တရုတ်အတွက် သူလျှိုလုပ်မှု စွဲချက်ဖြင့် ဗြိတိန်တွင် လူ ၂ ဦးကို ဖမ်းဆီး

တရုတ်သမ္မတ ရှီကျင့်ဖျင် (photo:AFP)

LATESTLY

ဂျာမနီတွင် လူ ၄ ဦးကို ဖမ်းဆီးပြီး ရက်ပိုင်းမျှအကြာတွင် တရုတ်အတွက် သူလျှိုလုပ်သည်ဟု သံသယရှိသူ နောက်ထပ် ၂ ဦးကို ဗြိတိန်နိုင်ငံ လန်ဒန်တွင် ဖမ်းဆီးလိုက်သည်။ ၎င်း သည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေသည့် ပြဿနာ ဖြစ်ကြောင်း လုံခြုံရေးဆိုင်ရာ ‌ထောက်လှမ်းရေး ကျွမ်းကျင် သူများက ဧပြီ ၂၈ တွင် ပြောကြားကြောင်း Nikkei Asia တွင် ဖော်ပြထားသည်။

လန်ဒန်တွင် စွဲချက်တင်ခံထားရသည့် အမျိုးသား ၁ ဦးသည် ပါလီမန်တွင် သုတေသန ပြုနေသူ ဖြစ်ပြီး တရုတ် ဆန့်ကျင်သော ဗြိတိန်မူဝါဒကို လွှမ်းမိုးနိုင်သည့် နိုင်ငံရေးသမားအများအပြား နှင့်် ထိတွေ့ခဲ့သူ ဖြစ်ကြောင်း အလားတူသတင်းတွင် ဖော်ပြထားသည်။ ဂျာမနီတွင် ဖမ်းဆီးခံရသည့် နောက်ထပ်လူ ၁ ဦးမှာ နိုင်ငံအတွင်း ထင်ရှားသော လက်ယာစွန်းနိုင်ငံရေးပါတီတခုမှ ဥရောပပါလီမန်အဖွဲ့ဝင်တဦး၏ လက်ထောက်ဖြစ်သည်။

ထို့ကြောင့် မကြာသေးမီနှစ်များအတွင်း တရုတ်သူလျှိုများသည် ယူကေမှ ဂျာမနီ၊ နယ်သာလန်နှင့် ဘယ်လ်ဂျီယံတို့အထိ ဥရောပသမဂ္ဂနိုင်ငံများတွင် လှုပ်ရှားခဲ့ကြပြီး အဆင့်မြင့်ရုံးများ အထိ ဝင်ထွက်ခဲ့ကြသည်။

အထူးသဖြင့် ဂျာမနီအဓိပတိ အိုလဗ် စကော့လ်ဇ် သည် မကြာသေးမီက တရုတ် သို့ သွားရောက်ခဲ့ပြီး ဂျာမနီ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ပတ်သက်၍ သဘောတူညီချက်အချို့ ပြုလုပ်ပြီးနောက် ရက်ပိုင်းအတွင်း အဆိုပါဖမ်းဆီးမှုဖြစ်ခဲ့သောကြောင့် ၎င်း သည် အရေးကြီးသော သတင်း ဖြစ်လာသည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် သည် လာမည့် သီတင်းပတ်များအတွင်း ပဲရစ်၊ ဘူဒါပတ်နှင့် ဘယ်ဂရိတ်သို့ သွားရောက်မည် ဖြစ်ပြီး ဥရောပခေါင်းဆောင်များအတွက် ခက်ခဲသော ဆက်ဆံရေး ချိန်ခွင်လျှာကို ညွှန်ပြနေကြောင်း Nikkei Asia က ဖော်ပြသည်။

သို့သော် ဂျာမနီနှင့် လန်ဒန်ရှိ တရုတ်သံရုံးများက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး ၎င်းတို့သည် တရုတ်၏ နိုင်ငံတကာ ပုံရိပ်ကို ကျဆင်းစေရန် ကြိုးပမ်းမှု ဖြစ်ကြောင်း ဆိုသည်။ “အစိုးရများသည် တရုတ် ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်” ဆိုသည့် အချက်မှာ ရှုပ်ထွေးနေကြောင်း နှင့် တရုတ်၏ စီးပွားရေးအင်အားကို အခြေခံပြီး စီးပွားရေးအကျိုးဆက်များ ရှိလာနိုင်သောကြောင့် ၎င်း မှာ ခက်ခဲနေကြောင်း Antwerp တက္ကသိုလ်မှ ထောက်လှမ်းရေးနှင့် လုံခြုံရေး ပါမောက္ခ ကနစ်သ် လာစွန် ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတပုဒ်တွင် ဖော်ပြထားသည်။

အဆိုပါကိစ္စသည် နှစ်ပေါင်းများစွာတွင် ပြင်းပြင်းထန်ထန် အရေးကြီးခဲ့ကြောင်း ကျွမ်းကျင်သူ အဲရစ်ချ် ချက်စမစ်သ် အန်ဘွန်း က ဆိုသည်။ ဂျာမနီတွင် မကြာသေးမီက ဖမ်းဆီးမှုများသည် အရေးကြီးသော ပြဿနာများ နှင့် ရင်ဆိုင်နေရသည်ကို ဖုံးကွယ်မထားသင့်ပေ။ ထို့ပြင် လူသားရင်းမြစ် ကို အသုံးပြုသော တရုတ်စစ်ဆင်ရေးများအပြင် တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာနနှင့် စစ်ထောက်လှမ်းရေးဌာနတို့၏ နည်းပညာဆိုင်ရာ ထောက်လှမ်းမှု အရည်အသွေးမှာလည်း ကြီးထွားလာနေသည်။

