မြင်းမူတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် တပ်မ(၃၃)မှထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်း-မုံရွာလမ်းပိုင်း မြင်းမူမြို့အဝင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး သွားကြောင်း Moe Nyo Revolution Force (MNRF) အဖွဲ့က ယနေ့ (ဧပြီလ ၁၁ ရက်) သတင်းထုတ်ပြန် သည်။

ဧပြီလ ၁၀ ရက် မွန်းလွဲ ၂ နာရီက မြင်းမူမြို့အဝင်ဆိုင်းဘုတ်အနီးရောက်ရှိလာသည့် စစ်ကောင်စီတပ်သား အပြည့်ပါ တွဲကားနှစ်စီးအား ပေါက်ကွဲအားပြင်း မိုင်းအကြီးဖြင့် ဖောက်ခွဲတိုက်ခဲ့ခြင်းဖြစ်ကြောင်း MNRF အဖွဲ့ခေါင်းဆောင် ကိုမိုးညိုက ပြောသည်။

“သူတို့က လမ်းကြောင်းဆင်းဖို့အတွက် မိုင်းတွေရှင်းထားတာ။ အဲဒါဘယ်သူမှဆွဲလိုမရတဲ့အချိန် မြို့ထဲက နေတက်ပြီးတော့ မိုင်းကိုမမြှုပ်ဘဲ လမ်းမပေါ်တင်ပြီးဆွဲခဲ့တာ ခေါင်းခန်းထဲက နှစ်ယောက်သေတယ်” ဟု ၎င်းကပြောသည်။

တိုက်ခိုက်ခံရလိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး အနီးဝန်း ကျင်မှ ခရီးသွားများကို ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်ခဲ့ကြောင်း ကိုမိုးညိုက ဆိုသည်။

“မြို့အဝင်ဆိုင်းဘုတ်နားကို ကားတွေနဲ့ရောက်လာပြီး ဆိုင်ကယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ် တယ်၊ လမ်းပိတ်ပြီး မိုင်းရှာတာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။

ယခုတိုက်ခိုက်မှုကို Moe Nyo Revolution Force(MNRF)၊ PENTAGRAM ငါးထောင့်ကြယ်၊ ကျောက် ဆည်ခရိုင်တပ်ရင်း(၂)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force (MNRF) က သတင်းထုတ်ပြန်ထားသည်။

စာတည်း။ ။စောဖေ