လောင်းလုံးတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ပုံအညွှန်း-အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (BESSC) အဖွဲ့မှ ဆန္ဒပြနေစဉ်။

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့လည်ပိုင်းက DDMSC အဖွဲ့ဝင် အင်အားစုတခုဖြစ်သော အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ (BESSC)မှ ဦးဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်သည်ဟု သိရသည်။

အဆိုပါ လှုပ်ရှားမှုကို “ငါတို့အနာဂတ် ငါတို့အသွေးအသားနဲ့ တည်ဆောက်မယ်” စာသားပါ ဘန်နာအား ကိုင်ဆွဲ၍ ဒေသခံအမျိုးသမီးများနှင့် လူငယ်များ၏ ပူးပေါင်းပါဝင်မှုဖြင့် ချီတက်လှုပ်ရှားခဲ့ကြသည်ဟု သိရသည်။