တရုတ်သည် နယ်သာလန်ကို ခြိမ်းခြောက်နေသည့် အကြီးမားဆုံး ဆိုက်ဘာခြိမ်းခြောက်မှုများ ထဲမှ တခုဖြစ်ကြောင်း ဒတ်ခ်ျထောက်လှမ်းရေးအေဂျင်စီ AIVD က ဧပြီ ၂၃ က ဖော်ထုတ်ခဲ့သည်။ တရုတ်ထောက်လှမ်းရေးများသည် ကမ္ဘာ့နိုင်ငံများတွင် နိုင်ငံရေးနှင့် စက်မှုဆိုင်ရာ လုပ်ငန်းများ၌ သတင်းရယူရန် နိုင်ငံတကာ သတင်းအချက်အလက် ဆက်သွယ်ရေး ကွန်ယက် အသိုင်းအဝန်း (Cyberspace) ကို ၎င်းတို့၏ အဓိကတံခါးပေါက်အဖြစ် အသုံးပြု၍ သူလျှိုလုပ်ငန်း လုပ်ဆောင်နေကြောင်း ယခုနှစ်အစောပိုင်းတွင် နော်ဝေးထောက်လှမ်းရေးဌာနမှ ပြောကြားခဲ့သည်။ ထို့အပြင် LinkedIn ကဲ့သို့ လူမှုကွန်ရက် ပလက်ဖောင်းများမှတစ်ဆင့် သတင်းအချက်အလက်ရယူရန် တရုတ်အေးဂျင့်များက ယူကေတစ်ခုတည်းတွင်ပင် လူပေါင်း ၂၀၀၀၀ ကျော်ထံ ချဉ်းကပ်ခဲ့သည်ဟု ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲက ခန့်မှန်းကြောင်း Nikkei Asia က ဖော်ပြသည်။

နိုင်ငံရေး၊ နည်းပညာ၊ ပညာရေး နှင့် လူစုလူဝေး ဖြင့် စိမ့်ဝင်ခြင်း ဖြစ်ကြောင်း အချို့က ဆိုသည်။ တရုတ်သည် ၎င်း၏ ရွေးကောက်ခံခေါင်းဆောင်များမှတဆင့် ဥရောပ၏ နိုင်ငံရေးလုပ်ငန်းစဉ်များကို ကြိုးကိုင်ရန် ကြိုးပမ်းနေပြီး ယခု အချိန်အတော်ကြာအောင် အကောင်အထည်ဖော်ရန် ရည်ရွယ်ထားသည့် ကမ္ဘာ့အစီအစဉ်သစ်တရပ်ကို ဖန်တီးလျက်ရှိသည်။ “သူတို့က ဥရောပနဲ့ အမေရိကန်ကို ခွဲထုတ်ပြီး အောင်နိုင်ရေး ဗျူဟာကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်” ဟု အတ္တလန်တိတ်ကောင်စီမှ အမေရိကန် တွေးခေါ်ပညာရှင် အငြိမ်းစား ထောက်လှမ်းရေး အရာရှိဟောင်း နီကိုးလပ်စ် အက်တီမီဒက်စ်က ပြောကြားသည်။

“လွန်ခဲ့တဲ့ ၁၀ နှစ် ကထက် ယခုအချိန်မှာ ယူကေနှင့် ဥရောပ သမ္မဂ နိုင်ငံတွေများ တရုတ် ရဲ့ မူဝါဒ တွေကို အခြေအတင် ဆွေးနွေးနေကြပြီ” ဟု “Chinese Communist Espionage: An Intelligence Primer” ပူးတွဲရေးသားသူ မက်သရူး ဘရာဇေး က ဆိုကြောင်း Nikkei Asia က ဖော်ပြသည်။

“ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ လှုပ်ရှားမှုတွေကို အမေရိကန်နဲ့ အာရှနိုင်ငံတွေက NATO နှင့် မပတ်သက်ဘဲ ကန့်ကွက်နေတာ မကောင်းဘူး” ဟု ဝါရှင်တန်အခြေစိုက် Jamestown Foundation မှ ကွန်ဆာဗေးတစ် ပညာရှင် တဦးဖြစ်သည့် ဘရာဇီးလ်က ပြောကြားသည်။

လွန်ခဲ့သည့် သီတင်းပတ်က ဂျာမနီတွင် ဖမ်းဆီးခံရသည့် ၃ ဦးအား တရုတ် သို့ စစ်ဘက်ဆိုင်ရာ နည်းပညာများ ရောင်းချရန် ကြိုးပမ်းသည်ဟု သံသယရှိခဲ့သည်။ ဥရောပသည် တရုတ်၏ စီးပွားရေးကို လိုအပ်ပြီး တရုတ်သည်လည်း ၎င်း ၏ အားနည်းသော ပြည်တွင်းစီးပွားရေး အခြေအနေ နှင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာနေချိန်တွင် ကုန်သွယ်ရေးမိတ်ဖက်များနှင့် မိတ်ဆွေများ လိုအပ်ကြောင်း ဆိုသည်။

အဖမ်းခံရသူများသည် တရုတ် နိုင်ငံသားများ မဟုတ်သောကြောင့် တရုတ် က အရေးယူဆောင်ရွက်ရန် မလိုကြောင်း နှင့် “တရုတ်အစိုးရအနေဖြင့် ၎င်း တို့အတွက် ရပ်တည်ပေးရန် အကြောင်းပြချက် မလို” ကြောင်း Munich Business School မှ အာရှ-ပစိဖိတ် စီးပွားရေးလေ့လာရေး ပါမောက္ခ ခရစ်တင်း ချက်စမစ်သ်ကွန့် က ဆိုသည်ဟု Nikkei Asia က ဖော်ပြသည်။