ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာကို ပရီးမီးယားလိဂ် လွဲချော်

Photo: EPA

By PKThawn

ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် (၅)နေရာ ရရှိရေးအတွက် လွဲချော်ခဲ့ပြီဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်က အင်္ဂါနေ့မှာ ရီးယဲမက်ဒရစ်ကို သရေကျအပြီး ဒေါ့မွန်ကလည်း ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီကို အနိုင်ရရှိခဲ့တာကြောင့် ဂျာမန်တို့ဟာ ဥရောပစွမ်းဆောင်ရည်ဇယားမှာ စုစုပေါင်း ၁၈.၃၅၆ မှတ်ထိ ရရှိခဲ့ပါတယ်။

အက်စတွန်ဗီလာက အိုလံပီယာကို့စ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ နှစ်ကျော့စလုံး အနိုင်ရပြီး ဆုဖလား ဆွတ်ခူးနိုင်ရင်တောင် အင်္ဂလန်က ၁၈.၃၅ ရမှတ်သာရရှိနိုင်ပါတယ်။

ဂျာမနီဟာ အခုအခါ အီတလီနဲ့အတူ လာမယ့်ရာသီပြိုင်ပွဲမှာ (၅)နေရာကို အလိုအလျောက်ရရှိမှာပါ။

တကယ်လို့ ဒေါ့မွန်ဟာ ချန်ပီယံလိဂ် ဗိုလ်စွဲပြီး ဘွန်ဒက်စ်လီဂါမှာ ထိပ်ဆုံးလေးသင်းပြင်ပမှာ ပြီးဆုံးကာ အတ္တလန်တာပဲဖြစ်ဖြစ် ရိုးမားပဲဖြစ်နေနေ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ရင် နှစ်နိုင်ငံစလုံးဟာ ဝင်ခွင့် (၆)နေရာစီရရှိနိုင်ပါတယ်။

ပြိုင်ပွဲနှစ်ခုစလုံးမှ ဗိုလ်စွဲတဲ့အသင်းတွေဟာ နောက်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အလိုအလျောက် ဝင်ခွင့်ရရှိပါတယ်။

ပုံမှန်နည်းလမ်းဖြင့် ပြိုင်ပွဲကို ကလပ်ဘယ်လောက်ပဲ ဝင်ရောက်စေကာမူ အပိုနေရာတွေကို ထည့်သွင်းထားပါတယ်။

ဒေါ့မွန်တို့ဟာ ပြိုင်ပွဲမှာ ဗိုလ်မစွဲခဲ့ရင်တောင် သူတို့ဟာ ဘွန်ဒက်လီဂါမှာ အဆင့် (၅) နေရာမှာ ပြီးဆုံးဖို့ သေချာသလောက်ဖြစ်လို့ ဒီအကျိုးတွေကို ခံစားရပါလိမ့်မယ်။