ကရင်နီတွင် ၂၂ နှစ်ကြာ အပစ်ရပ်ထားသည့် KNSO ကြယ်ဖြူအဖွဲ့က စစ်ကောင်စီကို စစ်ကြေညာ

ပုံအညွှန်း- ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ခဲမဖြူရွာတွင် ကျင်းပခဲ့သည့် KNSO၏ ၁၇ နှစ်မြောက် ငြိမ်းချမ်းရေးနေ့(အပစ်ရပ်သည့်နေ့) အခမ်းအနား

ပုံအညွှန်း- ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ခဲမဖြူရွာတွင် ကျင်းပခဲ့သည့် KNSO၏ ၁၇ နှစ်မြောက် ငြိမ်းချမ်းရေးနေ့(အပစ်ရပ်သည့်နေ့) အခမ်းအနား

ဂျူချန်း

(မဇ္ဈိမ)။ ။ကရင်နီပြည်၊ မော်ချီးဒေသအခြေစိုက် ကြယ်ဖြူအဖွဲ့ဟုလူသိများသည့် ကရင်နီအမျိုးသားစည်း လုံးညီညွတ်ရေးအဖွဲ့(KNSO)က စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ယနေ့ (ဧပြီလ ၁၀ ရက်) ထုတ်ပြန်ကြေညာသည်။

“ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေး(KNSO)အဖွဲ့အစည်းမှ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ တပ်အား ကရင်နီပြည်အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများနှင့်အတူပူးပေါင်းကာ စစ် အာဏာရှင်ကျရှုံးရေးနှင့် အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအထိ ပါဝင် တော် လှန်တိုက်ခိုက်သွားမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြာထားသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၏ ခွဲ ထွက်အဖွဲ့တခုဖြစ်ပြီး ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အစိုးရနှင့်အပစ်ရပ်ကာ ငြိမ်းချမ်းရေးယူ ခဲ့သည်။ အပစ်ရပ်ပြီးနောက် ၂၂ နှစ်အကြာတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်အာဏာရှင် အပါအဝင် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် တော်လှန်တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်းဖြစ်သည်။

စစ်ကောင်စီသည် ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ဌာနချုပ်ရုံးအခြေစိုက်သည့် ခဲမဖြူကျေးရွာ ကို လေကြောင်းမှတိုက်ခိုက်ခြင်း၊ မော်ချီးဒေသရှိ ကျေးရွာများအတွင်းသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခြင်း များလုပ်ဆောင်ခဲ့သဖြင့် စစ်ကောင်စီကိုယ်တိုင် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း KNSO မှ ဖော်ပြထားသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)မှ အကြီးပိုင်းအရာရှိများသည် စစ်ကောင်စီနှင့် ဆက် ဆံရေးကောင်းမွန်သော်လည်း ဖားဆောင်းမြို့တွင်းတိုက်ပွဲ စတင်ဖြစ်ပွားချိန်ဖြစ်သည့် ဖေဖော်ဝါရီလကုန် ပိုင်းတွင် ကြယ်ဖြူအဖွဲ့မှ တပ်သားအချို့သည် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကြယ်ဖြူက တော်လှန်ရေးစဖြစ်ကတည်းက ကူခဲ့တာရှိပါတယ်။ တချို့တိုက်ပွဲတွေမှာလည်း ပူးပေါင်း တိုက်ခိုက်ခဲ့တာ ရှိပါတယ်။ နာမည်မထုတ်ဖော်ဘဲ ၂၀၂၂ ကတည်းကပေါ့နော်။ အခုမှပဲ စစ်ကောင်စီကို တိုက်ခိုက်ကြောင်း တရားဝင်ထုတ်ပြန်တာဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ခံကမဇ္ဈိမကို ပြော သည်။

ပုံအညွှန်း- ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့တွင် ဖားဆောင်းမြို့နယ်၊ ခဲမဖြူရွာတွင် ကျင်းပခဲ့သည့် KNSO၏ ၁၇ နှစ်မြောက် ငြိမ်းချမ်းရေးနေ့(အပစ်ရပ်သည့်နေ့) အခမ်းအနား

“မော်ချီးဂွင်မှာ ကြယ်ဖြူက စီးပွားရေးလုပ်ကြတာရှိတယ်။ ဖားဆောင်းစဖြစ်တော့ သူတို့အဖွဲ့က လက် အောက်ငယ်သားတချို့ ဒီဘက်ကပါတာမျိုးရှိတယ်။ KA နဲ့အတူတူတိုက်ကူတာ။ ကျတာလည်းရှိတာပေါ့ နော်။ စကစနဲ့လည်း သူတို့အကြီးပိုင်းတွေက ပနံသင့်တယ်။ ဒါပေမယ့် သူတို့နေရာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လိုက်၊ လေယာဉ်နဲ့ဗုံးချလိုက်ဆိုတော့ နားရွက်တံတွေးတက်စွတ်တဲ့ပုံစံ အကဲစမ်းနေ တဲ့ပုံစံ ဖြစ်နေတော့ စာထုတ်လိုက်တာလို့ထင်တယ်” ဟု ကရင်နီအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တဦး ကလည်းပြောသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့နှင့် တော်လှန်ရေးလုပ်ငန်းများ လက်တွဲပူးပေါင်းဆောင်ရွက် မှုများရှိကြောင်းလည်း ကရင်နီပြည်ကြားကာလကောင်စီ(IEC)၏အတွင်းရေးမှူး(၂)ဦးဗညားခွန်အောင် ကမဇ္ဈိမကိုပြောသည်။

ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့အခြေစိုက်ရာ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲမဖြူ ကျေးရွာသည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့က လေကြောင်းမှတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီက အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အကျဉ်းချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်း၊ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း စသည့်လုပ်ရပ်များကိုလည်း ကန့်ကွက်ရှုတ်ချ ကြောင်း KNSO က ဆိုထားသည်။

KNSO အခြေစိုက်လှုပ်ရှားသည့် မော်ချီးမြို့ကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မှ ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန် ထားသည်။

စာတည်း။ ။စောဖေ