မွန်-တနင်္သာရီအဓိကလမ်းပိုင်းကို တော်လှန်ရေးအဖွဲ့တွေ ပိုမိုထိန်းချုပ်လာနိုင်(ရုပ်သံ)

ကိုရွှေမြိတ်

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၊ ရေး-ထားဝယ်လမ်းပိုင်းကို တော်လှန်ရေးပူးပေါင်း အဖွဲ့တွေက မကြာခဏစစ်ဆေးမှုတွေပြုလုပ်နေတာကြောင့် စစ်ကောင်စီရဲ့လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေ ဖြတ်သန်းသွားလာမှုလျော့နည်းသွားတယ်လို့ သိရပါတယ်။

အဲ့ဒီလမ်းပိုင်းမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက နယ်မြေ စိုးမိုးမှုလုပ်ငန်းတွေ ဆက်တိုက်ပြုလုပ်လာတာကြောင့် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေလည်း နည်းပါးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၃)စစ်ဒေသခွဲ၊ ဒေါနစစ်ကြောင်းရဲ့ စစ်ကြောင်းမှူးစောဒါးကိုက ပြောပါတယ်။

နယ်မြေစိုးမိုးရေးအတွက်စစ်ဆေးတာ၊ လမ်းလုံခြုံရေးအတွက်လိုအပ်သလိုစီမံဆောင်ရွက်နေတာကြောင့် ခရီးသွားပြည်သူတွေအနေနဲ့ အချိန်ကြန့်ကြာမှုတွေဖြစ်ပေါ်ခဲ့တာကို နာလည်ပေးဖို့လည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

သတင်းတင်ဆက်/တည်းဖြတ် – ကိုရွှေမြိတ်