စစ်မှုထမ်းရန် ၃၅နှစ်အောက် ခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မဲနှိုက်နေရဟုဆို

ပုံအညွှန်း-စစ်ခေါင်းဆောင်နှင့်ခရစ်ယာန် သာသနာပိုင်ဆရာတော်ကြီးများလက်ဆောင် ပေးအပ်နေကြစဉ်။

ပုံအညွှန်း-စစ်ခေါင်းဆောင်နှင့်ခရစ်ယာန် သာသနာပိုင်ဆရာတော်ကြီးများလက်ဆောင် ပေးအပ်နေကြစဉ်။

(မဇ္ဈိမ)။ ။ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့ရှိ ရပ်ကွက်များတွင် အသက်၃၅ နှစ်အောက် ခရစ်ယာန် ဓမ္မအမှုတော်ဆောင်များကို စစ်မှုထမ်းရန်အတွက် မဲနှိုက်ခိုင်းနေသည်ဟု စုံစမ်းသိရှိရသည်။

‘’ရပ်ကွက်ထဲမှာနေတယ်။သန်းခေါင်စာရင်းထဲမှာနာမည်စာရင်းရှိတယ်။သူတို့သတ်မှတ်ထားတဲ့အသက်မီတဲ့အတွက် မဲနှိုက်ခိုင်းတာလို့ ပြောတယ်။ အဲဒီတော့ ခရစ်ယာန်ဓမ္မဆရာတွေက ကျွန်တော်တို့က သာသနာ့ဝန်ထမ်းတွေပါ။ဘာသာရေးဆရာတွေပါ။စစ်မှုထမ်းဥပဒေနဲ့ အကျွမ်းမဝင်ပါဘူး ပြောပြလည်း စာရင်းလာကောက်တဲ့ အုပ်ချုပ်ရေးပိုင်းက နားမလည်ဘူး။သူတို့ကလည်း စာရင်းကောက်ဆိုလို့သာ ကောက်ရတာ။တိတိပပလည်း ဘာမှမသိကြဘူး’’ဟု ခရစ်ယာန်ဓမ္မဆရာတဦးက ပြောသည်။

သာသနာ့ဝန်ထမ်းများနှင့် ပတ်သက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေတွင်“ဗုဒ္ဓဘာသာအတွက်ဖြစ်လျှင်ဗုဒ္ဓသာသနာ့ဝန်ကို အစဉ်ထမ်းရွက်နေသော သာသနာနွယ်ဝင် လက်မှတ်ကိုင်ဆောင်ထားသည့် ရဟန်း၊သာမဏေ နှင့်သီလရှင်။ခရစ်ယာန်ဘာသာဝင်အတွက်ဖြစ်လျှင် သာသနာဝန်ထမ်းဆောင်ရန် အဓိကအားဖြင့် မိမိကိုယ်ကို ဆက်ကပ်ပြီးသောပုဂ္ဂိုလ်ဟု သက်ဆိုင်ရာခရစ်ယာန် အသင်းတော်ကြီးများက အသိအမှတ်ပြု၍ သိက္ခာပေးထားခြင်း ခံရသော ပုဂ္ဂိုလ်။ဟိန္ဒူဘာသာ အတွက်ဖြစ်လျှင် စံယာစီ၊ မဟန့် သို့တည်းမဟုတ် ဟိန္ဒူဘုန်းတော်ကြီး”စသည်ဖြင့်ပါရှိသည်။

စာတည်း ။ ။ ဖူးသိမ်ကျ