နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၂၁ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

  • ၂၀၂၃ ခုနှစ်အတွင်း မြို့နယ် ၁၃၇ မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ခရိုင် အုပ်ချုပ်ရေးမှာလည်း ခရိုင် ၁၀ ခုအထိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းနိုင်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရက မတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
  • စစ်ကောင်စီထံမှ သိမ်းပိုက်ထားသည့် ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ၊ကာကွယ်ရေး၀န်ကြီး နှင့် KIA စစ်ဦးစီးချုပ်တို့ မတ်လ ၂၀ ရက်တွင် သွားရောက် စစ်ဆေးခဲ့သည်ဟု NUG ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် မြောက်ပိုင်း၊ ပျဥ်းခုံကြီးကျေးရွာတွင် မတ်လ ၂၀ ရက်၊ နံနက်ပိုင်းက စစ် ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသား သုံးဦး သေဆုံးခဲ့ကြောင်း  ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေးကို မတ် ၂၁ ရက်၊ မွန်းလွဲ ၁ နာရီခန့်တွင် ပြုလုပ်ခဲ့သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် လူငယ်အားမာန်သပိတ်စစ်ကြောင်းက တော်လှန်တောင်သူများ နှင့် ပူးပေါင်းကာ “လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ လေယာဥ်ဆီကို ဖြတ်တောက်စို့” စာသား နှင့် ဓာတ်ပုံ ကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်လူထုများ ဦးဆောင်သည့် အားမာန်သစ် သပိတ်‌စစ်ကြောင်းသည် ရဲဘော်မင်းမင်းထက်(ခ)ဖက်တီး ကျဆုံးခြင်း ၉ လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပခြင်း နှင့် အကြမ်းဖက်စစ်တပ်၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ အောင်မိုးကျေးရွာအနီး ပုသိမ်-မုံရွာ လမ်းမကြီးဘေးတွင် မတ် ၁၉ ရက်၊ မွန်းလွဲပိုင်းက လုံခြုံရေးယူနေသည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သုံးဦး သေဆုံးခဲ့ကြောင်း Regional Friend Fighters (RFF) တပ်ဖွဲ့ထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေတချောင်းကျေးရွာ နှင့် ကျောက်တန်းအရှေ့ရွာ အနီးတွင် မတ် ၁၈ ရက်က တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အရာရှိတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံး ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။
  • စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဝက်လူးအိုင်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၂၀ ရက်၊ ညနေ၃ နာရီခွဲအချိန်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံအမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းရှိ  ပျဥ်းခုံလေးရွာကို မတ် ၁၉ ရက်က စတင်၍ ယမန်နေ့အထိ  စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောသည်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်တောမကျေးရွာ၊ စက်ရေတွင်း အထိုင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို မတ် ၂၀ ရက်၊ နံနက် ၁၁ နာရီခွဲခန့်က ကြားဖြတ်တိုက်ရာ သုံးဦး သေပြီး သေနတ် နှစ်လက် သိမ်းဆည်းရမိခဲ့သည်ဟု Earthquake People’s Defence Force က သတင်းထုတ်ပြန်သည်။
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် မကွေးမြို့ အထူးစုံစမ်းစစ်ဆေးရေး(စစစ)ဦးစီးမှူး ဦးရဲထွန်း၏ ဇနီးကို မတ် ၁၉ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း ဂန့်ဂေါမြို့နယ် ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့မ ရဲစခန်းအတွင်းရှိ အချုပ်ခန်း ၃ ခုတွင် အမိန့်ချမှတ်ပြီးသား နိုင်ငံရေး အကျဉ်း သားများကို အကျဉ်း ထောင် ပို့ဆောင်ခြင်းမရှိဘဲ အချုပ်ခန်းများတွင် ဖမ်းဆီးထားကာ လူ့အခွင့် အရေး ချိုးဖောက်မှုများ ဆိုးရွားစွာ လုပ်ဆောင်နေကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များကွ န်ရက်၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။
  • မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရေနံချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ စစ်မှုထမ်းစာရင်း ပေးပို့ပြီး ပြန်လာသော အုတ်ရှစ်ကုန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ဝင်းနိုင် နှင့် ထွေအုပ်စာရေး စန်းနိုင်တို့ကို မတ် ၂၀ ရက်က ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သီးကုန်းကျေးရွာကို မတ် ၂၁ ရက်၊ နံနက် ၇ နာရီခန့်မှ စတင်၍ စစ်ကောင်စီတပ်ဖွဲ့က စီနင်းဝင်ရောက် ပစ်ခတ် ဖမ်းဆီးမှုများပြုလုပ်နေခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
  • မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ထန်းလုံးတပ်ကျေးရွာတွင် ယမန်နေ့ မတ်လ ၂၀ ရက်၊ နေ့လယ်ပိုင်းက စစ်မှုထမ်းစာရင်းကောက်ယူသည့်အဖွဲ့တွင် ပါဝင်သည့် ကျောင်းဆရာ နှင့် ၎င်း၏ ဖခင်ဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ PDF ရဲဘော်တစ်ဦး နှင့် ပြည်သူတစ်ဦးကို မတ် ၂၀ ရက်က သတ်ဖြတ်ပြီး နေအိမ် ၁၄ လုံးကို မီးရှို့ခဲ့သည့် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံး ခဲ့ ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစု မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် စစ်မှုထမ်းရန် မတရား ခြိမ်းခြောက် ဖိအားပေးသူ များကို ထိရောက်စွာ အရေးယူပြီး စစ်မှုထမ်းရန် ဆင့်ခေါ်ခံထားရသူများ ခိုလှုံနိုင်ရေး ကူညီသွားမည် ဖြစ်ကြောင်း မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖသတင်း တာဝန်ခံ ကိုဘိုတောက်က ပြော သည်။
  • ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်မှ မြန်မာကျောင်းသားကျောင်းသူများ စုပေါင်း၍ မြန်မာနိုင်ငံအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရေး နှင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီရောင်းချမှု ဖြတ်တောက်ရေး ဓာတ်ပုံကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

  • စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဆုံးဖြတ် ချက်ချရမည့်အချိန်  ကျော်လွန်ပါက ပြင်ဆင်ခွင့် မရနိုင်သဖြင့် အမြန် ဆုံးဖြတ်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ (၁) ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က လူငယ်များကို သတိပေးလိုက်သည်။
  • ကချင်ပြည်နယ်တွင် မတ် ၁၉ ရက်မှ မတ် ၂၁ ရက်အထိ ၃ ရက်အတွင်း အရေးပါသည့် စစ်ကောင်စီ၏ ဗျူဟာကုန်း နှင့် တပ်စခန်း ၆ ခုကို တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြော သည်။
  • အကြမ်းဖက်စစ်တပ်က သိမ်းပိုက်ထားခဲ့သော KIA ဌာနချုပ်ဟောင်း နားဖော့စခန်း နှင့် အူဂါရှန် စခန်းကို မတ်လ ၂၁ ရက်၊ နံနက် ၇ နာရီခန့်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KIA မြေပြင် သတင်း ရင်းမြစ်က ပြောသည်။
  • ထိုင်း- မြန်မာ နယ်စပ်၊ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ မဲသဝေါ အကျော်တွင် မတ် ၁၇ ရက်က စစ်ကောင်စီ တပ်သားများ နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ (၇) သတင်းရင်းမြစ်ထံက သိရသည်။
  • ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ (ထန်းတပင်) မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မတ်လ ၁၈ ရက်က အရပ်သား ပြည်သူတစ်ဦးကို ကြိုးတုပ်ပြီး ဓာတ်ဆီလောင်း မီးရှို့သတ်ဖြတ်ခဲ့သည်ဟု KNU (ဗဟို) က ယနေ့ ထုတ်ပြန်လိုက်သည်။
  • ရှမ်းပြည်နယ်၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်  (DPLA) မှ ဆေးတပ်သား ရဲဘော်များက ဓနုဒေသရှိ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
  • ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက် စစ်တပ်၏ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး ကျဆုံးခဲ့ရသည့် အောင်ပန်းမြို့၏ အာဇာနည် ၁၁ ဦးအတွက် ဂုဏ်ပြုအောက်မေ့ဖွယ် အခမ်းအနားကို ကရင်နီ ဒေသတစ်နေရာရှိ Urban Task Force Aung Ban – UTF အောင်ပန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ သင်တန်းကွင်းတွင် ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
  • ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု ထီရီးကျေးရွာ အနီးတွင် အကြမ်းဖက်စစ်ကောင်စီက မတ်လ ၁၉ ရက်၊ ညနေ ၄နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ

  • ရုရှားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသည့် ပူတင်ထံသို့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ဖော်ပြထားသည်။
  • နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များက ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေဖြင့် အဆိုပြု ထား သည့် ထုတ်ကုန်အမယ် ၁၀၇ မျိုးကို လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲပြီး ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက မတ် ၂၀ ရက်က ပြုလုပ်သည့် အသေးစား၊ အငယ်စား နှင့် အလတ် စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးတွင် ပြောသည်။
  • ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို မကြာမီ ထုတ်ပြန်ပေးသွားမည်ဟု စစ်ကောင်စီ ဝါဒဖြန့်ချိရေးအဖွဲ့က ဖြေကြားထားသည်။
  • မြန်မာနိုင်ငံ တစ်ဝန်း ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းရန် ရွေးချယ်ခံထားရသူများ ခရီးသွားလာ မည်ဆိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရမည်ဖြစ်ပြီး မကြာမီ ကျန်းမာရေးဆေးစစ်ရန် ခေါ်ယူ မည်ဟု စစ်ကောင်စီက ထုတ်ပြန်ပြောဆိုသည်။
  • ပြည်ပနိုင်ငံများနှင့်ကဏ္ဍအသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြု ချီးမြှင့် နိုင်ရန် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် လေးမျိုးကို ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်တွင် ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်းလိုက်သည်ဟု စစ်ကောင် စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။
  • ပြည်ပနိုင်ငံများ နှင့် ကဏ္ဍအသီးသီးတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ပြု ချီးမြှင့်နိုင်ရန် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်လေးမျိုးကို ၂၀၀၉ ခုနှစ်၊ ဂုဏ်ထူး ဆောင် ဘွဲ့များ၊ ဂုဏ်ထူးဆောင် တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်မှာ ပြင်ဆင်ဖြည့်စွက် ပြဋ္ဌာန်း လိုက်သည်ဟု စစ်ကောင်စီက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။
  • မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြိုနယ်တွင် ရှိသည့် ပုပ္ပားတောင် အမျိုးသား ဘူမိဥယျာဉ်ကို မတ်လ (၂၀) ရက်က စတင်ဖွင့်လှစ်ခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက သိရသည်။
  • လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသည့် သွင်းအားစုကို ထောက်ပံ့ပေးမည်ဖြစ်ပြီး သွင်းအားစုများ တင်သွင်းထုတ်လုပ်ဖြန့်ဖြူးသည့် မူဝါဒကိုလည်း စိုက်ပျိုးရေးကဏ္ဍရှိ အသင်းများဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက် အောက်ခံ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
  • ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျှောက် စခန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇၂ ဦးသည် မတ်လ ၂၁ ရက်၊ နံနက်ပိုင်းက ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးသွားပြီး ထိုင်းစစ်တပ်က လက်နက်များ သိမ်းဆည်းကာ စစ်သားများကို ထိန်းသိမ်းထားကြောင်း ထိုင်းစစ်တပ် သတင်းရင်းမြစ်က သတင်းဖော်ပြသည်။ 
  • ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လေညှင်းတောင် ကျေးရွာ (အထက်)ကို ယနေ့ မတ် ၂၁ ရက်၊ နံနက် ၈ နာရီခွဲကျော်အချိန်က ဂျက်တိုက်လေယာဉ်ဖြင့် စစ်ကောင်စီက လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေး ငယ်များ အပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၂၀ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း  ဒေသခံ ပြည်သူများက ပြောသည်။
  • ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် အင်အားမမျှ၍ တပ်စခန်း နှင့် ရဲစခန်း များကို စွန့်ပြီး ဆုတ်ခွာလာသော ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာကို စစ်ကောင်စီက ထောင်သွင်း အကျဉ်းချ ထားကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။

မတ် ၂၁ သုံးသပ်ချက်

  • မြို့ပြပျောက်ကြားတော်လှန်ရေးလှုပ်ရှားမှုများ များပြားလာသလို့ နိုင်ငံတစ်ဝန်း စစ်ကောင်စီ၏ စစ်မှုထမ်းကိစ္စကို အကောင်အထည်ဖော်နေသည့် ထောက်တိုင် နှင့် အုပ်ချုပ်ရေးမှူးများ ပစ်ခတ်ရှင်းလင်းခံရမှု များပြားနေသည်။