ဘိန်းစိုက်တဲ့ စစ်ကောင်စီတပ်

ဘိန်းစိုက်တဲ့ စစ်ကောင်စီတပ် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မီးမောင်းထိုးပြထားသော ဓာတ်ပုံဖြစ်သည်။ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က မတ် ၂၁ ရက်နေ့က ပြန်လည်သိမ်းပိုက်ရရှိခဲ့သော စစ်ကောင်စီတပ်စခန်း နားဖော့၏ အနောက်ဘက်တွင် ဘိန်းစိုက်ခင်းရှိနေသည်ကို ပြသထားသော ဓာတ်ပုံဖြစ်သည်။

နား​ဖော့တပ်စခန်းသည် ဝိုင်းမော်မြို့နယ်အတွင်းတည်ရှိပြီး တရုတ်-မြန်မာနယ်စပ်မျဉ်းအနီးရှိသည်။ လိုင်ဇာမြို့အနီးရှိ နားဖော့ဒေသတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က KIA ၏ ပါဂျောင်ဌာနချုပ်တည်ရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် စစ်တပ်၏ထိုးစစ်ကြောင့် အဆိုပါဒေသမှ ဆုတ်ခွာခဲ့ရသည်။