မြေပုံမြို့နယ်တွင် စစ်ကောင်စီ ရေတပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်ရှောင် အမျိုးသမီးသေဆုံး

ပုံအညွှန်း -​သေဆုံးသွားသည့်စစ်​ရှောင်အမျိုးသမီး

ပုံအညွှန်း -​သေဆုံးသွားသည့်စစ်​ရှောင်အမျိုးသမီး

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ​မြေပုံမြို့နယ်တွင် တိုက်ပွဲမရှိဘဲ စစ်​ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်၍ စစ်​ဘေး​ရှောင်အမျိုးသမီးတဦး​ သေဆုံးသွား​ကြောင်း သိရသည်။

ယ​နေ့ ( ဧပြီလ ၂၀ ရက်) နံနက် ၉ နာရီခန့်က ​ကျောက်ဖြူမြစ်နှင့်နီးသည့် မြေပုံမြို့နယ် ကျွန်းသာယာရွာ၏ အနီး နောင်တော်ကြီး မြစ်ထဲ ရှိ စစ်ကောင်စီ ရေတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုလက်နက်ကြီး ကျည်စသည် စညှင်း ကျေးရွာ ပုဇွန်ဆည်နံ​ဘေးတွင် စစ်ဘေးရှောင်နေသည့် မမေသန္တာ (အသက် ၂၃ နှစ်)၏ ရင်ဘတ်သို့ ထိမှန်၍ နေရာတွင်ပင် သေဆုံးသွားခဲ့​ကြောင်း ​ဒေသခံသတင်းရင်းမြစ်တဦးကမဇ္စျိမကို​ပြောသည်။

“တိုက်ပွဲလည်းမရှိဘဲ မနက် ၆ နာရီထဲက​နေ ၁၂ နာရီအထိ​တောက်​လျှောက်ပစ်​နေတာ။ စစ်​ရှောင်စခန်းမဟုတ်ဘူး ​။ ဒေသခံတချို့ကမြစ်​ချောင်းနံ​ဘေးမှာတဲထိုးပြီး​နေကြတာ​ပေါ့။ နီးစပ်ရာ​ရွာ​တွေ​က ရှောင်ကြတဲ့ပုံစံ​ပေါ့။ စညှင်းကတပ်ကမရှိ​တော့ဘူးဆုတ်သွားပြီ။အခုက ကျွန်းသာယာက ​နေဗွီတပ် (ရေတပ်)ကပစ်တာ၊သင်္ကြန်တွင်းတုန်းကလည်း မနက် ၅ နာရီထဲက​နေ​လာပစ်​နေတာ”ဟု၎င်းက​ပြောသည်။

စစ်​ရေးပစ်မှတ်မဟုတ်သည့် စစ်​​​ဘေး​ရှောင်များ​နေထိုင်ရာတည်​​နေရာကို စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများကဆိုသည်။

ထို့အပြင် စစ်​ကောင်စီသည် အမ်းမြို့နယ် ကဇူးကိုင်းနှင့်​တောဟိန်း​တောင်တို့တွင် AA ရှိနိုင်သည်အထင်ဖြင့် ​လေ​​ကြောင်းမှဗုံးကြဲတိုက်ခိုက်​နေ​ကြောင်းသိရသည်။

လတ်တ​လောအ​ခြေအ​နေအရ အာရက္ခတပ်​​​တော်(AA) သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ်ရှိ ​မြေပုံမြို့နယ်အပါအဝင် မင်းပြား၊​မြောက်ဦးတို့တွင်လည်း စစ်​ကောင်စီက​လေ​ကြောင်းဖြင့်မကြာခဏတိုက်ခိုက်မှုများပြုလုပ်​နေ​ကြောင်းသိရသည်။

ရခိုင်ပြည်နယ်တွင် ငါးလ​ကျော် ကြာမြင့်လာပြီဖြစ်​သော တ​ကျော့ပြန်တိုက်ပွဲသည် လက်ရှိ ​အမ်းမြို့၊ လုံး​ကျေးရွာတွင် ထိ​တွေ့တိုက်ပွဲအနည်းငယ်ဖြစ်ပွား​နေပြီး မောင်​တောမြို့ ခြောက်က်မိုင်နှင့် ဘူးသီး​တောင်တို့တွင် တိုက်ပွဲပြင်းထန်​နေဆဲဖြစ်​ကြောင်း​​ဒေသခံများ၏အဆိုအရသိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး