဋိပက္ခဒေသတွေကို ဒီအကူအညီတွေ ဘယ်လိုရနိုင်မလဲဆိုတာ Tom Andrews နဲ့ Mizzima က တွေ့ဆုံမေးမြန်းထားပါတယ်။