ထိုင်း၊ကော့တောင်ကျွန်း ကုန်တင်သင်္ဘောမီးလောင်မှု မြန်မာ၁ဦး ပျောက်ဆုံးနေပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင် (Breaking News)

ကော့တောင်ကျွန်းပင်လယ်ပြင်တွင် ယနေ့နံနက်က ကုန်တင်သင်္ဘောမီးလောင်နေစဉ်နှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ပုံ cj)

ကော့တောင်ကျွန်းပင်လယ်ပြင်တွင် ယနေ့နံနက်က ကုန်တင်သင်္ဘောမီးလောင်နေစဉ်နှင့် ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (ပုံ cj)

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံ၊စူရတ်ဌာနီခရိုင်၊ကော့တောင်ကျွန်း ပင်လယ်ပြင်တွင် ယနေ့ ဧပြီ ၄ ရက်နေ့ နံနက်၅နာရီခန့်က ကုန်တင်သင်္ဘောတစီးမီးလောင်ခဲ့ပြီး အဆိုပါသင်္ဘောပေါ်တွင် လိုက်ပါလာသူများအနက် မြန်မာနိုင်ငံသားတဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အဆိုပါသင်္ဘောသည် စူရတ်ဌာနီခရိုင်မှ ကော့တောင်ကျွန်းသို့ ခရီးသည်နှင့်ကုန်ပစ္စည်းများ တင်ဆောင်ပြီး ထွက်ခွာလာစဉ် စက်ချို့ယွင်းမှုကြောင့် မီးလောင်ခြင်းဟု သင်္ဘောပေါ်တွင် လိုက်ပါလာသူအချို့က မဇ္ဈိမကိုပြောသည်။

ကိုနေမျိုးအောင်ဆိုသူ မြန်မာနိုင်ငံသားတဦး ပျောက်ဆုံးနေခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များက ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ကိုနေမျိုးအောင်နှင့်အတူ နောက်ထပ်တဦးလည်း ပျောက်ဆုံးနေကြောင်းသတင်းရရှိပြီး မည်သည့်နိုင်ငံသားဖြစ်သည်ကို မသိရသေးပေ။အဆိုပါသင်္ဘောပေါ်၌ မြန်မာန်ိုင်ငံသားခရီးသည် ၅၀ဦးထက်မနည်း လိုက်ပါလာကြောင်း သတင်းရရှိသည်။

စာတည်း – အေးချမ်း