မြန်မာနိုင်ငံက မွေးရာပါ ဉာဏ်ရည်မသန်စွမ်းတဲ့ကလေးတွေ ရပ်တည်နိုင်ဖို့ လိုအပ်ချက်တွေရှိ

MTO

(မဇ္ဈိမ)။ ။မြန်မာနိုင်ငံရဲ့အနေအထားအရ မွေးရာပါဉာဏ်ရည်မသန်စွမ်းမှု(Down Syndrome)ဖြစ်နေတဲ့ ကလေးငယ်တွေ အမှီခိုကင်းကင်းနဲ့ ရပ်တည်ရှင်သန်နိုင်ဖို့ လိုအပ်ချက်တွေရှိနေလို့ ကလေးတွေကို အမှီခို နည်းနည်းနဲ့ ရပ်တည်အောင်သာ ဆောင်ရွက်ပေးနိုင်တယ်လို့ Down Syndrome Family Myanmar အဖွဲ့ ထံကနေ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်၊ ပညာရေးစနစ်၊ လူမှုအသိုင်းအဝိုင်းပုံစံနဲ့ ဥပဒေ ကြောင်းအရ Down Syndrome ကလေးငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အပြည့်အ၀ ဖော်ဆောင် ပေးနိုင်မှုမရှိသေးလို့ အမှီခိုကင်းကင်းနဲ့ရပ်တည်နိုင်ဖို့ မဖြစ်နိုင်သေးတာလို့ ဆိုပါတယ်။

ဒါ့ကြောင့် မြန်မာနိုင်ငံက ဒီလိုကလေးငယ်တွေ ကြီးပြင်းလာတဲ့အခါမှာ အမှီခိုအနည်းဆုံးနဲ့ရပ်တည်နိုင် အောင် ပြုစုပျိုးထောင်ပေးသင့်တဲ့အချက်အလက်တွေနဲ့ပတ်သက်လို့ Down Syndrome Family Myanmar မှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်မျိုးပပက အခုလိုပြောပြပါတယ်။

သတင်း — MTO
တည်းဖြတ် ၊ တက်ဆက် — MTO