မြ၀တီတိုက်ပွဲကြောင့် စစ်ရှောင်မြန်မာ ၃,၀၀၀ ခန့် ထိုင်းဘက်မှာ ယာယီခိုလှုံ(ရုပ်သံ)

ကိုရွှေမြိတ်

မဇ္ဈိမ။ ။ မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့ကတိုက်ပွဲတွေကြောင့် မဲဆောက်မြို့ဘက်ကို ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၃,၀၀၀ နီးပါးကို ထိုင်းအစိုးရက ခိုလှုံခွင့်ပေးထားပြီး အကူအညီတွေပေးနေပါတယ်။

စစ်ဘေးရှောင်မြန်မာတွေကို ထိုင်းအာဏာပိုင်တွေက ယာယီစစ်ရှောင်စခန်းလို့ သတ်မှတ်ထားတဲ့ နေရာတွေမှာထားရှိတာပါ။ နေရေးထိုင်ရေးအဆင်မပြေမှုတွေလည်းရှိနေပြီး အကူအညီတွေလိုအပ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ မြန်မာစစ်ရှောင်တွေကို မဲဆောက်မြို့က မြန်မာအသိုင်းအဝိုင်းက နေရာထိုင်ခင်းနဲ့ အစားအသောက်တွေသွားရောက် ကူညီပေးနေတာလည်း ရှိပါတယ်။

ရုပ်သံတင်ဆက်/တည်းဖြတ် – ကိုရွှေမြိတ်