ကနီမြို့သိမ်းတိုက်ပွဲအပြီး အနီးတဝိုက်က ကျေးရွာတွေကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး (မြေပြင်သတင်းပေးပို့ချက်)

လွှမ်းမိုး

တော်လှန်ရေး အင်အားစုတွေဟာ မတ်လ ၂ ရက်နေ့မှာ ကနီမြို့မှာ မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲခဲ့ပေမယ့် လက်နက်ခဲယမ်းလိုအပ်ချက်တွေ၊ စစ်တပ်က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်မှုတွေကြောင့် မတ်လ ၁၂ ရက်နေ့မှာ မြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။

အဲဒီနောက် ကနီမြို့ပေါ်မှာ စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက် နေရာယူပြီးနောက် နယ်တွေကို အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုး၊ လမ်းတလျောက်ရှိ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် ကနီမြို့တောင်ဘက် တမိုင်လောက်အကွာက ညောင်ပင်ဝန်းကျေးရွာနဲ့ တခြားသော ကျေးရွာလေးရွာတွေ စစ်ကောင်စီစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးတာကို ခံခဲ့ကြရပါတယ်။ ကနီမြို့သိမ်းတိုက်ပွဲအခြေအနေတွေနဲ့ ညောင်ပင်ဝန်းကျေးရွာ မီးရှို့ဖျက်ဆီးခံရမှု အခြေအနေတွေကို မဇ္ဈိမသတင်းထောက် ကိုလွှမ်းမိုးက မြေပြင်ကနေ သတင်းပေးပို့ထားပါတယ်။

တည်းဖြတ်= ရွှေနွယ်