“PDF တွေ၊ CDF ‌တွေကို ကုတယ်ဆိုတာထက် ပြည်သူကို အဓိက ဦးစားပေးတဲ့ ဆေးရုံဖြစ်တယ်”

ဝမ္မသူးတိုက်နယ်ဆေးရုံ တိုက်ခိုက်ခံရမှု ကိုယ်တိုင်ကြုံခဲ့ရသူ ကျန်းမာရေးဝန်ထမ်း ပြောပြချက်

မဇ္ဈိမ

ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ ဝမ္မသူးတိုက်နယ်ဆေးရုံကို စစ်ကောင်စီလေတပ်က ၂၀၂၄ခုနှစ် ဧပြီ ၂၅ ရက်ည ၈နာရီ၁၅ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး သေဆုံးသူ အမျိုးသား ငါးဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဝမ္မသူးတိုက်နယ်ဆေးရုံကို နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းတဦး ပြောပြချက်ကို ကြည့်ရှုလိုက်ရအောင်ပါ။