တောပု ပျူစောထီးရွာနှင့် ညောင်ဖြူပင်ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ ၂၂ ဖွဲ့ ပူးပေါင်းတိုက်ခိုက်

ကာကွယ်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်နေစဥ်/ရုပ်သံ – မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)

ပါခွီး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် အခြေစိုက်ထားသည့် တောပု ပျူစောထီး ရွာနှင့် ညောင်ဖြူပင်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ၂၂ ဖွဲ့မှ တပြိုက်နက်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) Chindwin Attack Force မှ ဧပြီလ ၃ ရက် ယမန်နေ့က ထုတ်ပြန်သည်။

မုံရွာမြို့နယ် စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် တောပုကျေးရွာနှင့် ညောင်ဖြူပင် ရဲစခန်းကို ဧပြီလ ၁ ရက် ညနေ ၅ နာရီမှ စတင်ကာ ဒရုန်းဖြင့် ဗုံးချပြီး လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အခုနှစ်နေရာကနေပြီး နယ်မြေထဲမှာ စစ်ကြောင်းထိုး မီးရှို့နေတာတွေလုပ်တာရှိတယ်၊ ပြီးတော့ အပြန် အလှန်စစ်ကူပေးနေတာတွေရှိတယ်။ ဒါကြောင့် တပြိုင်တည်းဝင်တိုက်ခဲ့ကြတာပါ”ဟု မုံရွာခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) Chindwin Attack Force သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက မဇ္စျိမကိုပြောသည်။

တနာရီခွဲကျော်ကြာ တိုက်ခိုက်မှုအတွင်း တောပုရွာအတွင်းရှိ လက်နက်ခဲယမ်းသိုလှောင်သည့်နေရာ အပါ အဝင် ပျူစောထီးများနေထိုင်ရာများ ည ၁၂ နာရီ အထိ မီးလောင်ကျွမ်းနေကြောင်း အနီးမှမြင်တွေ့ခဲ့ရ သည်ဟု ဆိုသည်။

ညောင်ဖြူပင် ရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးနှင့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေ ဆုံးမှုများရှိသော်လည်း အသေးစိတ်အခြေအနေကို အတိအကျ မသိရသေးကြောင်း သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများဘက်မှာ လက်နက်ကြီးငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) Chindwin Attack Force အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄) တပ်ခွဲ(၂) 5/Commando Force ၊ Special Guerilla Force(Monywa) ၊ CHU တပ်ခွဲ(၂) Immortal Guerrilla Force – Monywa ၊ မုံရွာတပ်ရင်း (၁၂) တပ်ခွဲ(တပ်ခွဲ၄) မီးတောက်အဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း (၅) ၊ မုံရွာခရိုင်တပ်ရင်း( ၁၃) ၊ မုံရွာခရိုင် (၁၇) ၊ မုံရွာခရိုင်တပ်ရင်း (၂၅) ၊ မုံရွာခရိုင် တပ်ရင်း (၂၈) ၊ စေတန် ၊ ကမျဉ်းနီ နယ်စည်းမခြားလက်နက်ကြီးတပ်ဖွဲ့ ၊ The Brightness တပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း (၂၃) တပ်ခွဲ (4) လေပွေမုန်တိုင်း ၊ မုံရွာခရိုင် တပ်ရင်း (၂၇) တပ်ခွဲ (၄) ၊အာဏာရှင်တော်လှန်ရေးအဖွဲ့ ၊ S.R.A တပ်ဖွဲ့ ၊ C.D.F တပ်ဖွဲ့ ၊ ဒေါင်းရာဇာတပ်ဖွဲ့၊ GHOST ARMY L.P.D.F ၊ B.K.M. Force တပ်ဖွဲ့များ ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။

ဧပြီလ ၄ ရက် ယနေ့နံနက်တွင် တောပုကျေးရွာမှ စစ်ကောင်စီတပ်နှင့် ပျူစောထီး အင်အား ၃၀ ခန့်သည် အနောက်ဖက်သို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

စာတည်း။ ။စောဖေ