ပြင်သစ်ရောက် မြန်မာများနှင့် ပြင်သစ်လူမျိုးများ စုပေါင်းပြီး မြန်မာ့အရေး ဆွေးနွေး (ပုံသတင်း)

မဇ္ဈိမ

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် မြန်မာစစ်အာဏာရှင်ကို အမြစ်ဖြတ်တွန်းလှန်နေသည့် နွေဦးတော်လှန်ရေးကို အောင်မြင်စွာ အမြန်ဆုံးအဆုံးသတ်နိုင်ရန်အတွက် မတ်လ ၃၁ ရက်နေ့တွင် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

ထိုပွဲသို့ တက်ရောက်ခဲ့သည့် ဒေါက်တာမီမီဝင်းဘတ်က နိုင်ငံတကာရောက် မြန်မာနိုင်ငံဖွားတိုင်းရင်းသားညီအကိုမောင်နှမများအနေဖြင့် နွေဦးတော်လှန်ရေးတွင် ယခုထက် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

ပဲရစ်က လူထုတွေ့ဆုံပွဲကို မြန်မာ့အရေးစိတ်ဝင်စားသည့် ဒေသခံပြင်သစ် လူမျိုးများလည်းတက်ရောက်ခဲ့ပြီး အနာဂတ်ဖယ်ဒရယ်ရေး ကိစ္စများ၊ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများအပြင် လက်ရှိမြန်မာ့အရေးအခြေအနေများကို တက်ရောက်သူများက ဆွေးနွေးခဲ့ကြသည်။